【 နည်းပညာ 】 သတင်းအချက်အလက်အမှားများပါဝင်တဲ့ ဗီဒီယိုပေါင်း တစ်သန်းခန့်ကို YouTube ဖျက်ချ

【 နည်းပညာ 】 သတင်းအချက်အလက်အမှားများပါဝင်တဲ့ ဗီဒီယိုပေါင်း တစ်သန်းခန့်ကို YouTube ဖျက်ချ

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အချက်အလက်အမှားများပါဝင်နေသော ဗီဒီယိုပေါင်း တစ်သန်းခန့်ကို YouTube မှ ဖျက်ချခဲ့ပါတယ်။

အန္တရာယ်ရှိသော မှားယွင်းသော ကုသမှုများနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အချက်အလက်အမှားများ ပါဝင်နေတဲ့အတွက် ဖျက်ချခဲ့ခြင်းဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ကုန်အရာရှိချုပ် နီးလ် မိုဟန် (Neal Mohan) က ဆိုပါတယ်။

အခြားသော ဘလော့ဂ်များရဲ့ အချက်အလက်များအရ YouTube ဗီဒီယိုပလက်ဖောင်းဟာ ဗီဒီယိုပေါင်း ၁၀ သန်းနီးပါးကို ဖယ်ရှားခဲ့သည်ဟု သိရပြီး၊ ဖယ်ရှားခံသော ဗီဒီယိုများမှာ ကြည့်ရှုမှု ၁၀ ကြိမ်အောက်သာရရှိခဲ့ပြီး YouTube ရဲ့ ချမှတ်ထားတဲ့ မူဝါဒများကို ချိုးဖောက်မှုကြောင်း ဖယ်ရှားခံရတာလည်းဖြစ်ပါတယ်။

YouTube အနေနဲ့ အချက်အလက်အမှားများကို ရှာဖွေဖော်ထုတ် ဖယ်ရှားမှုဟာ လုံလောက်သော စွမ်းဆောင်ရည်မရှိသေးပေမယ့်လည်း အန္တရာယ်ရှိသောသတင်းမှားများဖြင့် ဗွီဒီယိုများပြန့်ပွားခြင်းကိုလျှော့ချရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း မိုဟန် က မှတ်ချက်ပြုခဲ့ပါတယ်။

“နိုင်ငံရေး ရည်ရွယ်ချက် အကြောင်းအရာ အချက်အလက်အမှားများကိုလည်း ဖျက်ချရန် အရှိန်အဟုန်နှင့် ကြိုးပမ်းလျက်ရှိနေတာကိုလည်း ကျနော်တို့ မြင်တွေ့ရပါတယ်” မိုဟန် က ရေးသားခဲ့ပါတယ်။

ယခုနောက်ပိုင်း YouTube ဗီဒီယိုပလက်ဖောင်းအပြင် လူမှုကွန်ယက်ကြီးများဖြစ်သော Twitter, Facebook တို့ကလည်း သတင်းအမှားများ အချက်အလက်အမှားများ ပျံ့နှံ့နေမှုကို အရှိန်အဟုန်နှင့် ထိန်းချုပ်လျက်ရှိနေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ လူမှုကွန်ယက်တွေဟာ သတင်းမှားတွေနဲ့ လူသတ်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။

Damien
စက်တင်ဘာ - ၈