【 နည်းပညာ 】 အာကာသကြည့်မှန်ပြောင်းသစ်ရဲ့ ပထမဆုံးပုံများကို နာဆာ ထုတ်ဖော်ပြသ

【 နည်းပညာ 】 အာကာသကြည့်မှန်ပြောင်းသစ်ရဲ့ ပထမဆုံးပုံများကို နာဆာ ထုတ်ဖော်ပြသ

James Webb အာကာသအဝေးကြည့်မှန်ပြောင်းနဲ့ ရိုက်ကူးထားတဲ့ ပထမဆုံး ဓာတ်ပုံများကို နာဆာမှ ထုတ်ဖော်ပြသခဲ့ပါတယ်။

နာဆာ ထုတ်ဖော်ပြသလိုက်တဲ့ ဓာတ်ပုံဟာ မှုန်ဝါးနေသေးပေမယ့် အဝေးမှ ဓာတ်ပုံများကိုရိုက်ကူးရန် ကြေးမုံများချိန်ညှိမှုလုပ်ငန်းစဉ်ရဲ့ ကောင်းမွန်သော အစပြုချက်တစ်ခုဖြစ်လာပါတယ်။

နာဆာ ဖော်ပြတဲ့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ အလင်းတန်း ၁၈ လုံးကို မြင်တွေ့ခဲ့ရပြီး ကြယ်များကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဓာတ်ပုံကို ထုတ်လုပ်ရန် အသုံးပြုသော အလင်းကိုစုဆောင်းခြင်းလုပ်ငန်းစဉ်ဟာ ၂၅ နာရီ ကြာမြင့်ခဲ့ကြောင်း နာဆာမှ ပြောကြားခဲ့ပါတယ်။

James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို လာမယ့်လများအတွင်း ပုံရိပ်ရိုက်ကူးမှုများ ပိုမိုကောင်းမွန်လာစေရန် ချိန်ညှိမှုများ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်။

James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို ခရစ္စမတ်နေ့မှာ အာကာသထဲသို့ လွှတ်တင်နိုင်ခဲ့ပြီး၊ ဆယ်စုနှစ်များစွာ စောင့်ဆိုင်းခဲ့ရတဲ့ မစ်ရှင်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ အာကာသအတွင်း ၎င်းရဲ့ နောက်ဆုပတ်လမ်းကို ရောက်ရှိခဲ့ပါတယ်။

နာဆာဘက်ကတော့ နွေရာသီတွင် သိပ္ပံနည်းကျ လေ့လာကြည့်ရှုနိုင်ရန်အတွက် ပထမဆုံး ရှင်းလင်းသော ပုံရိပ်များကို ပြသရန် မျှော်လင့်ထားပါတယ်။

"Webb ကို အာကာသထဲလွှတ်တင်တာဟာ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တစ်ခုပဲ၊ ဒါပေမဲ့ သိပ္ပံပညာရှင်တွေနဲ့ အလင်းပြန်မှုကို လေ့လာတဲ့ အင်ဂျင်နီယာတွေအတွက်တော့ ဒီစနစ်က ကြယ်များက‌ အလင်းဟာ ထောက်လှမ်းရေးကိရိယာပေါ် အောင်မြင်စွာဖြတ်သန်းသွားတဲ့ အထွတ်အထိပ်အချိန်ပဲ" လို့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းပရောဂျက်ရဲ့ သိပ္ပံပညာရှင် မိုက်ကယ် မဂ်အဝိန်း က ဘလော့ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

James Webb အာကာသအဝေးကြည့်မှန်ပြောင်းကို အာကာသတွင်းသို့ လွှတ်တင်စဉ်ကလည်း မြန်မာနိုင်ငံအတွင်းမှ နေရာအတော်တော်များများမှ James Webb  ကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ်ပျံသန်းသွားမှုကို မြင်တွေ့ရမှုများရှိခဲ့ပါတယ်။

Damien
Ref - theverge
ဖေဖော်ဝါရီ - ၁၈