【 နည်းပညာ 】 သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုများအတွက် Samsung Galaxy Fit

【 နည်းပညာ 】 သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုများအတွက် Samsung Galaxy Fit

Samsung မှ သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုများကို စောင့်ကြည့်အကဲဖြတ်နိုင်ဖို့အတွက် Galaxy Fit ကို စတင်ရောင်းချလိုက်ပြီပဲ ဖြစ်ပါတယ်။

Xiaomi ရဲ့ Mi Band လုပ်ဆောင်ချက်များနဲ့ အတော်များများ ဆင်တူတာကိုလည်း မြင်တွေ့ရပါတယ်။

Samsung ဟာ ယခင်တုန်းကတော့ smart နာရီတွေအပေါ်မှာသာ အာရုံစိုက်နေခဲ့တာဖြစ်ပြီး၊ ၎င်းရဲ့ smart နာရီတွေဟာလည်း လူကြိုက်များ အောင်မြင်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ယခုအခါမှာတော့ smart band ကို ထုတ်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Samsung Galaxy Fit ဟာ 0.95-inch AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ ဘက်ထရီကတော့ 120mAh ထည့်သွင်းပေးထားပါတယ်။ RAM 2MB, သိမ်းဆည်းနိုင်မှု 32MB တို့ ပါဝင်ပြီး၊ bluetooth နဲ့ စမတ်ဖုန်းကို အလွယ်တကူ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Fit band ဟာ လေ့ကျင့်ခန်း ၉၀ လောက်ကို စောင့်ကြည့်မှတ်တမ်းတင်နိုင်မှာဖြစ်ပြီး၊ လမ်းလျှောက်၊ လှေလှော်၊ စက်ဘီးစီးတာနဲ့ ပြေးလွှားတာတွေကိုတော့ အလိုအလျောက် စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Fit band ဟာ ရေစိမ်ခံမှာလည်းဖြစ်ပြီး၊ နှလုံးခုန်နှုန်းကိုလည်း တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ သင်ရဲ့ တစ်နေ့တာ လေ့ကျင့်ခန်းပြုလုပ်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူချင်တယ် ဆိုရင်တော့ Samsung ရဲ့ Galaxy Fit ဟာ Mi Band 3 လိုမျိုး ရွေးချယ်သင့်တဲ့ လေ့ကျင့်ခန်း အထောက်အကူပြု smart band ဖြစ်ပါတယ်။

Damien

( Zawgyi )

Samsung မွ သင့္ရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္အကဲျဖတ္ႏိုင္ဖို႔အတြက္ Galaxy Fit ကို စတင္ေရာင္းခ်လိုက္ၿပီပဲ ျဖစ္ပါတယ္။

Xiaomi ရဲ႕ Mi Band လုပ္ေဆာင္ခ်က္မ်ားနဲ႔ အေတာ္မ်ားမ်ား ဆင္တူတာကိုလည္း ျမင္ေတြ႕ရပါတယ္။

Samsung ဟာ ယခင္တုန္းကေတာ့ smart နာရီေတြအေပၚမွာသာ အာ႐ုံစိုက္ေနခဲ့တာျဖစ္ၿပီး၊ ၎ရဲ႕ smart နာရီေတြဟာလည္း လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ယခုအခါမွာေတာ့ smart band ကို ထုတ္လုပ္လိုက္တာပဲ ျဖစ္ပါတယ္။

Samsung Galaxy Fit ဟာ 0.95-inch AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ ဘက္ထရီကေတာ့ 120mAh ထည့္သြင္းေပးထားပါတယ္။ RAM 2MB, သိမ္းဆည္းႏိုင္မႈ 32MB တို႔ ပါဝင္ၿပီး၊ bluetooth နဲ႔ စမတ္ဖုန္းကို အလြယ္တကူ ခ်ိတ္ဆက္ႏိုင္မွာ ျဖစ္ပါတယ္။

အဆိုပါ Fit band ဟာ ေလ့က်င့္ခန္း ၉၀ ေလာက္ကို ေစာင့္ၾကည့္မွတ္တမ္းတင္ႏိုင္မွာျဖစ္ၿပီး၊ လမ္းေလွ်ာက္၊ ေလွေလွာ္၊ စက္ဘီးစီးတာနဲ႔ ေျပးလႊားတာေတြကိုေတာ့ အလိုအေလ်ာက္ ေစာင့္ၾကည့္ႏိုင္မွာ ျဖစ္ပါတယ္။ Fit band ဟာ ေရစိမ္ခံမွာလည္းျဖစ္ၿပီး၊ ႏွလုံးခုန္ႏႈန္းကိုလည္း တိုင္းတာႏိုင္မွာ ျဖစ္ပါတယ္။

အကယ္၍ သင္ရဲ႕ တစ္ေန႔တာ ေလ့က်င့္ခန္းျပဳလုပ္မႈေတြကို ေစာင့္ၾကည့္မွတ္တမ္းယူခ်င္တယ္ ဆိုရင္ေတာ့ Samsung ရဲ႕ Galaxy Fit ဟာ Mi Band 3 လိုမ်ိဳး ေ႐ြးခ်ယ္သင့္တဲ့ ေလ့က်င့္ခန္း အေထာက္အကူျပဳ smart band ျဖစ္ပါတယ္။

Damien