【 နည်းပညာ 】 အိန္ဒိယစျေးကွက်အတွက် ဈေးသက်သာမယ့် Mi Band စမတ်လက်ပတ်နာရီ

【 နည်းပညာ 】 အိန္ဒိယစျေးကွက်အတွက် ဈေးသက်သာမယ့် Mi Band စမတ်လက်ပတ်နာရီ

Xiaomi ကတော့ အိန္ဒိယနိုင်ငံရဲ့  စမတ်ဖုန်းဈေးကွက်ကို ၎င်းရဲ့ smart ထုတ်ကုန်ပစ္စည်းတွေနဲ့ ခြေကုပ်ယူဖို့ ကြိးပမ်းနေပုံပါပဲ။

ယခုလည်း လာမယ့် နို၀င်ဘာ ၂၁ ရက်နေ့မှာ Mi Band 3i လို့ အမည်ရတဲ့ စမတ်လက်ပတ်ကို အိန္ဒိယမှာ မိတ်ဆက်သွားလို့ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi မှ ထုတ်လုပ်ခဲ့တဲ့ စမတ်လက်ပတ်တွေကတော့ Mi Band, Mi Band 2, Mi Band 3 နဲ့ Mi Band 4 တို့ပဲ ဖြစ်ပါတယ်။ယခုမိတ်ဆက်မယ့် Mi Band 3i ကတော့ ယခင်ထွက်ရှိပြီးသား Mi Band 4 ထက် ဈေးနှုန်းပိုမိုသက်သာမှာလည်း ဖြစ်ပါတယ်။လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ Xiaomi မှ RunWithMi အပြေးပြိုင်ပွဲကို အိန္ဒိယနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ အနိုင်ရရှိသူက Mi Band 3i စမတ်လက်ပတ်ကို ရယူပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Mi Band 3i စမတ်လက်ပတ်ဟာ အရောင်အသွေးစုံလင်ပြီး ကြီးမားတဲ့ AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ Bluetooth 5.0 ချိတ်ဆက်မှု ဖြစ်ပါတယ်။‌လေ့ကျင့်ခန်းတွေအနေနဲ့ လမ်းလျှောက်တာနဲ့ နှလုံးခုန်နှုန်းတိုင်းတာမှု၊ အိပ်စက်မှုကို မှတ်တမ်းတင်မှုလို နည်းပညာ‌တွေ ပါ၀င်လာဖွယ်ရှိပြီး၊ အခြားသော hardware ‌ပစ္စည်း ပြောင်းလဲမှုတွေ ပိုမိုအဆင့်မြှင့်တင်မှုတွေတော့ မြင်ရဦးမှာ မဟုတ်ပါဘူး။

Damien

( Zawgyi )

Xiaomi ကေတာ့ အိႏၵိယႏိုင္ငံရဲ႕  စမတ္ဖုန္းေဈးကြက္ကို ၎ရဲ႕ smart ထုတ္ကုန္ပစၥည္းေတြနဲ႔ ေျခကုပ္ယူဖို႔ ႀကိးပမ္းေနပုံပါပဲ။

ယခုလည္း လာမယ့္ ႏို၀င္ဘာ ၂၁ ရက္ေန႔မွာ Mi Band 3i လို႔ အမည္ရတဲ့ စမတ္လက္ပတ္ကို အိႏၵိယမွာ မိတ္ဆက္သြားလို႔ ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

Xiaomi မွ ထုတ္လုပ္ခဲ့တဲ့ စမတ္လက္ပတ္ေတြကေတာ့ Mi Band, Mi Band 2, Mi Band 3 နဲ႔ Mi Band 4 တို႔ပဲ ျဖစ္ပါတယ္။ယခုမိတ္ဆက္မယ့္ Mi Band 3i ကေတာ့ ယခင္ထြက္ရွိၿပီးသား Mi Band 4 ထက္ ေဈးႏႈန္းပိုမိုသက္သာမွာလည္း ျဖစ္ပါတယ္။လာမယ့္ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ Xiaomi မွ RunWithMi အေျပးၿပိဳင္ပြဲကို အိႏၵိယႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲမွာ အႏိုင္ရရွိသူက Mi Band 3i စမတ္လက္ပတ္ကို ရယူပိုင္ဆိုင္ႏိုင္မွာလည္း ျဖစ္ပါတယ္။

Mi Band 3i စမတ္လက္ပတ္ဟာ အေရာင္အေသြးစုံလင္ၿပီး ႀကီးမားတဲ့ AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး၊ Bluetooth 5.0 ခ်ိတ္ဆက္မႈ ျဖစ္ပါတယ္။‌ေလ့က်င့္ခန္းေတြအေနနဲ႔ လမ္းေလွ်ာက္တာနဲ႔ ႏွလုံးခုန္ႏႈန္းတိုင္းတာမႈ၊ အိပ္စက္မႈကို မွတ္တမ္းတင္မႈလို နည္းပညာ‌ေတြ ပါ၀င္လာဖြယ္ရွိၿပီး၊ အျခားေသာ hardware ‌ပစၥည္း ေျပာင္းလဲမႈေတြ ပိုမိုအဆင့္ျမႇင့္တင္မႈေတြေတာ့ ျမင္ရဦးမွာ မဟုတ္ပါဘူး။

Damien