【 နည်းပညာ 】 ဘိုင်ဒန်ရဲ့ လူမှုကွန်ယက်တွေ လူသတ်နေတယ်ဆိုတဲ့ ဝေဖန်မှုကို Facebook တုံ့ပြန်

【 နည်းပညာ 】 ဘိုင်ဒန်ရဲ့ လူမှုကွန်ယက်တွေ လူသတ်နေတယ်ဆိုတဲ့ ဝေဖန်မှုကို Facebook တုံ့ပြန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က Facebook နှင့် လူမှုကွန်ယက်တွေဟာ သတင်းအမှားတွေနဲ့ လူတွေကိုသတ်နေတယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

စနေနေ့မှာတော့ Facebook ကုမ္ပဏီဘက်က ဘိုင်ဒန် ကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး ကာကွယ်ဆေးထိုးခြင်းထက် ၎င်းတို့လူမှုကွန်ယက်ပေါ်က သတင်းတွေက ပိုမိုထိရောက်တယ်ဆိုပြီး ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ တစ်ခုတည်းသော ကပ်ရောဂါက ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေမှာရှိတယ်။သူတို့ (လူမှုကွန်ယက်တွေက) လူသတ်နေတာပဲ" လို့ ဘိုင်ဒန် က ပြောကြားခဲ့တာဖြစ်ပါတယ်။

Facebook ကုမ္ပဏီဘက်ကတော့ ဘိုင်ဒန်ရဲ့ ပြစ်တင်ဝေဖန်မှုအပေါ် သဘောမတူခဲ့ပဲ "လူပေါင်း ၂ ဘီလီယံလောက်ဟာ ကာကွယ်ဆေးအလုပ်လုပ်ပုံ သိပ္ပံပညာကို လူမှုကွန်ယက်ပေါ်မှာ လေ့လာကြည့်ရှုကြပြီး၊ ၃.၃ သန်းကျော်ရှိသော အမေဂိကန်တွေဟာ လူမှုကွန်ယက်ရဲ့ vaccinations finder tool (ကာကွယ်ဆေးရှာဖွေကိရိယာ) ကို အသုံးပြုခဲ့ကြတယ်" လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

စနေနေ့တွင် ထုတ်ပြန်တဲ့ Carnegie Mellon တက္ကသိုလ်နှင့် မေရီလန်းတက္ကသိုလ်တို့ရဲ့ အကူအညီဖြင့် စုဆောင်းထားတဲ့ အချက်အလက်တွေအရ "ကာကွယ်ဆေးလက်ခံမှု" ကို မြှင့်တင်ရန် ကြိုးပမ်းမှု၌ ဘိုင်ဒန်အစိုးရထက် လူမှုကွန်ယက်တွေက ပိုမိုသာလွန်တယ်လို့ သိရပါတယ်။

Facebook ကုမ္ပဏီရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဂိုင်း ရိုဆန်ကတော့ "အချက်အလက်တွေအရ Facebook သုံးစွဲသူ အမေရိကန် ၈၅ ရာခိုင်နှုန်းဟာ ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးထိုးချင်တယ်လို့ ဆိုခဲ့ကြောင်း" ပြောကြားခဲ့ပါတယ်။ "သမ္မတ ဘိုင်ဒန်ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန် ၇၀ ရာခိုင်နှုန်းကို ဇူလိုင် ၄ ရက်နေ့အတွင်း ကာကွယ်ဆေးထိုးနှံပေးရန်ဖြစ်ပါတယ်။ဒီရည်မှန်းချက် လွဲချော်မှုဟာ Facebook က အကြောင်းပြချက်မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါသေးတယ်။

ဘိုင်ဒန်အစိုးရကတော့ ဇူလိုင် ၄ ရက်နေ့အတွင်း အမေရိကန် ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးရန် ရည်မှန်းချက်ကို လွဲချော်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး၊ ၆၇ ရာခိုင်နှုန်းသာ ထိုးနှံနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Damien
ဇူလိုင် - ၁၈