【 နည်းပညာ 】 လျှပ်စစ်ကားများ အမြောက်အမြားထုတ်လုပ်ရန် Xiaomi စီစဉ်

【 နည်းပညာ 】 လျှပ်စစ်ကားများ အမြောက်အမြားထုတ်လုပ်ရန် Xiaomi စီစဉ်

အချိန်တိုအတွင်း အောင်မြင်မှုတွေရလာခဲ့တဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ နည်းပညာ နယ်ပယ်သစ်တစ်ခုဆီကို ခြေချတော့မှာဖြစ်ပါတယ်။
 
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် Xiaomi ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားများထုတ်လုပ်ရန် စက်ရုံတည်ဆောက်သွားမှာဖြစ်ပြီး လျှပ်စစ်ကားများ အမြောက်အမြားထုတ်လုပ်ထားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
 
Reuters ရဲ့ ဖော်ပြမှုအရ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လျှပ်စစ်ကားစက်ရုံ တည်ဆောက်သွားပြီးနောက် တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၃၀၀,၀၀၀ ခန့် ထုတ်လုပိသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
 
Xiaomi ကုမ္ပဏီရဲ့ CEO ဖြစ်သူ လေကျွင်းကတော့ "၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကားများ အမြောက်အမြားထုတ်လုပ်နိုင်မည်ဟု ယုံကြည်ပြီး၊ အသစ်တည်ဆောက်မယ့် စက်ရုံဟာ ကုမ္ပဏီရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်" ဟု လွန်ခဲ့သော အောက်တိုဘာလက ပြောကြားခဲ့ပါတယ်။
 
Xiaomi ရဲ့ ဘေဂျင်းစက်ရုံနှင့်ပတ်သက်သည့် သတင်းကို Beijing E-Town မှ ၎င်းရဲ့ တရားဝင် WeChat အကောင့်တွင် ထုတ်ပြန်ခဲ့သည်ဟု Reuters မှ ဆက်လက်ဖော်ပြခဲ့ပါတယ်။အဆိုပါထုတ်ပြန်မှုတွင် Xiaomi တည်ဆောက်မည့် စက်ရုံရဲ့ အသေးစိတ်အချက်အလက်တွေတော့ ပါဝင်ခြင်းမရှိပါဘူး၊ ဒါပေမယ့် Xiaomi ကုမ္ပဏီဘက်ကတော့ Beijing Economic and Technological Development Zone တွင် ကုမ္ပဏီရဲ့ electric vehicle (EV) ရုံးချုပ်၊ အရောင်းနဲ့ သုတေသနရုံးများကို တည်တောက်သွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
 
Electric vehicle (EV) ဈေးကွက်ထဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Xiaomi ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲမည်ဟု လွန်ခဲ့သော မတ်လက ပြောကြားခဲ့ဖူးပါတယ်။
 
Xiaomi ကုမ္ပဏီအနေနဲ့ electric vehicle (EV) နည်းပညာသစ်ဆီကို ဝင်ရောက်ပြီးနောက်မှာတော့ လက်ရှိ EV နည်းပညာမှာ ကမ္ဘာကျော်နေတဲ့ Tesla နဲ့ Xpeng ကုမ္ပဏီတို့ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
 
Damien
နိုဝင်ဘာ - ၂၈