【 နည်းပညာ 】 ရောင်းအားကောင်းနေတဲ့ Redmi Note စမတ်ဖုန်းများ

【 နည်းပညာ 】 ရောင်းအားကောင်းနေတဲ့ Redmi Note စမတ်ဖုန်းများ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Redmi အမှတ်တံဆိပ်မှ Redmi Note စမတ်ဖုန်းတွေဟာ ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။
 
Redmi အမှတ်တံ‌ဆိပ်ရဲ့ အထွေထွေမန်နေဂျာ လု ဝေဘင်း (Lu Weibing) မှ Redmi Note series စမတ်ဖုန်းတွေဟာ ကမ္ဘာအနှံ့မှာ ရောင်းအားကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
 
Redmi Note series စမတ်ဖုန်းများရဲ့ ကမ္ဘာအနှံ့ရောင်းချရမှုဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက အလုံးရေ သန်း ၁၀၀ ရောင်းချခဲ့ရပြီး၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ အလုံးရေ သန်း ၁၄၀ အထိ တိုးမြှင့်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့ Redmi Note series စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ ပိုမိုမြန်ဆန်စွာ ရောင်းအားကောင်းမွန်လာခဲ့ပြီး ၂၀၂၁ ခုနှစ် မေလအရောက်မှာ အလုံးရေ သန်း ၂၀၀ အထိ ရောင်းချနိုင်ခဲ့ကာ ယခုလက်ရှိအချိန်မှာတော့ ကမ္ဘာအနှံ့ကို Redmi Note series စမတ်ဖုန်းပေါင်း အလုံးရေ သန်း ၂၄၀ အထိ ရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။
 
Redmi အမှတ်တံဆိပ်မှ ထုတ်လုပ်တဲ့ စမတ်ဖုန်းများဟာ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့်လည်း ကမ္ဘာတဝန်း အလွန်တရာလူကြိုက်များလျက်ရှိပြီး အထူးသဖြင့် အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ မြန်မာမှာ ပိုမိုရောင်းအားကောင်းမွန်လျက်ရှိနေတာဖြစ်ပါတယ်။
 
Redmi အမှတ်တံဆိပ်ရဲ့ အထွေထွေမန်နေဂျာ လု ဝေဘင်း က ၁၀,၀၀၀ မြောက် ဖွင့်လှစ်တဲ့ ထုတ်ကုန်အရောင်းဆိုင်ဟာ ရှန်ဇန်းပြည်နယ်မှ Happy Harbor Store ဖြစ်တယ်လို့ဆိုပြီး၊ ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံအတွင်း ၈၀ ရာခိုင်နှုန်း လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
 
Damien
အောက်တိုဘာ - ၃၁