【 နည်းပညာ 】 အာကာသတွင်းရှိ ကြယ်တစ်ဝိုက်အနီး ရေကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

【 နည်းပညာ 】 အာကာသတွင်းရှိ ကြယ်တစ်ဝိုက်အနီး ရေကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိ

ဝါရှင်တန်၊ ဒီဇင်ဘာ - ၆

အာကာသအတွင်းမှာ တည်ရှိတဲ့ ကြယ်တစ်လုံးအနီးတစ်ဝိုက်မှာ ပထမဆုံးအကြိမ်အဖြစ် ရေကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

စွမ်းရည်မြင့် James Webb အာကာသအဝေးကြည့်မှန်ပြောင်းနဲ့ အာကာသထဲမှာ ရေကို ရှာ‌ဖွေတွေ့ရှိခဲ့တာပါ။

ပူပြင်းတဲ့ ကြယ်တစ်လုံး အနီးဝန်းကျင်မှာ ဂြိုဟ်ပုံသဏ္ဍာန်ရှိပြီး ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေ စုပုံနေတဲ့ စက်ဝန်းအတွင်းပိုင်းမှာ James Webb အာကာသအဝေးကြည့်မှန်ပြောင်းက သမိုင်းတွင်မယ့် ရှာဖွေတွေ့ရှိမှုအဖြစ် ရေကို တွေ့ရှိခဲ့ပါတယ်။ယခုတွေ့ရှိမှုအသစ်ကြောင့် ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကြီးနဲ့ ဆင်တူတဲ့ ဂြိုဟ်တွေဟာ စကြာဝဠာကြီးတွင် ထင်ထားတာထက် ပိုမြန်ဆန်စွာ ဖြစ်ပေါ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံခန့်က နေအဖွဲ့အစည်းရဲ့ ဂြိုဟ်တွေဖြစ်ပေါ်လာပုံကို သိပ္ပံပညာရှင်တွေ ကောင်းစွာနားလည်နိုင်စေဖို့အတွက်လည်း ယခုတွေ့ရှိမှုက အကူအညီပေးနိုင်ခဲ့ပါတယ်။

ယခုလို ပထမဆုံးအကြိမ်အဖြစ် အာကာသထဲ ရေကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တဲ့အတွက် အခြားသော ကြယ်အနီးတစ်ဝိုက်များမှာ ဂြိုဟ်ပုံသဏ္ဍာန်တွေကို ဆက်လက်လေ့လာ စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ရေကို ရှာဖွေတွေ့ရှိခဲ့တဲ့ နေရာဟာလည်း ကျောက်ဆောင်ဂြိုလ်များ ဖွဲ့စည်းသွားမယ့် အခြေအနေမှာရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

Damien
Ref - livescience