【 နည်းပညာ 】 လျှပ်စစ်မော်တော်ကားလုပ်ငန်းထဲ Xiaomi ဝင်ရောက်လာ

【 နည်းပညာ 】 လျှပ်စစ်မော်တော်ကားလုပ်ငန်းထဲ Xiaomi ဝင်ရောက်လာ

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ ကုမ္ပဏီသစ်တစ်ခုဖြစ်တဲ့ Xiaomi EV Inc ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီသစ်ဖြစ်တဲ့ Xiaomi EV Inc ကို Xiaomi ဟာ လျှပ်စစ်‌မော်တော်ကားလုပ်ငန်းအတွင်း ယှဉ်ပြိုင်ရန်အတွက် စတင်တည်ထောင်လိုက်တာလည်းဖြစ်ပါတယ်။

လျှပ်စစ်မော်တော်ကားလုပ်ငန်းကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် Xiaomi ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံပမာဏကို ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ဝန်ထမ်းသစ်ပေါင်း ၃၀၀ ခန့်ကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Xiaomi ဘက်ကတော့ သူ့ရဲ့လုပ်ငန်းသစ်‌အကြောင်းကို အများကြီးထုတ်ဖော်မပြောကြားခဲ့တဲ့အတွက် Xiaomi ဘက်က ပြီးပြည့်စုံတဲ့ လျှပ်စစ်မော်တော်ကားတွေကို ထုတ်လုပ်မလား၊ ဒါ့အပြင် ဆော့ဖ်ဝဲလ်နဲ့ အပိုပစ္စည်းတွေပါ ထုတ်လုပ်မလားဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒီအတိုင်းသာဆိုရင် အနာဂတ် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပြိုင်ဆိုင်မှုတွေကို လျှပ်စစ်မော်တော်ကားဈေးကွက်မှာ မြင်တွေ့ရဖို့ရှိနေပြီး၊ Xiaomi ကဲ့သို့ပဲ Apple ကုမ္ပဏီကလည်း ကိုယ်ပိုင်လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၃