【 နည်းပညာ 】 အမိုက်စား ကင်မရာစွမ်းဆောင်ရည်နဲ့ ပွဲထွက်လာခဲ့တဲ့ OnePlus စမတ်ဖုန်းသစ်

【 နည်းပညာ 】 အမိုက်စား ကင်မရာစွမ်းဆောင်ရည်နဲ့ ပွဲထွက်လာခဲ့တဲ့ OnePlus စမတ်ဖုန်းသစ်

OnePlus ချစ်သူတွေ မျှော်လင့်နေခဲ့တဲ့ OnePlus Nord မျိုးဆက်သစ် စမတ်ဖုန်းကတော့ ထွက်ရှိလာခဲ့ပါပြီ။

OnePlus Nord 2 5G လို့ အမည်ပေးထားတဲ့ အလယ်လတ်တန်းစား စမတ်ဖုန်းသစ်ဟာ ပထမဆုံးအနေနဲ့ Dimensity chipset နဲ့ ပွဲထွက်လာခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့ OnePlus 9 series ပုံစံကိုယူကာ ထုတ်လုပ်ထားတာကို မြင်တွေ့ရပြီး မျက်နှာပြင်ပိုင်းကတော့ ၆.၄၃ လက်မ အရွယ်အစားရှိတဲ့ Fluid AMOLED ဖြစ်ပါတယ်။ 90Hz refresh rate နည်ပညာကိုလည်း ပေါင်းထည့်ပေးထားပါသေးတယ်။ပထမဆုံးအနေနဲ့ OnePlus နဲ့ Dimensity 1200 5G chipset ပူးပေါင်းထားတာကို မြင်တွေ့ခဲ့ရပြီး၊ သွက်သွက်လက်လက် အသုံးပြုနိုင်မှာ‌တော့ အသေအချာပါပဲ။လက်ဗွေစနစ်ကိုတော့ မျက်နှာပြင်အောက်ဖက်မှာပဲ မြှုပ်နှံပေးထားပြီး၊ ဘက်ထရီပမာဏကတော့ 4,500mAh ကို ထည့်သွင်းပေးထားပါတယ်။

OnePlus Nord 2 5G ကို OnePlus ဘက်က ယခင် Nord စမတ်ဖုန်းထက် ကြီးမားတဲ့အဆင့်မြှင်မှုတွေကို ယူဆောင်လာခဲ့ဝာာကို မြင်တွေ့ရပါတယ်။မြန်နှုန်းမြှင့်အားသွင်းစနစ်အဖြစ် 65W မြန်နှုန်းကို ထည့်သွင်းပေးထားပြီး၊ ယခင် 30W မြန်နှုန်းထက် ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်တော့မှာပါ။ OnePlus ဘက်က‌‌တော့ အားအပြည့်သွင်းရန် အချိန် မိနစ် ၃၀ ပဲ လိုအပ်တယ်လို့ ဆိုထားပါတယ်။နောက်ထပ် အဆင့်မြှင့်တင်မှုကတော့ ကင်မရာပိုင်းပါပဲ 50MP Sony IMX766 OIS နည်းပညာပါဝင်တဲ့ အဓိက ကင်မရာကို ထည့်သွင်းပေးထားမှုက ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် မြင်ကွင်းကျယ်ရိုက်ကူးရန် 8MP ultrawide နဲ့ သေးငယ်သောအရာဝတ္ထုများကို ရိုက်ကူးရန် 2MP macro ကင်မရာတို့ကိုလည်း ပူးတွဲတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ OnePlus Nord 2 5G မှာ ယခင် Nord စမတ်ဖုန်းတွေမှာ မပါဝင်ခဲ့တဲ့ stereo speaker လည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

OnePlus Nord 2 5G ဟာ အရောင်းသုံးမျိုးထွက်ရှိမှာဖြစ်ပြီူ မီးခိုးရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တို့ကို ရွေးချယ်နိုင်မယ်လို့ ဆိုထားပါတယ်။

Damien
ဇူလိုင် - ၂၃