【 နည်းပညာ 】 မိမိကိုယ်တိုင် ကာကွယ်သွားနိုင်မယ့် မျက်နှာဖုံးကို Huami တီထွင်နေ

【 နည်းပညာ 】 မိမိကိုယ်တိုင် ကာကွယ်သွားနိုင်မယ့် မျက်နှာဖုံးကို Huami တီထွင်နေ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi အတွက် Amazfit တံဆိပ် ကျန်းမာရေး စမတ်နာရီတွေ၊ လက်ပတ်တွေ ထုတ်လုပ်ပေးနေတဲ့ Huami ကုမ္ပဏီမှ မိမိကိုယ်တိုင် ကာကွယ်သွားနိုင်မယ့် Mask မျက်နှာဖုံးတစ်မျိုးကို တီထွင်နေတယ်လို့ သိရပါတယ်။

“Aeri” လို့ အမည်ပေးထားမယ့် Mask မျက်နှာဖုံးမှာ ပိုးသတ်တာ၊ ရှင်းလင်းသန့်စင်ပေးတာနဲ့ ဝတ်ဆင်ထားသူကို ကာကွယ်ပေးတာတွေလို နည်းပညာတွေ ပါဝင်လာမယ့်လို့လည်း ဆိုပါတယ်။

ယခုလတ်တလော ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီးရန် နည်းပညာကုမ္ပဏီကြီးတွေကလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးနေကြတာ  မြင်တွေ့ရပါတယ်။ Huami မှလည်း Covid-19 ရောဂါကို ကာကွယ်တားဆီးနိုင်ဖို့အတွက် “Aeri” အမည်ရ နည်းပညာမြင့် Mask မျက်နှာဖုံးတစ်မျိုးကို တီထွင်နေတယ်လို့ TechCrunch သတင်းအရ သိရပါတယ်။အဆိုပါမျက်နှာဖုံးဟာ သာမန်မျက်နှာဖုံးမျိုးမဟုတ်ပဲ စွမ်း‌ဆောင်ရည်မြင့် နည်းပညာတွေကို ထည့်သွင်းထားမယ် ဆိုပါတယ်။

Huami ရဲ့ Aeri မျက်နှာဖုံးမှာ ဗိုင်းရပ်စ်ပိုးတွေ သတ်ဖို့အတွက် ultraviolet (UV) lights ခရမ်းလွန်ရောင်ခြည် နည်းပညာကို တစ်ပါတည်းထည့်သွင်းပေးထားမှာပါ။မျက်နှာဖုံးမှာ ပါဝါချိတ်ဆက်လိုက်ပြီဆိုတာနဲ့ ultraviolet (UV) lights က မျက်နှာဖုံးမှာ ကပ်တွယ်နေမယ့် ဗိုင်းရပ်စ်ပိုးတွေကို ၁၀ မိနစ်အတွင်း ရှင်းလင်းဖယ်ရှားသွားမှာ ဖြစ်ပါတယ်။မျက်နှာဖုံးရဲ့ စစ်ထုတ်နိုင်မှုကို N95 မျက်နှာဖုံး အဆင့်အတန်းနဲ့ ပြုလုပ်ထားပြီး N95 Mask ထက် အချိန်ပိုကြာကြာ အသုံးခံရမယ်လို့ ဆိုပါတယ်။ဒါ့အပြင် မျက်နှာဖုံးမှာပါဝင်တဲ့ စစ်ထုတ်ကိရိယာဟာလည်း လဲလှယ်အသုံးပြုနိုင်ဦးမှာပါ။

Aeri မျက်နှာဖုံးရဲ့ အတည်မပြုနိုင်သေးတဲ့ ပုံကြမ်းအရ ထွင်းဖောက်မြင်နိုင်တဲ့ဒီဇိုင်းကို မြင်တွေ့ရပြီး၊ ပါဝါချိတ်ဆက်ဖို့အတွက်တော့ USB အပေါက်ကို ထည့်သွင်းပေးထားတာပါ။ဒါ့အပြင် မျက်နှာဖုံး အတွင်း၊ အပြင်တွေကိုလည်း ကိုယ်တိုင်သန့်ရှင်းနိုင်မယ်လို့ သိရပါတယ်။

