【 နည်းပညာ 】 လာမည့်ရက်ပိုင်းအတွင်း စမတ်ထုတ်ကုန်သစ်များ မိတ်ဆက်သွားမည်ဟု Xiaomi CEO အတည်ပြု

【 နည်းပညာ 】 လာမည့်ရက်ပိုင်းအတွင်း စမတ်ထုတ်ကုန်သစ်များ မိတ်ဆက်သွားမည်ဟု Xiaomi CEO အတည်ပြု

Xiaomi ရဲ့ CEO ဖြစ်သူ လေကျွင်း (Lei Jun) ကတော့ လာမည့်ရက်ပိုင်းအတွင်းမှာ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပြီးဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာ Xiaomi မှ စမတ်ဖုန်းများနှင့် မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်တွေအပါအဝင် စမတ်ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ လေကျွင်း (Lei Jun) က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၁၀ ရက်နေ့မှာ ကျင်းပမယ့် Xiaomi ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ မော်ဒယ်လ်သစ်မမြင်တွေ့ရတာ ၃ နှစ်ရှိပြီဖြစ်တဲ့ မျက်နှာပြင်ကြီးမားတဲ့ Xiaomi Tablet (တက်ဘလက်) မော်ဒယ်လ်သစ်ကို မြင်တွေ့ရဖို့ရှိနေပါတယ်။စမတ်ဖုန်းကတော့ သတင်းတွေကြားသိထားတဲ့အတိုင်းပဲ Mi Mix 4 ပါ၊ Xiaomi ရဲ့ Mix series စမတ်ဖုန်းမျိုးဆက်ရဲ့ နောက်ဆုံးမော်ဒယ်လ်ဖြစ်တဲ့ Mi Mix 3 5G ဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးနောက် ၂ နှစ်အကြာမှာတော့ Xiaomi Mix series ရဲ့ မော်ဒယ်လ်သစ် Mi Mix 4 ကို ကျနော်တို့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဩဂုတ် ၁၀ ရက်နေ့ မိတ်ဆက်ပွဲမှာ စမတ်ထုတ်ကုန်များအပြင် Xiaomi ဘက်က ၎င်းရဲ့ အဆင့်မြှင့်တင်ထားတဲ့ MIUI 13 ကိုလည်း မိတ်ဆက်သွားဖွယ်ရှိနေပါသေးတယ်။

Xiaomi ရဲ့ ဩဂုတ် ၁၀ ရက်နေ့ မိတ်ဆက်ပွဲဟာ Xiaomi ပရိတ်သတ်တွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပါပဲ။လက်ရှိအချိန်မှာတော့ Mi Mix 4 စမတ်ဖုန်းဟာ အနည်းဆုံး မော်ဒယ်လ် ၂ မျိုးလောက် ထွက်ရှိလာနိုင်တယ်လို့ သတင်းများ ဖော်ပြလျက်ရှိနေပါတယ်။

Damien
ဩဂုတ် - ၄