【 နည်းပညာ 】 သွက်လက်မြန်ဆန်တဲ့ မျက်နှာပြင်နဲ့ OnePlus 8T

【 နည်းပညာ 】 သွက်လက်မြန်ဆန်တဲ့ မျက်နှာပြင်နဲ့ OnePlus 8T

OnePlus ကုမ္ပဏီကတော့ ၎င်းရဲ့ စမတ်ဖုန်းထုတ်ကုန်သစ်အဖြစ် OnePlus 8T ကို မိတ်ဆက်လိုက်ပါပြီ။

အသစ်မိတ်ဆက်လိုက်တဲ့ OnePlus 8T စမတ်ဖုန်းမှာ အလွန်မြန်ဆန်တဲ့ အားသွင်းစနစ်၊ ထိတွေ့ရာမှာ သွက်လက်မြန်ဆန်တဲ့ မျက်နှာပြင်တို့ ထည့်သွင်းပါဝင်တာကိုလည်း မြင်တွေ့ရပါတယ်။

ပထမဆုံးအနေနဲ့ ၎င်းစမတ်ဖုန်းရဲ့ သွက်လက်မြန်ဆန်တဲ့ မျက်နှာပြင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ OnePlus 8T မှာ ၆.၅၅ လက်မ အရွယ်အစားရှိတဲ့ ကြီးမားတဲ့ AMOLED 1080p+ မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။မျက်နှာပြင်ကို ထိတွေ့အသုံးပြုရာမှာ သွက်လက်မြန်ဆန်စေဖို့ 120Hz display နည်းပညာကို ထည့်သွင်းပေးထားပါတယ်။သာမန်စမတ်ဖုန်းတစ်လုံးမှာတော့ 60Hz display ဟာ ပါဝင်တာပါ။ OnePlus 8T ရဲ့ မျက်နှာပြင်ဟာ A+ အဆင့် သတ်မှတ်ခံထားရတာဖြစ်ပြီး၊ ရုပ်ထွက်ကြည်လင်စိုပြေ ပြတ်သားရာမှာ အခြားသော သာမန်စမတ်ဖုန်းတွေ များစွာသာလွန်နေမှာပါပဲ။

OnePlus 8T ဆိုလိုက်တာနဲ့ 65W မြန်နှုန်းမြှင့် အားသွင်းစနစ်ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရတော့မှာပါ။ဘက်ထရီအား ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းထိ အားအပြည့်သွင်းရန် ၃၉ မိနစ်ပဲ အချိန်ယူရမယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် ၁၅ မိနစ် အားသွင်းထားရုံနဲ့ တနေကုန် အသင့်အနေအထား အသုံးပြုနိုင်မယ်လို့ ဆိုထားပါသေးတယ်။ OnePlus 8T ရဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်ကြောင့် အားသွင်းချိန် ပိုမိုသက်သာစေမှာတော့ အမှန်ပါပဲ။ 65W လို အလွန်မြန်ဆန်တဲ့ အားသွင်းစနစ်နဲ့ အားသွင်းရာမှာ စမတ်ဖုန်းမပူဘူးလားလို့ မေးစရာတော့ ရှိလာပါတယ်။ OnePlus ကတော့ အားသွင်းရာမှာ အပူချိန်တက်မလာစေရန် အပူအာရုံခံကိရိယာတွေနဲ့ ထိန်းချုပ်ပေးထားတယ်လို့ ပြောကြားထားပါတယ်။ဒီအတွက် သုံးစွဲသူအနေနဲ့ အားသွင်းရင်း စမတ်ဖုန်းအပူချိန်လွန်ကဲလာတာကို စိတ်ပူစရာမလိုတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

OnePlus 8T ကို Snapdragon 865 SoC နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီကတော့ 8GB နဲ့ 12GB တို့ ဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုကတော့ 128GB နဲ့ 256GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။နောက်ဘက် ကင်မရာလေးလုံးပါဝင်ပြီး 48MP အသုံးပြုပေးထားကာ ဓာတ်ပုံရိုက်ရာမှာ တည်ငြိမ်စေရန် OIS စနစ် ထောက်ပံ့ပါဝင်ပါတယ်။

OnePlus 8T ဟာ အစိမ်းနုရောင်နဲ့ ငွေရောင် နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။

Damien

( Zawgyi )

OnePlus ကုမၸဏီကေတာ့ ၎ရဲ႕ စမတ္ဖုန္းထုတ္ကုန္သစ္အျဖစ္ OnePlus 8T ကို မိတ္ဆက္လိုက္ပါၿပီ။

အသစ္မိတ္ဆက္လိုက္တဲ့ OnePlus 8T စမတ္ဖုန္းမွာ အလြန္ျမန္ဆန္တဲ့ အားသြင္းစနစ္၊ ထိေတြ႕ရာမွာ သြက္လက္ျမန္ဆန္တဲ့ မ်က္ႏွာျပင္တို႔ ထည့္သြင္းပါဝင္တာကိုလည္း ျမင္ေတြ႕ရပါတယ္။

ပထမဆုံးအေနနဲ႔ ၎စမတ္ဖုန္းရဲ႕ သြက္လက္ျမန္ဆန္တဲ့ မ်က္ႏွာျပင္အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ OnePlus 8T မွာ ၆.၅၅ လက္မ အ႐ြယ္အစားရွိတဲ့ ႀကီးမားတဲ့ AMOLED 1080p+ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားပါတယ္။မ်က္ႏွာျပင္ကို ထိေတြ႕အသုံးျပဳရာမွာ သြက္လက္ျမန္ဆန္ေစဖို႔ 120Hz display နည္းပညာကို ထည့္သြင္းေပးထားပါတယ္။သာမန္စမတ္ဖုန္းတစ္လုံးမွာေတာ့ 60Hz display ဟာ ပါဝင္တာပါ။ OnePlus 8T ရဲ႕ မ်က္ႏွာျပင္ဟာ A+ အဆင့္ သတ္မွတ္ခံထားရတာျဖစ္ၿပီး၊ ႐ုပ္ထြက္ၾကည္လင္စိုေျပ ျပတ္သားရာမွာ အျခားေသာ သာမန္စမတ္ဖုန္းေတြ မ်ားစြာသာလြန္ေနမွာပါပဲ။

OnePlus 8T ဆိုလိုက္တာနဲ႔ 65W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ကို မျဖစ္မေန ထည့္သြင္းေဖာ္ျပရေတာ့မွာပါ။ဘက္ထရီအား ၀ ရာခိုင္ႏႈန္းကေန ၁၀၀ ရာခိုင္ႏႈန္းထိ အားအျပည့္သြင္းရန္ ၃၉ မိနစ္ပဲ အခ်ိန္ယူရမယ္လို႔ ဆိုထားပါတယ္။ဒါ့အျပင္ ၁၅ မိနစ္ အားသြင္းထား႐ုံနဲ႔ တေနကုန္ အသင့္အေနအထား အသုံးျပဳႏိုင္မယ္လို႔ ဆိုထားပါေသးတယ္။ OnePlus 8T ရဲ႕ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ေၾကာင့္ အားသြင္းခ်ိန္ ပိုမိုသက္သာေစမွာေတာ့ အမွန္ပါပဲ။ 65W လို အလြန္ျမန္ဆန္တဲ့ အားသြင္းစနစ္နဲ႔ အားသြင္းရာမွာ စမတ္ဖုန္းမပူဘူးလားလို႔ ေမးစရာေတာ့ ရွိလာပါတယ္။ OnePlus ကေတာ့ အားသြင္းရာမွာ အပူခ်ိန္တက္မလာေစရန္ အပူအာ႐ုံခံကိရိယာေတြနဲ႔ ထိန္းခ်ဳပ္ေပးထားတယ္လို႔ ေျပာၾကားထားပါတယ္။ဒီအတြက္ သုံးစြဲသူအေနနဲ႔ အားသြင္းရင္း စမတ္ဖုန္းအပူခ်ိန္လြန္ကဲလာတာကို စိတ္ပူစရာမလိုေတာ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။

OnePlus 8T ကို Snapdragon 865 SoC နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ မမ္မိုရီကေတာ့ 8GB နဲ႔ 12GB တို႔ ျဖစ္ပါတယ္။သိမ္းဆည္းႏိုင္မႈကေတာ့ 128GB နဲ႔ 256GB တို႔ကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ေနာက္ဘက္ ကင္မရာေလးလုံးပါဝင္ၿပီး 48MP အသုံးျပဳေပးထားကာ ဓာတ္ပုံ႐ိုက္ရာမွာ တည္ၿငိမ္ေစရန္ OIS စနစ္ ေထာက္ပံ့ပါဝင္ပါတယ္။

OnePlus 8T ဟာ အစိမ္းႏုေရာင္နဲ႔ ေငြေရာင္ ႏွစ္မ်ိဳးထြက္ရွိမွာျဖစ္ၿပီး၊ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ စတင္ေရာင္းခ်ေပးသြားမယ္လို႔ သိရွိရပါတယ္။

Damien