【 နည်းပညာ 】 မောင်းသူမဲ့ တူးဖော်ရေး စက်ယန္တယားကို ဆွစ်ဇာလန်ကုမ္ပဏီ မိတ်ဆက်ပြသ

【 နည်းပညာ 】 မောင်းသူမဲ့ တူးဖော်ရေး စက်ယန္တယားကို ဆွစ်ဇာလန်ကုမ္ပဏီ မိတ်ဆက်ပြသ

ဇူးရစ်၊ နိုဝင်ဘာ - ၂၆
 
ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုက မောင်းသူမဲ့ တူးဖော်ရေး စက်ယန္တယားကို မိတ်ဆက်ပြသလိုက်တယ်လို့ သိရပါတယ်။
 
ကမ္ဘာတစ်ဝန်း မောင်းသူမဲ့ မော်တော်ကားတွေကို အပြိုင်အဆိုင် မိတ်ဆက်ပြသနေချိန်မှာ ဆွစ်ဇာလန်ကုမ္ပဏီကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးဝင်မယ့် မောင်းသူမဲ့ တူးဖော်ရေး စက်ယန္တယားကို မိတ်ဆက်ပြခဲ့တာဖြစ်ပါတယ်။
 
Federal Institute of Technology (ETH) က သုတေသီတွေက မောင်းသူမဲ့ တူးဖော်ရေး စက်ယန္တယားကို တီထွင်ဖန်တီးခဲ့တာပါ။အဆိုပါစက်ယန္တယားကို (HEAP) လို့ အမည်ပေးထားပြီး ကျောက်တုံးတွေရဲ့ အရွယ်အစားနဲ့ ပုံစံတွေကို အကဲဖြတ်နိုင်မှဖြစ်သလို၊ ကျောက်တုံးတစ်ခုချင်းစီကို အကောင်းဆုံးနေရာချပေးရမယ့် တည်နေရာကိုလည်း ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
 
HEAP က အာရုံခံကိရိယာတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်က 3D မြေပုံကို အလိုလျောက်ရေးဆွဲနိုင်မှာဖြစ်ပါတယ်။မိတ်ဆက်ပြသတဲ့ စမ်းသပ်မှုအတွင်းမှာလည်း HEAP ဟာ ကျောက်တုံးတွေ တည်ဆောက်ဖို့ ရေးဆွဲထားတဲ့ 3D မြေပုံကို ကျောက်တုံးတစ်ခုချင်းစီနဲ့ တည်ဆောက်နိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
 
လက်ရှိအချိန်မှာ HEAP မောင်းသူမဲ့ စက်ယန္တယားကို စမ်းသပ်ဆဲအဆင့်အဖြစ်သာ သတ်မှတ်ထားပြီး၊ အနာဂတ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မောင်းသူမဲ့ စက်ယန္တယားတွေ မြင်တွေ့နိုင်ဖို့ အလားအလာတွေ ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။
 
Damien
Ref - upi