【 နည်းပညာ 】 အလန်းစား အကြမ်းစား specs တွေပါတဲ့ Asus ROG Phone ll

【 နည်းပညာ 】 အလန်းစား အကြမ်းစား specs တွေပါတဲ့ Asus ROG Phone ll

အားလုံးမျှော်လင့် စောင့်စားနေခဲ့ရတဲ့ Asus ရဲ့ ROG Phone ll လို့ အမည်ရတဲ့ gaming စမတ်ဖုန်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

Asus ROG Phone ll မှာ ဒီဇိုင်းပိုင်းအရ အများကြီးပြောင်းလဲခဲ့ခြင်းမရှိပဲ ၎င်းမှာပါဝင်တဲ့ specs တွေကတော့ ယခင် ROG ဖုန်းထက် ပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။

ပထမဆုံး အဆင့်မြှင့်တင်မှုကတော့ မျက်နှာပြင်ပါပဲ 6.59-inch, 1080 OLED panel တပ်ဆင်ထားပြီး၊ မျက်နှာပြင်ရဲ့ refresh rate ကတော့ 120Hz ဖြစ်ပါတယ်။နောက်ထပ် အဆင့်မြှင့်တင်မှုကတော့ CPU ပိုင်းပါ နောက်ဆုံးပေါ် Qualcomm ရဲ့ Snapdragon 855 Plus နဲ့ မောင်းနှင်ပေးထားတာဖြစ်ပြီး၊ ဂိမ်းတွေကို အထစ်အငေါ့မရှိပဲ အဆင်ပြေစွာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ အားရကျေနပ်စရာပါပဲ 6,000mAh ထည့်သွင်းပေးထားပြီး၊ PUBG ဂိမ်းကို မျက်နှာပြင် refresh rate 60Hz နဲ့ ၇ နာရီကြာ မရပ်မနား ဆော့နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

Asus ROG Phone ll မှာ အမြင့်ဆုံးအနေနဲ့ RAM 12GB, သိမ်းဆည်းနိုင်မှုပမာဏ 512GB ထိ ပါဝင်မှာလည်း ဖြစ်ပါတယ်။ဖုန်းအပူချိန်ကို လျှော့ချပေးဖို့အတွက် AeroActive Cooler fan ကိုတော့ ဂိမ်းခလုတ်မှာ ထည့်သွင်းထားမှာဖြစ်ပြီး၊ ဖုန်းမှာ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Asus ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Nubia နဲ့ Xiaomi တို့ကလည်း gaming စမတ်ဖုန်းတွေ မိတ်ဆက်တော့မှာပါ။ gamers တွေအတွက်ကတော့ ရွေးချယ်စရာတွေ ပိုမိုများပြားလာတော့မှာဖြစ်ပြီး၊ Asus, Nubia နဲ့ Xiaomi တို့ရဲ့ အပြိုင်အဆိုင် ထုတ်လုပ်မှုတွေကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

အားလုံးေမွ်ာ္လင့္ ေစာင့္စားေနခဲ့ရတဲ့ Asus ရဲ႕ ROG Phone ll လို႔ အမည္ရတဲ့ gaming စမတ္ဖုန္းကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။

Asus ROG Phone ll မွာ ဒီဇိုင္းပိုင္းအရ အမ်ားႀကီးေျပာင္းလဲခဲ့ျခင္းမရွိပဲ ၎မွာပါဝင္တဲ့ specs ေတြကေတာ့ ယခင္ ROG ဖုန္းထက္ ပိုမိုျမင့္မားေနတာကို ေတြ႕ရပါတယ္။

ပထမဆုံး အဆင့္ျမႇင့္တင္မႈကေတာ့ မ်က္ႏွာျပင္ပါပဲ 6.59-inch, 1080 OLED panel တပ္ဆင္ထားၿပီး၊ မ်က္ႏွာျပင္ရဲ႕ refresh rate ကေတာ့ 120Hz ျဖစ္ပါတယ္။ေနာက္ထပ္ အဆင့္ျမႇင့္တင္မႈကေတာ့ CPU ပိုင္းပါ ေနာက္ဆုံးေပၚ Qualcomm ရဲ႕ Snapdragon 855 Plus နဲ႔ ေမာင္းႏွင္ေပးထားတာျဖစ္ၿပီး၊ ဂိမ္းေတြကို အထစ္အေငါ့မရွိပဲ အဆင္ေျပစြာ ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ဘက္ထရီပမာဏကေတာ့ အားရေက်နပ္စရာပါပဲ 6,000mAh ထည့္သြင္းေပးထားၿပီး၊ PUBG ဂိမ္းကို မ်က္ႏွာျပင္ refresh rate 60Hz နဲ႔ ၇ နာရီၾကာ မရပ္မနား ေဆာ့ႏိုင္လိမ့္မယ္လို႔လည္း ဆိုပါတယ္။

Asus ROG Phone ll မွာ အျမင့္ဆုံးအေနနဲ႔ RAM 12GB, သိမ္းဆည္းႏိုင္မႈပမာဏ 512GB ထိ ပါဝင္မွာလည္း ျဖစ္ပါတယ္။ဖုန္းအပူခ်ိန္ကို ေလွ်ာ့ခ်ေပးဖို႔အတြက္ AeroActive Cooler fan ကိုေတာ့ ဂိမ္းခလုတ္မွာ ထည့္သြင္းထားမွာျဖစ္ၿပီး၊ ဖုန္းမွာ တပ္ဆင္အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Asus ရဲ႕ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Nubia နဲ႔ Xiaomi တို႔ကလည္း gaming စမတ္ဖုန္းေတြ မိတ္ဆက္ေတာ့မွာပါ။ gamers ေတြအတြက္ကေတာ့ ေ႐ြးခ်ယ္စရာေတြ ပိုမိုမ်ားျပားလာေတာ့မွာျဖစ္ၿပီး၊ Asus, Nubia နဲ႔ Xiaomi တို႔ရဲ႕ အၿပိဳင္အဆိုင္ ထုတ္လုပ္မႈေတြကို ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien