【 နည်းပညာ 】 အလွန်ကြီးမားသော ဂြိုဟ်သိမ်ကြီးတစ်ခု ကမ္ဘာအနီးက ဖြတ်သန်းသွားမည်

【 နည်းပညာ 】 အလွန်ကြီးမားသော ဂြိုဟ်သိမ်ကြီးတစ်ခု ကမ္ဘာအနီးက ဖြတ်သန်းသွားမည်

အရွယ်အစား ၉၈၄ ပေအထိ ရှိနိုင်တဲ့ အာကာသကျောက်တုံးကြီးဟာ ကမ္ဘာအနီးကနေ ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။

အဆိုပါဂြိုဟ်သိမ်ကြီးဟာ လန်ဒန်မြို့ရှိ Big Ben ဟု လူသိများတဲ့ Elizabeth Tower ထက် အရွယ်အစား သုံးဆပိုကြီးမားမှာဖြစ်ပါတယ်။

နာဆာဘက်ကတော့ ကမ္ဘာနဲ့ နီးကပ်လာတယ်လို့ ယူဆရတဲ့စာရင်းထဲ ပါဝင်လာတဲ့ ဂြိုဟ်သိမ်ကြီးကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဂြိုဟ်သိမ်ကြီးဟာ ကမ္ဘာမြေမှ မိုင်ပေါင်း ၃.၅ သန်းအကွာမှ ဖြတ်သန်းသွားမှာဖြစ်သည့်အတွက် စိုးရိမ်စရာမလိုဘူးလို့လည်း ဆိုခဲ့ပါတယ်။

နာဆာက ကမ္ဘာမြေမှ မိုင်ပေါင်း သန်း ၁၂၀ အတွင်း ဖြတ်သန်းသွားသည့် အရာအားလုံးကို Earth Near Earth Project (NEO) ကမ္ဘာမြေအနီးမှ ဖြတ်သန်းခြင်းအဖြစ် စာရင်းပြုလုပ်ထားတာဖြစ်ပါတယ်။ထောင်နှင့်ချီသော ဂြိုဟ်သိမ်များကို ကမ္ဘာမြေနှင့် တိုက်မိဖွယ် ရှိ၊ မရှိကို သိပ္ပံပညာရှင်များက ခြေရာခံစောင့်ကြည့်လျက်ရှိနေပါတယ်။ကမ္ဘာမြေမှ မိုင်ပေါင်း ၄.၆၅ သန်း ဝန်းကျင်အတွင်း လျင်မြန်စွာ ရွေ့လျှားနေသော အာကာသတွင်းမှ အရာဝတ္ထုအကုန်လုံးကို အာကာသအဖွဲ့အစည်းများက "အန္တရာယ်ရှိနိုင်တယ်" လို့ ယူဆထားကြတာဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်အတွင်း ဖြတ်သန်းဖွယ်ရှိတဲ့ အလွန်ကြီးမားတဲ့ ဂြိုဟ်သိမ်ကြီးဟာ Elizabeth Tower ထက် အရွယ်အစား ၃ ဆ ပိုမိုကြီးမားကာ၊ ပြင်သစ်မှ Eiffel Tower နဲ့တော့ အမြင့်ပေ တူညီမှာဖြစ်ပြီး၊ Empire State အဆောက်အဦးထက်တော့ အနည်းငယ် သေးငယ်မှာဖြစ်ပါတယ်။၎င်းဂြိုဟ်သိမ်ကြီးကို ဂြိုဟ်သိမ် 3361 Orpheus လို့ အမည်ပေးထားပြီး တစ်နာရီလျှင် မိုင် ၁၈,၀၀၀ နှုန်းနဲ့ ခရီးနှင်လျက်ရှိပါတယ်။

ဂြိုဟ်သိမ်ကြီးဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာမြေအနီးက ကျော်ဖြတ်သွားဖွယ်ရှိနေပါတယ်။

Damien
နိုဝင်ဘာ - ၁၇