【 နည်းပညာ 】 အချိန်တိုအတွင်း အောင်မြင်လာတဲ့ Xiaomi ကုမ္ပဏီအကြောင်း

【 နည်းပညာ 】 အချိန်တိုအတွင်း အောင်မြင်လာတဲ့ Xiaomi ကုမ္ပဏီအကြောင်း

Xiaomi ဆိုတဲ့ အမှတ်တံဆိပ်အမည်ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးအတွက် နာမည်စိမ်းတစ်ခုမဟုတ်တော့ပါဘူး။

ယခုအချိန်မှာတော့ Xiaomi ကုမ္ပဏီဟာ ကမ္ဘာတဝန်း လူကြိုက်များတဲ့ စမတ်ဖုန်းတွေ၊ လက်ပ်တော့ကွန်ပျူတာတွေနဲ့ စမတ်ထုတ်ကုန်တွေကို ထုတ်လုပ်နေပြီဖြစ်ပြီး အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ ၁၁ နှစ်အကြာ ၂၀၁၀ ခုနှစ် ဧပြီလမှာ Xiaomi ကုမ္ပဏီ ပေါ်ထွက်လာခဲ့ဝာာဖြစ်ပါတယ်။ Xiaomi ကုမ္ပဏီဟာ စမတ်ဖုန်း‌တွေ၊ စမတ်ဖုန်းဆော့ဖ်ဝဲလ်တွေ၊ လက်ပ်တော့ကွန်ပျူတာတွေ၊ အိမ်သုံးပစ္စည်းတွေ၊ စမတ်ထုတ်ကုန်တွေနဲ့ အခြားသောထုတ်ကုန်နယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

Xiaomi ရဲ့ ပထမဆုံး စမတ်ဖုန်းဟာ ၂၀၁၁ ခုနှစ် ဩဂုတ်လမှာ ထွက်ရှိလာခဲ့ပြီးနောက် စမတ်ဖုန်းဈေးကွက်အတွင်း အလျင်အမြန် နာမည်ရလာခဲ့ကာ ၂၀၁၄ ခုနှစ်မှာတော့ တရုတ်နိုင်ငံအတွင်း အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အရောက်မှာတော့ ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံးသော စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်လာခဲ့ပြီးနောက် ယခုအချိန်မှာတော့ Xiaomi ဟာ အလွန်အောင်မြင်တဲ့ အမှတ်တံဆိပ်ကြီးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီကိုတော့ လေကျွင်း (Lei Jun) နဲ့အတူ ပူးတွဲ ၆ ဦးက စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီ‌ အချိန်တိုအတွင်း အောင်မြင်လာရခြင်းဟာ သုံးစွဲသူအပေါ် စေတနာထားပြီး ဈေးနှုန်းနည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ထုတ်ကုန်တွေကို ထုတ်လုပ်ပေးမှုက တရုတ်နိုင်ငံတွင်းနဲ့ အာရှတခွင်မှာ လူကြိုက်များပြီး ရောင်းအား အလွန်တရာကောင်းမွန်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။

Xiaomi ကုမ္ပဏီမှာ အခြားသောအောင်မြင်လျက်ရှိတဲ့ အမှတ်တံဆိပ်ခွဲတွေလည်းရှိနေပြီး Redmi, POCO, Back Shark, Mijia တို့ကတော့ လက်ရှိဈေးကွက်တွေအတွင်းမှာ အောင်မြင်နေလျက်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ Xiaomi ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းစာရင်း အဆင့်ငါးအတွင်းဝင်တဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

Damien
စက်တင်ဘာ - ၁၀