【 နည်းပညာ 】 အသွင်သစ်နဲ့ အမြင်ဆန်းနေတဲ့ Microsoft Surface Earbuds

【 နည်းပညာ 】 အသွင်သစ်နဲ့ အမြင်ဆန်းနေတဲ့ Microsoft Surface Earbuds

ယခုနောက်ပိုင်း လူငယ်တွေကြားမှာ TWS (True Wireless Stereo) နည်းပညာ အသုံးပြုထားတဲ့ နားကြပ်လေးတွေ ခေတ်စားလာတာ မြင်တွေ့ရပါတယ်။

Apple, Samsung, Huawei နဲ့ Xiaomi တို့လို စမတ်ဖုန်းကုမ္ပဏီကြီး‌တွေကလည်း TWS Earbuds ‌တွေကို ထုတ်လုပ်ပြီး True Wireless နားကြပ်ဈေးကွက်ကို ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ယခုတော့ အဆိုပါ True Wireless Stereo Earbuds ဈေးကွက်ကို Microsoft ကုမ္ပဏီလည်း ၀င်ရောက်လာပါပြီ။

Microsoft ဆိုတဲ့ အမည်ဟာ ကျနော်တို့နဲ့ သိပ်မစိမ်းပါဘူး ကျနော်တို့ အသုံးပြုနေတဲ့ Windows OS, ရုံးတွေမှာ အသုံးပြုနေတဲ့ Office software တို့ကို ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ယခုမိတ်ဆက်လိုက်တဲ့ Microsoft Surface Earbuds ဟာ ယခင်ထွက်ရှိထားတဲ့ TWS Earbuds တွေနဲ့ ဒီဇိုင်းပုံစံကအစ ကွဲပြားနေတာကို မြင်တွေ့ရပါတယ်။

Surface Earbuds ဟာ ၈ နာရီ အသုံးပြုနိုင်မယ့် ဘက်ထရီသက်တမ်း ပါ၀င်ပြီး နားကြပ်နှစ်ဖက်လုံးကို အားသွင်းပေးနိုင်မယ့် charging case လည်း ပါ၀င်မှာ ဖြစ်ပါတယ်။အဆိုပါ charging case ဟာ နားကြပ်ကို နှစ်ကြိမ်အားသွင်းပေးနိုင်မှာဖြစ်ပြီး ၂၄ နာရီ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Android Fast Pair နဲ့ Windows Swift Pair တို့ကို နားကြပ်မှာ ထောက်ပံ့ပေးထားပြီး သုံးစွဲသူအနေနဲ့ စမတ်ဖုန်း သို့မဟုတ် လက်ပ်တော့တွေနဲ့ အဆင်‌ပြေပြေ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်မှာလည်း ဖြစ်ပါတယ်။

အ‌ဆိုပါ နားကြပ်မှာ ဖုန်းပြောရာမှာ အသံကြည်လင်ပြတ်သားစေရန် directional dual mic ထည့်သွင်းပေးထားပြီး၊ Microsoft Office 365 ကို အသံနဲ့ခိုင်းစေ စာရိုက်နိုင်မယ့် နည်းပညာအပြင် PowerPoint slides တွေကိုလည်း ထိန်းချုပ်ပြသနိုင်မှာ ဖြစ်ပါတယ်။

Microsoft Surface Earbuds ကို ထိတွေ့ gestures နဲ့ အသံစနစ် အသုံးပြုပြီး ထိန်းချုပ်စေခိုင်းနိုင်မှာလည်း ဖြစ်သလို၊ ဘာသာစကား အမျိုးပေါင်း ၆၀ ကျော်ကို  ဘာသာပြန်ပေးနိုင်မယ်လို့လည်း သိရပါတယ်။ Microsoft မှ အဆိုပါ TWS Surface Earbuds ကို $249 (မြန်မာငွေ ၄ သိန်းနီးပါးခန့်) နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

