【 နည်းပညာ 】 မာ့ခ် ဇူကာဘတ်ရဲ့ ပထမဆုံး Metaverse ကမ္ဘာမှာ နေထိုင်သူများရှိနေပြီဖြစ်

【 နည်းပညာ 】 မာ့ခ် ဇူကာဘတ်ရဲ့ ပထမဆုံး Metaverse ကမ္ဘာမှာ နေထိုင်သူများရှိနေပြီဖြစ်

Facebook တည်ထောင်သူ မာ့ခ် ဇူကာဘတ်ရဲ့ Metaverse ကမ္ဘာဟာ Facebook နဲ့ ခပ်ဆင်ဆင်တူညီပေမယ့် အသုံးပြုသူများ ပေါင်းသင်းဆက်ဆံနိုင်မယ့် လူမှုဆက်ဆံရေးနေရာတစ်ခုဖြစ်ပါတယ်။

Meta ကုမ္ပဏီရဲ့ Metaverse ကမ္ဘာမှာတော့ အသုံးပြုသူများဟာ ၎င်းတို့ကိုယ်တိုင် ရုပ်ပွားများကို ဒီဇိုင်းထုတ်နိုင်မှာဖြစ်ပါတယ်။

Metaverse ကမ္ဘာအတွင်း ဝင်ရောက်နေထိုင်သူများဟာ သူငယ်ချင်းများ၊ သူစိမ်းများနဲ့ စကားပြောဆိုမိတ်ဖွဲ့နိုင်မှာဖြစ်ပြီး၊ ဂိမ်းများလည်း ကစားနိုင်ကာ၊ ထူးဆန်းတဲ့ virtual (ပုံရိပ်‌ရောင်) တည်နေရာများကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ လူမှုဆက်ဆံရေးဆော့ဖ်ဝဲလ် (Social app) ကို Meta Quest လို့ခေါ်တဲ့ ခေါင်းတွင်ဝတ်ဆင်ရတဲ့ headset နဲ့သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ယခင်က Oculus Quest လို့ အမည်ပေးထားခဲ့ပေမယ့် မိခင်ကုမ္ပဏီအမည်ကို Facebook မှ Meta သို့ ပြောင်းလဲလိုက်တဲ့အခါမှာ Meta Quest အဖြစ် အမည်ပြောင်းလဲခဲ့ဝာာဖြစ်ပါတယ်။

Meta ရဲ့ Horizon Worlds ကို ဒီဇင်ဘာလအစောပိုင်းမှာ ဖြန့်ချိခဲ့ပြီး၊ Meta ရဲ့ အဆိုအရ ထိုအချိန်မှစပြီး အသုံးပြုသူအခြေခံဟာ ဆယ်ဆတိုးလာတယ်လို့ သိရပါတယ်။

VR, augmented reality နဲ့ metaverse - ပုံရိပ်ရောင်ကမ္ဘာများဟာ Facebook ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသော နယ်ပယ်များဖြစ်ပါတယ်။ Facebook မှ Metaverse ကို တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထလျက်ရှိပါတယ်။

ကုမ္ပဏီမှ Metaverse မှာ အလုပ်လုပ်ကိုင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၁၀,၀၀၀ ကို ငှားရမ်းမည့် အစီအစဉ်ကိုလည်း မကြာသေးမီက ကြေညာခဲ့ပါတယ်။

"ဒါက မျက်နှာပြင်တွေပေါ်မှာ အချိန်ကုန်တာ မဟုတ်ပါဘူး၊ အဲတာဟာ ကျနော်တို့ သုံးစွဲပြီးသား အချိန်တွေကို ပိုကောင်းအောင်လုပ်ဖို့ပါပဲ" ဟု Meta ကုမ္ပဏီရဲ့ ပိုင်ရှင် မာ့ခ် ဇူကာဘတ် က ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Damien
Ref - thesun
ဖေဖော်ဝါရီ - ၂၁