【 နည်းပညာ 】 မျက်နှာပြင်ကို လိုအပ်သလို ဆွဲထုတ်နိုင်မယ့် OPPO X 2021

【 နည်းပညာ 】 မျက်နှာပြင်ကို လိုအပ်သလို ဆွဲထုတ်နိုင်မယ့် OPPO X 2021

OPPO ကုမ္ပဏီမှ ဒီဇိုင်းဆန်းပြားထူးခြားပြီး အနာဂတ်စမတ်ဖုန်းတစ်လုံးလို့ ခေါ်ဆိုရမယ့် Concept စမတ်ဖုန်းတစ်လုံးကို လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ Concept စမတ်ဖုန်းကို OPPO X 2021 လို့ အမည်ပေးထားပြီး၊ ၄င်းစမတ်ဖုန်းရဲ့ မျက်နှာပြင်ဟာ လိုအပ်သလို ဆွဲထုတ်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

OPPO X 2021 Concept စမတ်ဖုန်းဟာ စမတ်ဖုန်းစျေးကွက်ကိုတော့ ထုတ်လုပ်ရောင်းချလာမှာမဟုတ်သေးပါဘူး။ပြိုင်ဘက်တွေဖြစ်တဲ့ Samsung, Huawei ကုမ္ပဏီတွေက ကွေးညွတ်စမတ်ဖုန်းတွေကို အာရုံစိုက်နေတဲ့အချိန်မှာ OPPO မှ မျက်နှာပြင်ကို လိုအပ်သလို ဆွဲထုတ်အသုံးပြုနိုင်မယ့် နည်းပညာကို ပထမဆုံးထုတ်ပြပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

မူလမျက်နှာပြင်အရွယ်အစားဟာ ၆.၇.လက်မရှိပြီး၊ မျက်နှာပြင်ကြီးကြီး လိုအပ်ရင် ၇.၄ လက်မသို့ ဆွဲထုတ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO X 2021 ရဲ့ မျက်နှာပြင်ကို LCD တွေ OLED တွေ ထုတ်လုပ်ရာမှာ နာမည်‌ကျော်တဲ့ BOE ကုမ္ပဏီမှ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

OPPO ဘက်ကတော့ အဆိုပါ Concept စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချလာမှာဉီးမှာ မဟုတ်သေးပဲ နည်းပညာသစ်ကို မိတ်ဆက်ပြသခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် မပြတ်တိုးတက်နေတဲ့ စမတ်ဖုန်းနည်းပညာတွေကြောင့် လာမယ့် တစ်နှစ် နှစ်နှစ်အတွင်းမှာ မျက်နှာပြင်ကို လိုအပ်သလို ဆွဲထုတ်နိုင်မယ့် စမတ်ဖုန်းတွေ ရေပန်းစားလာဖွယ်တော့ ရှိနေပါတယ်။

Damien

( Zawgyi )

OPPO ကုမၸဏီမွ ဒီဇိုင္းဆန္းျပားထူးျခားၿပီး အနာဂတ္စမတ္ဖုန္းတစ္လုံးလို႔ ေခၚဆိုရမယ့္ Concept စမတ္ဖုန္းတစ္လုံးကို လြန္ခဲ့တဲ့ ဗုဒၶဟူးေန႔က ထုတ္ေဖာ္ျပသလိုက္တယ္လို႔ သိရပါတယ္။

အဆိုပါ Concept စမတ္ဖုန္းကို OPPO X 2021 လို႔ အမည္ေပးထားၿပီး၊ ၄င္းစမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ဟာ လိုအပ္သလို ဆြဲထုတ္အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။

OPPO X 2021 Concept စမတ္ဖုန္းဟာ စမတ္ဖုန္းေစ်းကြက္ကိုေတာ့ ထုတ္လုပ္ေရာင္းခ်လာမွာမဟုတ္ေသးပါဘူး။ၿပိဳင္ဘက္ေတြျဖစ္တဲ့ Samsung, Huawei ကုမၸဏီေတြက ေကြးၫြတ္စမတ္ဖုန္းေတြကို အာ႐ုံစိုက္ေနတဲ့အခ်ိန္မွာ OPPO မွ မ်က္ႏွာျပင္ကို လိုအပ္သလို ဆြဲထုတ္အသုံးျပဳႏိုင္မယ့္ နည္းပညာကို ပထမဆုံးထုတ္ျပၿပီး ကမာၻကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

မူလမ်က္ႏွာျပင္အ႐ြယ္အစားဟာ ၆.၇.လက္မရွိၿပီး၊ မ်က္ႏွာျပင္ႀကီးႀကီး လိုအပ္ရင္ ၇.၄ လက္မသို႔ ဆြဲထုတ္အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ OPPO X 2021 ရဲ႕ မ်က္ႏွာျပင္ကို LCD ေတြ OLED ေတြ ထုတ္လုပ္ရာမွာ နာမည္‌ေက်ာ္တဲ့ BOE ကုမၸဏီမွ ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

OPPO ဘက္ကေတာ့ အဆိုပါ Concept စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်လာမွာဉီးမွာ မဟုတ္ေသးပဲ နည္းပညာသစ္ကို မိတ္ဆက္ျပသခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္ မျပတ္တိုးတက္ေနတဲ့ စမတ္ဖုန္းနည္းပညာေတြေၾကာင့္ လာမယ့္ တစ္ႏွစ္ ႏွစ္ႏွစ္အတြင္းမွာ မ်က္ႏွာျပင္ကို လိုအပ္သလို ဆြဲထုတ္ႏိုင္မယ့္ စမတ္ဖုန္းေတြ ေရပန္းစားလာဖြယ္ေတာ့ ရွိေနပါတယ္။

Damien