【 နည်းပညာ 】 ရုရှားရဲ့ အာကာသ သု‌တေသနဝက်ဘ်ဆိုက် ဖောက်ထွင်းခံရ

【 နည်းပညာ 】 ရုရှားရဲ့ အာကာသ သု‌တေသနဝက်ဘ်ဆိုက် ဖောက်ထွင်းခံရ

ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီပေးနေတဲ့ ဟက်ကာသမားများရဲ့ နောက်ဆုံး ဆိုင်ဘာတိုက်ခိုက်မှုအရ အမည်မသိအဖွဲ့အစည်းတစ်ခုဟာ ရုရှားအာကာသ သုတေသနဌာန (IKI) နှင့် ရုရှားအာကာသအေဂျင်စီ Roscosmos တို့နဲ့ သက်ဆိုင်တဲ့ ဖိုင်များကို ဖောက်ထွင်းရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Vice မှ အစီရင်ခံဖော်ပြမှုအရ ဟက်ကာများဟာ ရုရှားအာကာသ သုတေသနဌာန (IKI) ဝက်ဘ်ဆိုက်ရဲ့ ဒိုမိန်းခွဲတစ်ခုကို ချိုးဖောက်လိုက်ဖွယ်ရှိခဲ့တာဖြစ်ပါတယ်။

ရုရှားအာကသ သုတေသနဝက်ဘ်ဆိုက်ကို ဖောက်ထွင်းမှုမှ ပေါက်ကြားလာမှုအရ Hubble Space Telescope (အာကာသအဝေးကြည့်မှန်ပြောင်း) နဲ့ ဆင်တူတဲ့ World Space Observatory Ultraviolet ပရောဂျက် (WSO-UV) ကို ၂၀၂၅ ခုနှစ်မှာ လွှတ်တင်ရန် စီစဉ်ထားတာဖြစ်ပါတယ်။

ဟက်ကာများဘက်မှလို့ ယူဆရတဲ့ YourAnonNews အကောင့်မှ ရုရှားအာကာသအေဂျင်စီမှ အချက်အလက်များပေါက်ကြားမှုဟုဆိုထားတဲ့ လင့်ခ်တစ်ခုကို မျှဝေပေးခဲ့ပြီး၊ ထိုအထဲမှာ လက်ရေးပုံစံများ၊ PDF ဖိုင်များ၊ စာရင်းဇယားများ ရောနှောပါဝင်နေပြီး၊ 'လ' ကို စူးစမ်းလေ့လာမယ့် မစ်ရှင်များရဲ့ ဖော်ပြချက်များပါဝင်တာဖြစ်ပါတယ်။ The Verge အနေနဲ့လည်း အချက်အလက်များဟာ မှန်ကန်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးပါဘူး။

ရုရှားအာကာသအေဂျင်စီ Roscosmos ရဲ့ အကြီးအကဲ ဒီမီထရီ ရိုဂိုဇင်ဘက်ကတော့ ဖောက်ထွင်းခံရတဲ့သတင်းများကို ငြင်းဆိုထားပါတယ်။

ရုရှားနဲ့ ယူကရိန်းအကြား မြေပြင်စစ်ပွဲများ ဆက်လက်ဖြစ်‌ပွားနေချိန်မှာ ဟက်ကာအဖွဲ့များက ရုရှားနဲ့ ၎င်းရဲ့မဟာမိတ်‌များအပေါ် ဆိုင်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

Anonymous Liberland အမည်ဖြင့် လှုပ်ရှားနေတဲ့ ဟက်ကာအဖွဲ့မှလည်း ဘီလာရုစ် ကာကွယ်ရေး ကန်ထရိုက်တာ Tetraedr ကို ဖောက်ထွင်းပြီးနောက် အီးမေးလ် 200GB ကို ထုတ်ပြန်ခဲ့ပါ‌သေးတယ်။

Damien
Ref - theverge
မတ် - ၆