【 နည်းပညာ 】 မိန်းကလေးများရဲ့ webcam ကို ဖောက်ထွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ

【 နည်းပညာ 】 မိန်းကလေးများရဲ့ webcam ကို ဖောက်ထွင်းခဲ့တဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ

အသက် ၃၂ အရွယ်ရှိ ရောဘတ် ဒေးဗီးစ်ဟာ အွန်လိုင်းပရိုဖိုင်အတုများကို အသုံးပြုပြီး ၎င်းသားကောင်များကို လှည့်စားကာ စက်ပစ္စည်းများကို malware ကူးစက်စေခဲ့ပါတယ်။

နော်တင်ဟမ်မှ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဖြစ်သူ ဒေးဗီးစ်ဟာ ကလေးသူငယ်နဲ့ အရွယ်ရောက်ပြီးသူများရဲ့ မဖွယ်မရာပုံများကို ဖောက်ထွင်းရယူကာ လျှို့ဝှက်သိမ်းဆည်းထားသူဖြစ်ပါတယ်။

မိန်းကလေးတစ်ဦးဟာ ရေချိုးရန်အတွက် အဝတ်အစားများချွတ်ကာ ပြင်ဆင်နေတာကို ၎င်းရဲ့ webcam ကနေတစ်ဆင့် သူစိမ်းတစ်ဦးကြည့်ရှုနေတာကို သတိထားမိခဲ့မှာ မဟုတ်ပါဘူး။

အရာရှိများက ဒေးဗီးစ်ရဲ့ ကွန်ပျူတာကို စစ်ဆေးခဲ့ရာမှာ ကလေးသူငယ်များရဲ့ မဖွယ်မရာပုံများနဲ့ ဗီဒီယို ၂၇ ခုကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒေးဗီးစ်အနေနဲ့ သားကောင်များနဲ့ ဆက်ဆံရေးတည်ဆောက်ရန် စာတိုပေးပို့တဲ့ ဆော့ဖ်ဝဲလ်များကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ နှစ်ပေါင်းများစွာ ဟန်ဆောင်ကာ မိန်းကလေးများကို လှည့်စားခဲ့သူဖြစ်ပါတယ်။

အမျိုးသားရာဇဝတ်မှုအေဂျင်စီ (NCA) မှ ခိုးယူထားသော လျှို့ဝှက်အထောက်အထားများကို ရောင်းချလေ့ရှိတဲ့ weleakinfo အမည်ရ အွန်လိုင်းဈေးကွက်ကို ဝင်ရောက်စစ်ဆေး အသုံးပြုပြီး‌နောက် ၂၀၁၉ ခုနှစ်မှာ ဒေးဗီးစ် ကို သတိပြုမိခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူများက တုန်လှုပ်ခြောက်ခြားနေတဲ့ သားကောင်ဖြစ်ခဲ့ရသူ ၃၀ ကျော်ကို စုံစမ်းစစ်ဆေးခဲ့ရာမှာ သားကောင်များထဲမှ အချို့ဟာ ဒေးဗီးစ်နဲ့ သိကျွမ်းသူများဖြစ်တာကို မြင်တွေ့ခဲ့ရပါတယ်။

"ဆိုက်ဘာရာဝဇတ်မှုမှာ အသုံးပြုသည့် ကိရိယာအဖြစ်သာ ဖော်ပြနိုင်တဲ့အရာကို ဒေးဗီးစ် က စုဆောင်းခဲ့တယ်" လို့ အမျိုးသားရာဇဝတ်မှုအေဂျင်စီ (NCA) မှ မန်နေဂျာ အန်ဒရူး ရှော‌ရော့ခ် က ဆိုပါတယ်။

"သူ ‌(ဒေးဗီးစ်) ဟာ လူတွေရဲ့ စက်ပစ္စည်းတွေကို ဖောက်ထွင်းဝင်ရောက်ဖို့ ကိရိယာတွေကို အသုံးပြုခဲ့တာမဟုတ်ပါဘူး၊ သူဟာ သူ့ရဲ့သားကောင်တွေကို စူးစမ်းဖို့နဲ့ သူ့ကိုယ်သူ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရရန် သားကောင်တွေရဲ့ ကိုယ်လုံးတီးပုံတွေကို‌ ဖောက်ထွင်းခဲ့တာဖြစ်ပါတယ်၊ ပိုပြီးစိတ်ပျက်ဖွယ်ကောင်းတာက သူ့ရဲ့‌သားကောင်တွေထဲမှာ ဆယ်ကျော်သက်အရွယ်လည်းပါဝင်ပြီး၊ သူ့ရဲ့ ကွန်ပျူတာထဲမှာလည်း ကလေးသူငယ်တွေရဲ့ မဖွယ်မရာဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်းထားတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်" လို့ အန်ဒရူး ရှောရော့ခ် က ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဒေးဗီးစ် က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး နော်တင်ဟမ် ခရောင်း တရားရုံးမှ ဒေးဗီးစ် ကို ထောင်ဒဏ် ၂ နှစ် ၂ လ ချမှတ်ခဲ့ပါတယ်။

Damien
‌ဇန်နဝါရီ - ၁၄