【 နည်းပညာ 】 ရာသီဥပူနွေးလာမှုကို ဂြိုဟ်တုဓာတ်ပုံများဖြင့် နာဆာ ထုတ်ဖော်ပြသ

【 နည်းပညာ 】 ရာသီဥပူနွေးလာမှုကို ဂြိုဟ်တုဓာတ်ပုံများဖြင့် နာဆာ ထုတ်ဖော်ပြသ

နာဆာမှ ဂြိုဟ်တုဓာတ်ပုံတွေကို ထပ်မံဖော်ပြလိုက်ပါတယ်။

ဒီတစ်ခါတော့ ဖော်ပြလိုက်တာကတော့ အာကာသတွင်းမှ ရိုက်ကူးထားတဲ့ ကယ်လီဖိုးနီးယားရှိ ဆီယာရား နီဗားဒါးတောင်တန်းရဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

မိုးရွာသွန်းမှုနဲ့ ဆီးနှင်းကျဆင်းမှုတွေဟာ ကယ်လီဖိုးနီးယားမှာ ပုံမှန်အတိုင်းဖြစ်ပေါ်နေပေမယ့်လည်း အပူချိန်နဲ့ ခြောက်သွေ့မှုကတော့ ပိုမိုပြင်းထန်လာလျက်ရှိနေပါတယ်။

"လွန်ခဲ့သော ၁၀ နှစ်အတွင်း ကယ်လီဖိုးနီယားရဲ့ ရာသီဥတုဟာ ပြောင်းလဲလာခဲ့ပြီး ခြောက်သွေ့သောနှစ်တွေ ပိုမိုတိုးလာခဲ့တယ်" လို့ နှင်းများကိုလေ့လာသော သိပ္ပံပညာရှင် မဂ်ကန်ဇီး စကိုင်းလ်စ် က နာဆာကို ပြောပါတယ်။

ရာသီဥတုပူနွေးလာတာနဲ့အမျှ ဆီးနှင်းတွေ အရည်ပျော်လာပြီး ခြောက်သွေ့တဲ့နှစ်တွေ ပိုများလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ကြားကာလအတွင်း ဆီယာရား နီဗားဒါးတောင်တန်းမှာ ဆီးနှင်းကျဆင်းမှု မြင့်တက်ခဲ့တာကို သိပ္ပံပညာရှင်တွေ မြင်တွေ့ခဲ့ရပါတယ်။

"ရာသီဥတုပူနွေးလာခြင်းရဲ့ ရလဒ်ကတော့ နှင်းတွေအရည်ပျော်လာပြီး ဆီးနှင်းဖုံးလွှမ်းမှုတွေ လျော့ပါးလာခဲ့ပါတယ်" လို့ နာဆာက ရှင်းပြပါတယ်။

နာဆာ ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်‌တုဓာတ်ပုံတွေမှာ ကယ်လီဖိုးနီးယားရှိ ဆီယာရား နီဗားဒါးတောင်တန်းရဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း မြေမျက်နှာသွင်‌ပြင်ပြောင်းလဲလာမှုကို ပြသထားပြီး ခြောက်သွေ့မှုများပိုမိုတိုးလာပြီး ဆီးနှင်းများနည်းပါးလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ရာသီဥတုပူ‌နွေးမှုကြောင့် ဆီးနှင်းဖုံးလွှမ်းမှုများ ကမ္ဘာအနှံ့မှာ ဆက်လက်ကျဆင်းလာခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့ ပိုမိုပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ နေထိုင်ရတော့မှာဖြစ်ပါတယ်။

Damien
ဩဂုတ် - ၁