【 နည်းပညာ 】 မျက်နှာပြင်ကြီးကြီး 5G စမတ်ဖုန်း လိုချင်သူတွေအတွက် Oppo ရဲ့ Reno 3 series

【 နည်းပညာ 】 မျက်နှာပြင်ကြီးကြီး  5G စမတ်ဖုန်း လိုချင်သူတွေအတွက် Oppo ရဲ့  Reno 3 series

Oppo က ၎င်းရဲ့ တရားဝင် Weibo အကောင့်ကနေ စမတ်ဖုန်းသစ်နဲ့ ပတ်သက်ပြီး သတင်းတစ်ခုကို  ထုတ်ပြန်လိုက်ပါပြီ။

ဒါက Oppo Reno 3 series ကို လာမယ့် ဒီဇင်ဘာလမှာ မိတ်ဆက်သွားမယ်လို့ ကြေညာ လိုက်တာလည်း ဖြစ်ပါတယ်။

Oppo ရဲ့ထုတ်ပြန်ချက်အရ  Oppo Reno 3 series ဟာ dual-mode 5G ‌ကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ၆.၅ လက်မ full-HD+ (1080x2400 pixels) 90Hz refresh rate ရှိတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားဖွယ်ရှိပါတယ်။ CPU အပိုင်းကတော့ flagship နဲ့ mid-range CPU တွေကို အသုံးပြုလာမှာပါ ဒါကအတည်မပြုသေးပါဘူး။ Oppo ရဲ့ Reno မျိုးဆက် စမတ်ဖုန်းတွေဟာ ကင်မရာအသားပေး စမတ်ဖုန်းတွေ ဖြစ်ပါတယ်။စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်တတ်သူတွေ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းမျိုးဆက်ဖြစ်ပြီး၊ Reno 3 series မှာလည်း ကင်မရာကိုပဲ အသားပေးထုတ်လုပ်လာဦးမှာပါ။သတင်းတွေထွက်ပေါ်မှုအရ 60-megapixel အဓိက ကင်မရာ တပ်ဆင်ထားဖွယ်ရှိပြီး၊ ကင်မရာလေးလုံးအထိ ထည့်သွင်းပေးလာနိုင်ပါတယ်။

ယခုနောက်ပိုင်း စမတ်ဖုန်းတွေရဲ့ ကင်မရာအသားပေး တိုက်ပွဲကတော့ ပြင်းထန်လာပါပြီ၊ Oppo ရဲ့ Reno 3 series ကလည်း ဘယ်လိုစိတ်လှုပ်ရှားစရာတွေ ယူဆောင်လာဦးမလဲ ဆိုတာတော့........။

Damien

( Zawgyi )

Oppo က ၎ရဲ႕ တရားဝင္ Weibo အေကာင့္ကေန စမတ္ဖုန္းသစ္နဲ႔ ပတ္သက္ၿပီး သတင္းတစ္ခုကို  ထုတ္ျပန္လိုက္ပါၿပီ။

ဒါက Oppo Reno 3 series ကို လာမယ့္ ဒီဇင္ဘာလမွာ မိတ္ဆက္သြားမယ္လို႔ ေၾကညာ လိုက္တာလည္း ျဖစ္ပါတယ္။

Oppo ရဲ႕ထုတ္ျပန္ခ်က္အရ  Oppo Reno 3 series ဟာ dual-mode 5G ‌ကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ ၆.၅ လက္မ full-HD+ (1080x2400 pixels) 90Hz refresh rate ရွိတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားဖြယ္ရွိပါတယ္။ CPU အပိုင္းကေတာ့ flagship နဲ႔ mid-range CPU ေတြကို အသုံးျပဳလာမွာပါ ဒါကအတည္မျပဳေသးပါဘူး။ Oppo ရဲ႕ Reno မ်ိဳးဆက္ စမတ္ဖုန္းေတြဟာ ကင္မရာအသားေပး စမတ္ဖုန္းေတြ ျဖစ္ပါတယ္။စမတ္ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္တတ္သူေတြ ေ႐ြးခ်ယ္သင့္တဲ့ စမတ္ဖုန္းမ်ိဳးဆက္ျဖစ္ၿပီး၊ Reno 3 series မွာလည္း ကင္မရာကိုပဲ အသားေပးထုတ္လုပ္လာဦးမွာပါ။သတင္းေတြထြက္ေပၚမႈအရ 60-megapixel အဓိက ကင္မရာ တပ္ဆင္ထားဖြယ္ရွိၿပီး၊ ကင္မရာေလးလုံးအထိ ထည့္သြင္းေပးလာႏိုင္ပါတယ္။

ယခုေနာက္ပိုင္း စမတ္ဖုန္းေတြရဲ႕ ကင္မရာအသားေပး တိုက္ပြဲကေတာ့ ျပင္းထန္လာပါၿပီ၊ Oppo ရဲ႕ Reno 3 series ကလည္း ဘယ္လိုစိတ္လႈပ္ရွားစရာေတြ ယူေဆာင္လာဦးမလဲ ဆိုတာေတာ့........။

Damien