【 နည်းပညာ 】 မျက်နှာပြင်လေးဖက်လုံးကို ခုံးထားမယ့် Xiaomi Mi 11

【 နည်းပညာ 】 မျက်နှာပြင်လေးဖက်လုံးကို ခုံးထားမယ့် Xiaomi Mi 11

မကြာတော့မယ့် ၂၀၂၁ ဇန်နဝါရီလအတွင်းမှာပဲ Qualcomm မှ Snapdragon 875 chipset ကို မိတ်ဆက်တော့မှာဖြစ်သလို တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကလည်း ၄င်း chipset သစ်ကို အသုံးပြုမောင်းနှင်ပြီး စမတ်ဖုန်းသစ်ကို ထုတ်လုပ်လာဖွယ် ရှိနေပါတယ်။

Snapdragon 875 chipset သစ်ကို Xiaomi ရဲ့ Mi 11 စမတ်ဖုန်းမှာ အသုံးပြုလာဖွယ်ရှိတဲ့ သတင်းတွေလည်း ထွက်ပေါ်လျက်ရှိပြီး Mi 11 ရဲ့ ဒီဇိုင်းပုံစံနဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း ဆက်တိုက်ထွက်ပေါ်လာလျက်ရှိနေပါတယ်။

ယခုလက်ရှိထွက်ပေါ်နေတဲ့ သတင်းကတော့ Xiaomi Mi 11 မှာ မျက်နှာပြင်လေးဖက်လုံးကို ခုံးထားမယ် ဆိုတာပါပဲ။ Xiaomi အနေနဲ့ Mi 10 series တုန်းက မျက်နှာပြင်နှစ်ဖက်ကိုသာ ခုံးထားတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်ပေါ်မှာ အပေါက်ဖောက်ထည့်သွင်းထားတာဖြစ်ပါတယ်။
သတင်းတွေအရ Xiaomi Mi 11 မှာလည်း ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်ပေါ်မှာ အပေါက်ဖောက်ထည့်သွင်းထားတဲ့ နည်းပညာကိုပဲ ဆက်လက်အသုံးပြုလာဖွယ်ရှိပြီး၊ under display camera (မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံထားတဲ့ နည်းပညာ) ပါဝင်လာဖွယ်မရှိသေးပါဘူး။စမတ်ဖုန်းစျေးကွက်ထဲမှာ မျက်နှာပြင်ဘေးဘောင်တွေ အခုံးနိုင်ဆုံးအဖြစ် Vivo, Huawei တို့ရဲ့ စမတ်ဖုန်းတွေက ဦးဆောင်နေပြီး Xiaomi သာ မျက်နှာပြင်လေးဖက်လုံးကို ခုံးလာမယ်ဆိုရင် စမတ်ဖုန်းရဲ့ ဘေး‌ဘောင်မှာ အသံ အတိုးအလျှော့နဲ့ ပါဝါခလုတ်တွေကို ဖြုတ်ထားခဲ့ရတော့မှာဖြစ်ပါတယ်။

Xiaomi မှ Mi 11 မိတ်ဆက်မယ့်ရက်ကိုတော့ ကြေညာထားခြင်းမရှိသေးပါဘူး၊ သတင်းတွေအတိုင်းသာ ထွက်ပေါ်လာမယ်ဆိုရင်တော့ Mi 11 ဟာ အတော်လေးကို ဒီဇိုင်းပိုင်းလှပတဲ့ စမတ်ဖုန်းဖြစ်လာမှာ သေချာပါတယ်။

Damien

( Zawgyi )

မၾကာေတာ့မယ့္ ၂၀၂၁ ဇန္နဝါရီလအတြင္းမွာပဲ Qualcomm မွ Snapdragon 875 chipset ကို မိတ္ဆက္ေတာ့မွာျဖစ္သလို တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ကလည္း ၄င္း chipset သစ္ကို အသုံးျပဳေမာင္းႏွင္ၿပီး စမတ္ဖုန္းသစ္ကို ထုတ္လုပ္လာဖြယ္ ရွိေနပါတယ္။

Snapdragon 875 chipset သစ္ကို Xiaomi ရဲ႕ Mi 11 စမတ္ဖုန္းမွာ အသုံးျပဳလာဖြယ္ရွိတဲ့ သတင္းေတြလည္း ထြက္ေပၚလ်က္ရွိၿပီး Mi 11 ရဲ႕ ဒီဇိုင္းပုံစံနဲ႔ပတ္သက္တဲ့ သတင္းေတြဟာလည္း ဆက္တိုက္ထြက္ေပၚလာလ်က္ရွိေနပါတယ္။

ယခုလက္ရွိထြက္ေပၚေနတဲ့ သတင္းကေတာ့ Xiaomi Mi 11 မွာ မ်က္ႏွာျပင္ေလးဖက္လုံးကို ခုံးထားမယ္ ဆိုတာပါပဲ။ Xiaomi အေနနဲ႔ Mi 10 series တုန္းက မ်က္ႏွာျပင္ႏွစ္ဖက္ကိုသာ ခုံးထားတဲ့ ဒီဇိုင္းနဲ႔ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး၊ ေရွ႕ဘက္ ကင္မရာကိုေတာ့ မ်က္ႏွာျပင္ေပၚမွာ အေပါက္ေဖာက္ထည့္သြင္းထားတာျဖစ္ပါတယ္။
သတင္းေတြအရ Xiaomi Mi 11 မွာလည္း ေရွ႕ဘက္ ကင္မရာကိုေတာ့ မ်က္ႏွာျပင္ေပၚမွာ အေပါက္ေဖာက္ထည့္သြင္းထားတဲ့ နည္းပညာကိုပဲ ဆက္လက္အသုံးျပဳလာဖြယ္ရွိၿပီး၊ under display camera (မ်က္ႏွာျပင္ေအာက္ ကင္မရာျမႇဳပ္ႏွံထားတဲ့ နည္းပညာ) ပါဝင္လာဖြယ္မရွိေသးပါဘူး။စမတ္ဖုန္းေစ်းကြက္ထဲမွာ မ်က္ႏွာျပင္ေဘးေဘာင္ေတြ အခုံးႏိုင္ဆုံးအျဖစ္ Vivo, Huawei တို႔ရဲ႕ စမတ္ဖုန္းေတြက ဦးေဆာင္ေနၿပီး Xiaomi သာ မ်က္ႏွာျပင္ေလးဖက္လုံးကို ခုံးလာမယ္ဆိုရင္ စမတ္ဖုန္းရဲ႕ ေဘး‌ေဘာင္မွာ အသံ အတိုးအေလွ်ာ့နဲ႔ ပါဝါခလုတ္ေတြကို ျဖဳတ္ထားခဲ့ရေတာ့မွာျဖစ္ပါတယ္။

Xiaomi မွ Mi 11 မိတ္ဆက္မယ့္ရက္ကိုေတာ့ ေၾကညာထားျခင္းမရွိေသးပါဘူး၊ သတင္းေတြအတိုင္းသာ ထြက္ေပၚလာမယ္ဆိုရင္ေတာ့ Mi 11 ဟာ အေတာ္ေလးကို ဒီဇိုင္းပိုင္းလွပတဲ့ စမတ္ဖုန္းျဖစ္လာမွာ ေသခ်ာပါတယ္။

Damien