【 နည်းပညာ 】 သတင်းထောက်တွေရဲ့ စမတ်ဖုန်းများကို အစ္စရေး သူလျှိုဆော့ဖ်ဝဲလ် တိုက်ခိုက်

【 နည်းပညာ 】 သတင်းထောက်တွေရဲ့ စမတ်ဖုန်းများကို အစ္စရေး သူလျှိုဆော့ဖ်ဝဲလ် တိုက်ခိုက်

အစ္စရေးရဲ့ သူလျှိုဆော့ဖ်ဝဲလ်ဟာ သတင်းထောက်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးအမှုဆောင်များနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဆော်ဒီ ဂျာနယ်လစ် ဂျမဲလ် ခါရှော့ဂီတို့ ပိုင်ဆိုင်သော စမတ်ဖုန်းပေါင်းမြောက်မြားစွာကို တိုက်ခိုက်ဖောက်ထွင်းမှု ပြုလုပ်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာနှင့် အခြားသော သတင်းဌာနအဖွဲ့အစည်း ၁၆ ခုတို့က ဖော်ပြခဲ့ပါတယ်။

စစ်တပ်အဆင့်ရှိ လျှို့ဝှက် သူလျှိုဆော့ဖ်ဝဲလ်တွေကို အစ္စရေးဆော့ဖ်ဝဲလ်ကုမ္ပဏီ NSO Group မှ လိုင်စင်ချပေးထားတာဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်ဖောက်ထွင်းခံရတဲ့ စမတ်ဖုန်းတွေရဲ့ နံပါတ်တွေ ၅၀,၀၀၀ ကျော်ခန့်ရှိနိုင်ပြီး အဆိုပါနံပါတ်တွေဟာ လူဦးရေစစ်‌တမ်းကောက်သော နိုင်ငံများမှာ အခြေပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ နံပါတ်တွေကို ပါရီအခြေစိုက် ဂျာနယ်လစ်အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့ Amnesty International တို့က အခြားသောသတင်းဌာနအဖွဲ့အစည်းများသို့ ဝေမျှထုတ်ပြန်ပေးခဲ့ဝာာဖြစ်ပါတယ်။

အစ္စရေး‌ဆော့ဖ်ဝဲလ်ကုမ္ပဏီ NSO Group ဘက်ကတော့ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေဟာ မှားယွင်းတယ်လို့ တုံ့ပြန်ခဲ့ပြီး၊ ထုတ်ပြန်ချက်တွေမှာ ထင်သာမြင်သာရှိတဲ့ အချက်အလက်များကို အခြေခံထားခြင်းမရှိပဲ၊ အချက်အလက်များကို လှည့်ဖြားထားပြီး စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခြင်းမရှိသော သီအိုရီများအပေါ်တွင် အခြေခံထားတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် NSO Group မှ ၎င်းတို့အနေနဲ့ အလွဲသုံးစားပြုလုပ်ခြင်းရဲ့ ခိုင်လုံသောစွပ်စွဲချက်များအား ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး၊ သင့်လျော်သော အရေးယူမှုများကို ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

NSO Group ရဲ့ Pegasus spyware ဆော့ဖ်ဝဲလ်ဟာ ကမ္ဘာတဝန်းမှာ လိုင်စင်ရထားပြီဖြစ်ပြီး၊ စမတ်ဖုန်းတွေရဲ့ အချက်အလက်များကို‌‌ ဖောက်ထွင်းနိုင်ပြီး မိုက်ကရိုဖုန်းကိုလည်း ဖွင့်နိုင်မှာဖြစ်ပါတယ်။ NSO ကတော့ အဆိုပါဆော့ဖ်ဝဲလ်ကို အကြမ်းဖက်သမားများနဲ့ အခြားရာဇဝတ်သားများကို စစ်ဆေးရာတွင် အသုံးပြုတာဖြစ်ပါတယ်။

Damien
ဇူလိုင် - ၂၁