【 နည်းပညာ 】 အာကာသထဲ ကြယ်တွေကို ဖန်တီးပေးနေတဲ့ နေရာကို James Webb က မှတ်တမ်းတင်နိုင်ခဲ့

【 နည်းပညာ 】 အာကာသထဲ ကြယ်တွေကို ဖန်တီးပေးနေတဲ့ နေရာကို James Webb က မှတ်တမ်းတင်နိုင်ခဲ့

ဝါရှင်တန်၊ နိုဝင်ဘာ - ၂၂

အာကာသထဲ ကြယ်တွေကို မွေးထုတ် (သို့မဟုတ်) ဖန်တီးပေးနေတဲ့ နေရာတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါကြယ်တွေဖန်တီးတဲ့ နေရာကို James Webb အာကာသအဝေးကြည့်မှန်ပြောင်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အာကာသထဲ လွှတ်တင်ခဲ့သမျှထဲ စွမ်းရည်အမြင့်ဆုံး အာကာသအဝေးကြည့်မှန်ပြောင်းဖြစ်တဲ့ James Webb ဟာ အာကာသထဲ လူသားတွေ စိတ်ကူးနဲ့တောင် တွေးမကြည့်နိုင်ဖူးသေးတဲ့ ပုံရိပ်တွေကို ရှာဖွေတွေ့ရှိ မှတ်တမ်းတင်ပေးလျက်ရှိနေပါတယ်။အခုမှတ်တမ်းတင်နိုင်ခဲ့တဲ့ ကြယ်တွေဖန်တီးတဲ့ နေရာဟာ “Sagittarius C” လို့ လူသိများပါတယ်။အဆိုပါနေရာတစ်လျှောက် မြောက်များလှတဲ့ ကြယ်ပေါင်း ၅၀၀,၀၀၀ ခန့်ကို James Webb ရဲ့ မှတ်တမ်းတင်ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ကြယ်တွေကို ဖန်တီးလျက်ရှိတဲ့ “Sagittarius C” နေရာဟာ ကျနော်တို့ ဂလက်ဆီ အလယ်ဗဟိုမှာတည်ရှိတဲ့ အလွန်ကြီးမားတဲ့ တွင်းနက်ကြီး (Black Hole) ရဲ့ အနီးနားမှာ တည်ရှိနေတာဖြစ်ပြီး၊ တွင်းနက်ကြီးနဲ့ “Sagittarius C” အကွာအဝေးကတော့ အလင်းနှစ် ၃၀၀ ခန့်ဖြစ်ပါတယ်။

James Webb ရဲ့ မှတ်တမ်းတင်ထားမှုအရ “Sagittarius C” နေရာကို အပြာရောင်သန်းပြီး ကြယ်တွေနဲ့ တောက်ပနေတဲ့ နေရာအဖြစ် မြင်တွေ့ရပြီး၊ ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ဖုန်မှုန့်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။နက္ခတဗေဒပညာရှင်တွေကတော့ ဓာတ်ငွေ့တိမ်တိုက်တွေကနေတစ်ဆင့် ကြယ်တွေမွေးဖွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။

Damien
Ref - space