ယခုေနာက္ပိုင္း လူငယ္ေတြၾကားမွာ TWS (True Wireless Stereo) နည္းပညာ အသုံးျပဳထားတဲ့ နားၾကပ္ေလးေတြ ေခတ္စားလာတာ ျမင္ေတြ႕ရပါတယ္။

Apple, Samsung, Huawei နဲ႔ Xiaomi တို႔လို စမတ္ဖုန္းကုမၸဏီႀကီး‌ေတြကလည္း TWS Earbuds ‌ေတြကို ထုတ္လုပ္ၿပီး True Wireless နားၾကပ္ေဈးကြက္ကို ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ယခုေတာ့ အဆိုပါ True Wireless Stereo Earbuds ေဈးကြက္ကို Microsoft ကုမၸဏီလည္း ၀င္ေရာက္လာပါၿပီ။

Microsoft ဆိုတဲ့ အမည္ဟာ က်ေနာ္တို႔နဲ႔ သိပ္မစိမ္းပါဘူး က်ေနာ္တို႔ အသုံးျပဳေနတဲ့ Windows OS, ႐ုံးေတြမွာ အသုံးျပဳေနတဲ့ Office software တို႔ကို ထုတ္လုပ္သူလည္း ျဖစ္ပါတယ္။ယခုမိတ္ဆက္လိုက္တဲ့ Microsoft Surface Earbuds ဟာ ယခင္ထြက္ရွိထားတဲ့ TWS Earbuds ေတြနဲ႔ ဒီဇိုင္းပုံစံကအစ ကြဲျပားေနတာကို ျမင္ေတြ႕ရပါတယ္။

Surface Earbuds ဟာ ၈ နာရီ အသုံးျပဳႏိုင္မယ့္ ဘက္ထရီသက္တမ္း ပါ၀င္ၿပီး နားၾကပ္ႏွစ္ဖက္လုံးကို အားသြင္းေပးႏိုင္မယ့္ charging case လည္း ပါ၀င္မွာ ျဖစ္ပါတယ္။အဆိုပါ charging case ဟာ နားၾကပ္ကို ႏွစ္ႀကိမ္အားသြင္းေပးႏိုင္မွာျဖစ္ၿပီး ၂၄ နာရီ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ Android Fast Pair နဲ႔ Windows Swift Pair တို႔ကို နားၾကပ္မွာ ေထာက္ပံ့ေပးထားၿပီး သုံးစြဲသူအေနနဲ႔ စမတ္ဖုန္း သို႔မဟုတ္ လက္ပ္ေတာ့ေတြနဲ႔ အဆင္‌ေျပေျပ လြယ္ကူလ်င္ျမန္စြာ ခ်ိတ္ဆက္ႏိုင္မွာလည္း ျဖစ္ပါတယ္။

အ‌ဆိုပါ နားၾကပ္မွာ ဖုန္းေျပာရာမွာ အသံၾကည္လင္ျပတ္သားေစရန္ directional dual mic ထည့္သြင္းေပးထားၿပီး၊ Microsoft Office 365 ကို အသံနဲ႔ခိုင္းေစ စာ႐ိုက္ႏိုင္မယ့္ နည္းပညာအျပင္ PowerPoint slides ေတြကိုလည္း ထိန္းခ်ဳပ္ျပသႏိုင္မွာ ျဖစ္ပါတယ္။

Microsoft Surface Earbuds ကို ထိေတြ႕ gestures နဲ႔ အသံစနစ္ အသုံးျပဳၿပီး ထိန္းခ်ဳပ္ေစခိုင္းႏိုင္မွာလည္း ျဖစ္သလို၊ ဘာသာစကား အမ်ိဳးေပါင္း ၆၀ ေက်ာ္ကို  ဘာသာျပန္ေပးႏိုင္မယ္လို႔လည္း သိရပါတယ္။ Microsoft မွ အဆိုပါ TWS Surface Earbuds ကို $249 (ျမန္မာေငြ ၄ သိန္းနီးပါးခန႔္) နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Damien