Huami ရဲ့ Aeri မျက်နှာဖုံး ထွက်ရှိလာဖို့ကတော့ အချိန်တစ်ခု လိုအပ်နေဦးမှာပါ။ Huami ဘက်ကတော့ တရုတ်အစိုးရ ဆေးဘက်ဆိုင်ရာ အကြံပေးနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Damien
( Zawgyi )
တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi အတြက္ Amazfit တံဆိပ္ က်န္းမာေရး စမတ္နာရီေတြ၊ လက္ပတ္ေတြ ထုတ္လုပ္ေပးေနတဲ့ Huami ကုမၸဏီမွ မိမိကိုယ္တိုင္ ကာကြယ္သြားႏိုင္မယ့္ Mask မ်က္ႏွာဖုံးတစ္မ်ိဳးကို တီထြင္ေနတယ္လို႔ သိရပါတယ္။

“Aeri” လို႔ အမည္ေပးထားမယ့္ Mask မ်က္ႏွာဖုံးမွာ ပိုးသတ္တာ၊ ရွင္းလင္းသန႔္စင္ေပးတာနဲ႔ ဝတ္ဆင္ထားသူကို ကာကြယ္ေပးတာေတြလို နည္းပညာေတြ ပါဝင္လာမယ့္လို႔လည္း ဆိုပါတယ္။

ယခုလတ္တေလာ ကမာၻအႏွံ႔ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ Covid-19 ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္တားဆီးရန္ နည္းပညာကုမၸဏီႀကီးေတြကလည္း ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန အကူအညီေပးေနၾကတာ  ျမင္ေတြ႕ရပါတယ္။ Huami မွလည္း Covid-19 ေရာဂါကို ကာကြယ္တားဆီးႏိုင္ဖို႔အတြက္ “Aeri” အမည္ရ နည္းပညာျမင့္ Mask မ်က္ႏွာဖုံးတစ္မ်ိဳးကို တီထြင္ေနတယ္လို႔ TechCrunch သတင္းအရ သိရပါတယ္။အဆိုပါမ်က္ႏွာဖုံးဟာ သာမန္မ်က္ႏွာဖုံးမ်ိဳးမဟုတ္ပဲ စြမ္း‌ေဆာင္ရည္ျမင့္ နည္းပညာေတြကို ထည့္သြင္းထားမယ္ ဆိုပါတယ္။

Huami ရဲ႕ Aeri မ်က္ႏွာဖုံးမွာ ဗိုင္းရပ္စ္ပိုးေတြ သတ္ဖို႔အတြက္ ultraviolet (UV) lights ခရမ္းလြန္ေရာင္ျခည္ နည္းပညာကို တစ္ပါတည္းထည့္သြင္းေပးထားမွာပါ။မ်က္ႏွာဖုံးမွာ ပါဝါခ်ိတ္ဆက္လိုက္ၿပီဆိုတာနဲ႔ ultraviolet (UV) lights က မ်က္ႏွာဖုံးမွာ ကပ္တြယ္ေနမယ့္ ဗိုင္းရပ္စ္ပိုးေတြကို ၁၀ မိနစ္အတြင္း ရွင္းလင္းဖယ္ရွားသြားမွာ ျဖစ္ပါတယ္။မ်က္ႏွာဖုံးရဲ႕ စစ္ထုတ္ႏိုင္မႈကို N95 မ်က္ႏွာဖုံး အဆင့္အတန္းနဲ႔ ျပဳလုပ္ထားၿပီး N95 Mask ထက္ အခ်ိန္ပိုၾကာၾကာ အသုံးခံရမယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ မ်က္ႏွာဖုံးမွာပါဝင္တဲ့ စစ္ထုတ္ကိရိယာဟာလည္း လဲလွယ္အသုံးျပဳႏိုင္ဦးမွာပါ။

Aeri မ်က္ႏွာဖုံးရဲ႕ အတည္မျပဳႏိုင္ေသးတဲ့ ပုံၾကမ္းအရ ထြင္းေဖာက္ျမင္ႏိုင္တဲ့ဒီဇိုင္းကို ျမင္ေတြ႕ရၿပီး၊ ပါဝါခ်ိတ္ဆက္ဖို႔အတြက္ေတာ့ USB အေပါက္ကို ထည့္သြင္းေပးထားတာပါ။ဒါ့အျပင္ မ်က္ႏွာဖုံး အတြင္း၊ အျပင္ေတြကိုလည္း ကိုယ္တိုင္သန႔္ရွင္းႏိုင္မယ္လို႔ သိရပါတယ္။

Huami ရဲ႕ Aeri မ်က္ႏွာဖုံး ထြက္ရွိလာဖို႔ကေတာ့ အခ်ိန္တစ္ခု လိုအပ္ေနဦးမွာပါ။ Huami ဘက္ကေတာ့ တ႐ုတ္အစိုးရ ေဆးဘက္ဆိုင္ရာ အႀကံေပးနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔လည္း ဆိုပါတယ္။

Damien