【 နည်းပညာ 】 လက်ဗွေပြဿနာကို ခပ်မြန်မြန်ဖြေရှင်းလိုက်တဲ့ Samsung

【 နည်းပညာ 】 လက်ဗွေပြဿနာကို ခပ်မြန်မြန်ဖြေရှင်းလိုက်တဲ့ Samsung

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက Samsung Galaxy S10 စမတ်ဖုန်းမှာ လက်ဗွေအာရုံခံကိရိယာ ပြဿနာတက်ခဲ့တာကို အားလုံးသိကြပြီး ဖြစ်မှာပါ။

ဗြိတိန်မှ သုံးစွဲသူတစ်ယောက်မှ ၎င်းရဲ့ Galaxy S10 စမတ်ဖုန်းအတွက် မှန်ကပ်ဝယ်ယူ ကပ်ပြီးနောက်မှာ အဆိုပါစမတ်ဖုန်းရဲ့ လက်ဗွေစနစ်ဟာ မည်သူမဆို ဖွင့်လို့ရနေတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပထမတော့ Samsung ဘက်မှ ဈေးပေါတဲ့ မှန်ကပ်ကြောင့် ဖြစ်တာလို့ဆိုပြီး ၎င်းတို့ကိုယ်တိုင် အသိအမှတ်ပြု ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲရန် အကြံပြုခဲ့ပြီး၊ နောက်ပိုင်းမှာ လက်ဗွေပြဿနာအတွက် software update ထုတ်လုပ်ပေးမယ်လို့ ‌ကြေညာခဲ့ပါတယ်။

ယခုအခါမှာ‌တော့ Samsung Galaxy S10 နဲ့ Note 10 series တွေအတွက် software updates တွေကို ထုတ်ပေးလိုက်ပါပြီ။အဆိုပါ software updates တွေကို သုံးစွဲသူရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းလိုက်တာနဲ့ လက်‌ဗွေ သတ်မှတ်ပြီးသား မှတ်ပုံတင်ပြီးသားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Samsung ဘက်က အကြံပြုထားတာကတော့ software update လုပ်ပြီးပါက ပထမဆုံး မှတ်ပုံတင်ထားတဲ့ လက်ဗွေကိုဖျက်ပြီး စမတ်ဖုန်းကို မှန်ကပ်အကာအကွယ် မကပ်ပဲ လက်ဗွေကို ပြန်လည်မှတ်ပုံတင်ပေးပါလို့ ဆိုထားပါတယ်။

 Samsung မှ အဆိုပါ software updates တွေကို တောင်ကိုရီးယားမှာ စတင်ထုတ်ပေးလိုက်ပြီဖြစ်ပြီး၊ အခြားနိုင်‌ငံ‌တွေအတွက်တော့ ၂၄ နာရီအတွင်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

လြန္ခဲ့တဲ့ ရက္ပိုင္းအတြင္းက Samsung Galaxy S10 စမတ္ဖုန္းမွာ လက္ေဗြအာ႐ုံခံကိရိယာ ျပႆနာတက္ခဲ့တာကို အားလုံးသိၾကၿပီး ျဖစ္မွာပါ။

ၿဗိတိန္မွ သုံးစြဲသူတစ္ေယာက္မွ ၎ရဲ႕ Galaxy S10 စမတ္ဖုန္းအတြက္ မွန္ကပ္ဝယ္ယူ ကပ္ၿပီးေနာက္မွာ အဆိုပါစမတ္ဖုန္းရဲ႕ လက္ေဗြစနစ္ဟာ မည္သူမဆို ဖြင့္လို႔ရေနတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ပထမေတာ့ Samsung ဘက္မွ ေဈးေပါတဲ့ မွန္ကပ္ေၾကာင့္ ျဖစ္တာလို႔ဆိုၿပီး ၎တို႔ကိုယ္တိုင္ အသိအမွတ္ျပဳ ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြကိုသာ သုံးစြဲရန္ အႀကံျပဳခဲ့ၿပီး၊ ေနာက္ပိုင္းမွာ လက္ေဗြျပႆနာအတြက္ software update ထုတ္လုပ္ေပးမယ္လို႔ ‌ေၾကညာခဲ့ပါတယ္။

ယခုအခါမွာ‌ေတာ့ Samsung Galaxy S10 နဲ႔ Note 10 series ေတြအတြက္ software updates ေတြကို ထုတ္ေပးလိုက္ပါၿပီ။အဆိုပါ software updates ေတြကို သုံးစြဲသူရဲ႕ စမတ္ဖုန္းေတြမွာ ထည့္သြင္းလိုက္တာနဲ႔ လက္‌ေဗြ သတ္မွတ္ၿပီးသား မွတ္ပုံတင္ၿပီးသားကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Samsung ဘက္က အႀကံျပဳထားတာကေတာ့ software update လုပ္ၿပီးပါက ပထမဆုံး မွတ္ပုံတင္ထားတဲ့ လက္ေဗြကိုဖ်က္ၿပီး စမတ္ဖုန္းကို မွန္ကပ္အကာအကြယ္ မကပ္ပဲ လက္ေဗြကို ျပန္လည္မွတ္ပုံတင္ေပးပါလို႔ ဆိုထားပါတယ္။

 Samsung မွ အဆိုပါ software updates ေတြကို ေတာင္ကိုရီးယားမွာ စတင္ထုတ္ေပးလိုက္ၿပီျဖစ္ၿပီး၊ အျခားႏိုင္‌ငံ‌ေတြအတြက္ေတာ့ ၂၄ နာရီအတြင္း ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

Damien