【 နည်းပညာ 】 သစ်လွင်တောက်ပနေတဲ့ Samsung Galaxy Buds အရောင်သစ်

【 နည်းပညာ 】 သစ်လွင်တောက်ပနေတဲ့ Samsung Galaxy Buds အရောင်သစ်

ယခုနောက်ပိုင်း လူငယ်တော်တော်များများကြားမှာ သီချင်းတွေနားဆင်ဖို့ ခေတ်စားလာတဲ့ gadgets လေးတွေကတော့ ကြိုးမဲ့ earphone လေးတွေပဲ ဖြစ်ပါတယ်။

ယခင်ကတော့ ကြိုးပါတဲ့ bluetooth စနစ် earphone တွေ ခေတ်စားခဲ့သေးပေမယ့် ယခုလက်ရှိမှာ ကြိုးလုံးဝပါရှိတော့ပဲ နားထဲမှာ မြဲမြံစွာကုတ်တွယ်ထားနိုင်တဲ့ earphone ပုံစံတွေအဖြစ် အသွင်ပြောင်းလဲလာခဲ့ပါတယ်။

Apple, Samsung, Huawei, Xiaomi တို့လို့ စမတ်ဖုန်းကုမ္ပဏီတွေကလည်း ၎င်းတို့ရဲ့ ကြိုးမဲ့ bluetooth earphone တွေကို အပြိုင်အဆိုင် မိတ်ဆက်ခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။ယခုတစ်ခါမှာတော့ Samsung ရဲ့ အသစ်မိတ်ဆက်မယ့် Galaxy Note 10 နဲ့အတူ ထွက်ပေါ်လာမယ့် Galaxy Buds ငွေရောင်လေး အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy Buds ရဲ့ အသံပိုင်းကို headphone နဲ့ microphone တွေ ထုတ်လုပ်နေတဲ့ AKG Acoustics မှ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။အဆိုပါ Bud မှာ 58mAh ဘက်ထရီ ပါဝင်ပြီး ၆ နာရီကြာ အသုံးပြုနိုင်မယ်လို့ Samsung က ဆိုထားပါတယ်။၎င်းကို အားပြန်သွင်းပေးတဲ့ charging case ကတော့ 252mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး Galaxy Buds ကို နှစ်ကြိမ်အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။အခြားသော ကြိုးမဲ့ earphone တွေလိုပဲ bluetooth 5.0 စနစ်ကိုပဲ အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် Samsung ရဲ့ Bixby လို့ အမည်ရတဲ့ voice assistant ကိုလည်း command ပေးနိုင်မှာဖြစ်ပြီး၊ “Play my morning playlist, လို့ နှုတ်မှ အမိန့်ပေးထားတာနဲ့ earphone နဲ့ စမတ်ဖုန်းကို မထိတွေ့ပဲ အလိုအလျောက် သီချင်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ယခင်ကတော့ black, white နဲ့ yellow အရောင်သုံးမျိုး ထွက်ရှိထားပြီး၊ ယခု silver နဲ့ဆို အရောင်အသွေး လေးမျိုးရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထွက်ရှိလာတော့မယ့် Samsung Galaxy Buds silver ဟာ ယခင် Galaxy Buds တွေနဲ့ ဒီဇိုင်းပုံစံရော ဈေးနှုန်းရော ပြောင်းလဲမှုမရှိပဲ၊ Euro 149.90 (မြန်မာကျပ်ငွေ ၂၅၀,၀၀၀ ကျော်ခန့်) နဲ့ ရောင်းချပေးသွားမှာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

ယခုေနာက္ပိုင္း လူငယ္ေတာ္ေတာ္မ်ားမ်ားၾကားမွာ သီခ်င္းေတြနားဆင္ဖို႔ ေခတ္စားလာတဲ့ gadgets ေလးေတြကေတာ့ ႀကိဳးမဲ့ earphone ေလးေတြပဲ ျဖစ္ပါတယ္။

ယခင္ကေတာ့ ႀကိဳးပါတဲ့ bluetooth စနစ္ earphone ေတြ ေခတ္စားခဲ့ေသးေပမယ့္ ယခုလက္ရွိမွာ ႀကိဳးလုံးဝပါရွိေတာ့ပဲ နားထဲမွာ ၿမဲၿမံစြာကုတ္တြယ္ထားႏိုင္တဲ့ earphone ပုံစံေတြအျဖစ္ အသြင္ေျပာင္းလဲလာခဲ့ပါတယ္။

Apple, Samsung, Huawei, Xiaomi တို႔လို႔ စမတ္ဖုန္းကုမၸဏီေတြကလည္း ၎တို႔ရဲ႕ ႀကိဳးမဲ့ bluetooth earphone ေတြကို အၿပိဳင္အဆိုင္ မိတ္ဆက္ခဲ့တာလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ယခုတစ္ခါမွာေတာ့ Samsung ရဲ႕ အသစ္မိတ္ဆက္မယ့္ Galaxy Note 10 နဲ႔အတူ ထြက္ေပၚလာမယ့္ Galaxy Buds ေငြေရာင္ေလး အေၾကာင္းကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Samsung Galaxy Buds ရဲ႕ အသံပိုင္းကို headphone နဲ႔ microphone ေတြ ထုတ္လုပ္ေနတဲ့ AKG Acoustics မွ ေထာက္ပံ့ေပးထားတာ ျဖစ္ပါတယ္။အဆိုပါ Bud မွာ 58mAh ဘက္ထရီ ပါဝင္ၿပီး ၆ နာရီၾကာ အသုံးျပဳႏိုင္မယ္လို႔ Samsung က ဆိုထားပါတယ္။၎ကို အားျပန္သြင္းေပးတဲ့ charging case ကေတာ့ 252mAh ဘက္ထရီ ထည့္သြင္းေပးထားၿပီး Galaxy Buds ကို ႏွစ္ႀကိမ္အားသြင္းေပးႏိုင္မွာ ျဖစ္ပါတယ္။အျခားေသာ ႀကိဳးမဲ့ earphone ေတြလိုပဲ bluetooth 5.0 စနစ္ကိုပဲ အသုံးျပဳေပးထားတာ ျဖစ္ပါတယ္။ဒါ့အျပင္ Samsung ရဲ႕ Bixby လို႔ အမည္ရတဲ့ voice assistant ကိုလည္း command ေပးႏိုင္မွာျဖစ္ၿပီး၊ “Play my morning playlist, လို႔ ႏႈတ္မွ အမိန႔္ေပးထားတာနဲ႔ earphone နဲ႔ စမတ္ဖုန္းကို မထိေတြ႕ပဲ အလိုအေလ်ာက္ သီခ်င္းဖြင့္ေပးသြားမွာ ျဖစ္ပါတယ္။

ယခင္ကေတာ့ black, white နဲ႔ yellow အေရာင္သုံးမ်ိဳး ထြက္ရွိထားၿပီး၊ ယခု silver နဲ႔ဆို အေရာင္အေသြး ေလးမ်ိဳးရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ထြက္ရွိလာေတာ့မယ့္ Samsung Galaxy Buds silver ဟာ ယခင္ Galaxy Buds ေတြနဲ႔ ဒီဇိုင္းပုံစံေရာ ေဈးႏႈန္းေရာ ေျပာင္းလဲမႈမရွိပဲ၊ Euro 149.90 (ျမန္မာက်ပ္ေငြ ၂၅၀,၀၀၀ ေက်ာ္ခန႔္) နဲ႔ ေရာင္းခ်ေပးသြားမွာလည္း ျဖစ္ပါတယ္။

Damien