【 နည်းပညာ 】 မုန်တိုင်းကြောင့် SpaceX ရဲ့ အင်တာနက်ဂြိုဟ်တုများ ပျက်ဆီးခဲ့

【 နည်းပညာ 】 မုန်တိုင်းကြောင့် SpaceX ရဲ့ အင်တာနက်ဂြိုဟ်တုများ ပျက်ဆီးခဲ့

အီလွန် မက်စ်ရဲ့ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု Starlink ဟာ ကြီးမားသောထိုးနှက်မှုကို ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က လွှတ်တင်ခဲ့တဲ့ Starlink ဂြိုဟ်တု ၄၉ လုံးအနက် ၄၀ ခန့်ဟာ ဘူမိသံလိုက်မုန်တိုင်းကြောင့် ပျက်ဆီးခဲ့ဖွယ်ရှိတယ်လို့ SpaceX ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

ဘူမိသံလိုက်မုန်တိုင်းရဲ့ ဆွဲငင်‌အားကြောင့် Starlink ဂြိုဟ်တု ၄၀ ခန့်ဟာ ဦးတည်ရာသို့မရောက်ဘဲ ကမ္ဘာ့လေထုအတွင်းမှာပဲ လောင်ကျွမ်းသွားဖွယ်ရှိပါတယ်။

SpaceX ကုမ္ပဏီအနေနဲ့ မကြာသေးမီက ဂြိုဟ်တုလွှတ်တင်ရေးမှတ်တိုင် ၂၀,၀၀၀ ကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် နောက်ထပ် ဂြိုဟ်တုအရေအတွက် ၁၂,၀၀၀ ခန့်ကို ထပ်မံလွှတ်တင်ရန် စီစဉ်ထားလျက်ရှိပါတယ်။လွှတ်တင်မှုများထဲမှ ဂြိုဟ်တု ၄၀ ကို ဆုံးရှုံးခဲ့ရပေမယ့် SpaceX အတွက် အလွန်ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာဖို့တော့ မရှိပါဘူး။

SpaceX ဘက်ကတော့ "သောကြာနေ့မှာ မမျှော်လင့်ဘဲ ဘူမိသံလိုက်မုန်တိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ဖြန့်ကျက်ထားသော ဂြိုဟ်တုများ ထိခိုက်ခဲ့ရပြီး၊ မုန်တိုင်းဟာ ဖြန့်ကျက်မှုနိမ့်သောနေရာများမှာ လေထုကိုပူနွေး‌စေပြီး လေထုသိပ်သည်းဆကို တိုးမြင့်လာစေပါတယ်။ဒါ့အပြင် လေထုကိုလည်း ဆွဲငင်အားတွေဖြစ်ပေါ်စေပါတယ်" ဟု ဖော်ပြခဲ့ပါတယ်။

ဘူမိသံလိုက်မုန်တိုင်း Starlink ဂြိုဟ်တုများကို ရိုက်ခတ်စဉ်မှာ SpaceX အနေနဲ့ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်ခဲ့ပေမယ့်လည်း ဖြန့်ကျက်ထားတဲ့ ဂြိုဟ်တု ၄၀ ခန့်ဟာ လေထုအတွင်းမှာပဲ လောင်ကျွမ်းသွားခဲ့ပါတယ်။

Damien
Ref - theverge
ဖေဖော်ဝါရီ - ၁၁