【 နည်းပညာ 】 သုံးနှစ်အတွင်း လပေါ်ခြေချမယ့် SpaceX ရဲ့ အစီအစဉ် ကြေညာ

【 နည်းပညာ 】 သုံးနှစ်အတွင်း လပေါ်ခြေချမယ့် SpaceX ရဲ့ အစီအစဉ် ကြေညာ

SpaceX တည်ထောင်သူ အီလွန်မက်စ် (Elon Musk) က လာမယ့် ၂၀၂၁ ခုနှစ်မှာ လပေါ်ခြေချဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် လပေါ် လူလိုက်ပါမယ့် SpaceX အာကာသယာဉ်ကတော့ ၂၀၂၃ ခုနှစ်မှသာ အကောင်အထည် ပေါ်လာဖွယ်ရှိတယ်လို့ မက်စ် က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် မတိုင်မီ နာဆာမှ Artemis Programme အတွက် လပေါ်သို့ အဖွဲ့သားများ စေလွှတ်သွားနိုင်မယ်လို့ ယုံကြည်နေပြီး ၎င်းအဖွဲ့မှာ အမျိုးသမီး အာကာသယာဉ်မှူးလည်း ပါဝင်မယ်လို့ CNET အဆိုအရ သိရပါတယ်။

နာဆာရဲ့ Administrator ဖြစ်တဲ့ Jim Bridenstine ရဲ့ ပြောကြားချက်အရ ယခင်က လပေါ်ကို လွှတ်တင်ဖို့ SpaceX Falcon Heavy ကို အသုံးပြုသွားဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ နာဆာရဲ့ Space Launch System ကိုပဲ အသုံးပြုသွားမယ်လို့် ဆိုပါတယ်။

လပေါ်လွှတ်တင်မယ့် SpaceX ရဲ့ project ကတော့ စတင်နေပြီဖြစ်ပြီး အင်္ဂါနေ့က starship ရဲ့ စမ်းသပ်ပုံစံကို ပစ်လွှတ်စမ်းသပ်နေခဲ့ပြီးဖြစ်ပြီး ထိခိုက်မှုကြီးကြီးမားမားမရှိပဲ အောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခုနှစ်အစောပိုင်းက စမ်းသပ်ခဲ့တဲ့ SpaceX ရဲ့ Crew Dragon ကတော့ စမ်းသပ်ပစ်လွှတ်စဉ်မှာပဲ ပျက်စီးသွားခဲ့တာလည်းဖြစ်ပြီး ယခု starship ကတော့ အောင်မြင်မှုရရှိခဲ့တဲ့အတွက် လပေါ်လူလိုက်ပါမယ့် SpaceX ရဲ့ အစီအစဉ်ဟာ လာမယ့် ၃ နှစ်လောက်မှာ အကောင်အထည်ပေါ်လာဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

SpaceX တည္ေထာင္သူ အီလြန္မက္စ္ (Elon Musk) က လာမယ့္ ၂၀၂၁ ခုႏွစ္မွာ လေပၚေျခခ်ဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဒါေပမယ့္ လေပၚ လူလိုက္ပါမယ့္ SpaceX အာကာသယာဥ္ကေတာ့ ၂၀၂၃ ခုႏွစ္မွသာ အေကာင္အထည္ ေပၚလာဖြယ္ရွိတယ္လို႔ မက္စ္ က ဆိုပါတယ္။

ဒါ့အျပင္ ၂၀၂၃ ခုႏွစ္ မတိုင္မီ နာဆာမွ Artemis Programme အတြက္ လေပၚသို႔ အဖြဲ႕သားမ်ား ေစလႊတ္သြားႏိုင္မယ္လို႔ ယုံၾကည္ေနၿပီး ၎အဖြဲ႕မွာ အမ်ိဳးသမီး အာကာသယာဥ္မႉးလည္း ပါဝင္မယ္လို႔ CNET အဆိုအရ သိရပါတယ္။

နာဆာရဲ႕ Administrator ျဖစ္တဲ့ Jim Bridenstine ရဲ႕ ေျပာၾကားခ်က္အရ ယခင္က လေပၚကို လႊတ္တင္ဖို႔ SpaceX Falcon Heavy ကို အသုံးျပဳသြားဖို႔ ရည္႐ြယ္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ နာဆာရဲ႕ Space Launch System ကိုပဲ အသုံးျပဳသြားမယ္လို႔္ ဆိုပါတယ္။

လေပၚလႊတ္တင္မယ့္ SpaceX ရဲ႕ project ကေတာ့ စတင္ေနၿပီျဖစ္ၿပီး အဂၤါေန႔က starship ရဲ႕ စမ္းသပ္ပုံစံကို ပစ္လႊတ္စမ္းသပ္ေနခဲ့ၿပီးျဖစ္ၿပီး ထိခိုက္မႈႀကီးႀကီးမားမားမရွိပဲ ေအာင္ျမင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ယခုႏွစ္အေစာပိုင္းက စမ္းသပ္ခဲ့တဲ့ SpaceX ရဲ႕ Crew Dragon ကေတာ့ စမ္းသပ္ပစ္လႊတ္စဥ္မွာပဲ ပ်က္စီးသြားခဲ့တာလည္းျဖစ္ၿပီး ယခု starship ကေတာ့ ေအာင္ျမင္မႈရရွိခဲ့တဲ့အတြက္ လေပၚလူလိုက္ပါမယ့္ SpaceX ရဲ႕ အစီအစဥ္ဟာ လာမယ့္ ၃ ႏွစ္ေလာက္မွာ အေကာင္အထည္ေပၚလာဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Damien