【 နည်းပညာ 】 အာကာသအဝေးကြည့်မှန်ပြောင်းသစ်ကို စတင်အသုံးပြုနိုင်ပြီ

【 နည်းပညာ 】 အာကာသအဝေးကြည့်မှန်ပြောင်းသစ်ကို စတင်အသုံးပြုနိုင်ပြီ

လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ နာဆာမှ James Webb အမည်ရ အာကာသအဝေးကြည့်မှန်ပြောင်းသစ်ကို အာကာသတွင်းသို့ လွှတ်တင်ခဲ့ပါတယ်။
 
အဆိုပါ သမိုင်းဝင်လွှတ်တင်မှုအဖြစ် မြန်မာနိုင်ငံတွင်းကလည်း ကောင်းကင်ယံမှာ James Webb အာကာသအဝေးကြည့်မှန်ပြောင်းကြီးကို သယ်ဆောင်သွားတဲ့ ဒုံးပျံယာဉ် ပျံတက်သွားမှုကို မြင်တွေ့မှုများလည်းရှိခဲ့ဝာာဖြစ်ပါတယ်။
 
ယခုအခါမှာတော့ James Webb အာကာသအဝေးကြည့်မှန်ပြောင်းကြီးကို စတင်အသုံးပြုနိုင်ပြီလို့ သတင်းများက ဖော်ပြလာခဲ့ပါတယ်။ James Webb အာကာသအဝေးကြည့်မှန်ပြောင်းကြီးဟာ အာကာသတွင်းသို့ လွှတ်တင်ခဲ့ဖူးသမျှထဲ အကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးသော အဝေးကြည့်မှန်ပြောင်းဖြစ်ပါတယ်။အာကာသတွင်းသို့ လွှတ်တင်ရန်အတွက် နှစ်ပေါင်းများစွာ အကုန်အကျများခဲ့ပြီး အကြိမ်ကြိမ်ကြန့်ကြာခဲ့ရတာလည်းဖြစ်ပါတယ်။
 
James Webb အာကာသအဝေးကြည့်မှန်ပြောင်းမှ ပထမဆုံးသော ဓာတ်ပုံများကို နွေရာသီမှာ လက်ခံရရှိဖွယ်ရှိနေပြီး၊ နာဆာနဲ့ သိပ္ပံပညာရှင်များအတွက် အာကာသတွင်း ကြီးမားသောပေါက်ကွဲမှုများနဲ့ စကြာဝဠာကြီး စတင်‌ဖြစ်ပေါ်လာပုံတို့ကို လေ့လာနိုင်တော့မှာဖြစ်ပါတယ်။
 
James Webb အာကာသအဝေးကြည့်မှန်ပြောင်းအနေနဲ့ လာမည့် ရက်သတ္တပတ် နှစ်ပတ်ခန့်မှာတော့ ၎င်းရဲ့ အဓိက မှန်ဘီလူးများကို စတင်ချိန်ညှိပြီး လုပ်ငန်းများ စတင်ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။
 
Damien
ဇန်နဝါရီ - ၁၀