【 နည်းပညာ 】 အိုမီခရွန်ရဲ့ စမ်းသပ်မှုအချက်အလက်များကို WHO ဖော်ပြ

【 နည်းပညာ 】 အိုမီခရွန်ရဲ့ စမ်းသပ်မှုအချက်အလက်များကို WHO ဖော်ပြ

လက်ရှိ အသစ်ထပ်မံထွက်ပေါ်လာခဲ့တဲ့ အိုမီခရွန် အမည်ရ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲဟာ ကမ္ဘာတဝန်းကို ‌ခြိမ်းခြောက်လျက်ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ အိုမီခရွန်မျိုးကွဲနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ပြောကြားမှုမှာတော့ အိုမီခရွန်မျိုးကွဲဟာ ယခင် ဒယ်လ်တာမျိုးကွဲထက် ကူးစက်မှုနှုန်းမှာ ပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေးများရဲ့ စွမ်းရည်ကိုလျှော့ချနိုင်ပေမယ့် ကူးစက်ခံရသူများမှာ ပြင်းထန်သော လက္ခဏာများခံစားရခြင်း နည်းပါးတယ်လို့ သိရပါတယ်။

တောင်အာဖရိကမှ ထွက်ပေါ်လာတဲ့ ကိုဗစ်-၁၉ မျိုးကွဲအသစ် အိုမီခရွန်မျိုးကွဲရဲ့ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားဟာ အာဖရိကတောင်ပိုင်း နိုင်ငံများသို့ ခရီးသွားလာခြင်းကို ပိတ်ပင်ခဲ့ကြပြီး၊ ပြည်တွင်းကန့်သတ်ချက်များကိုလည်း ပြန်လည်ချမှတ်ခဲ့ကြရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ လွန်ခဲ့သော ရက်သတ္တပတ်က နည်းပညာအကျဉ်းချုပ်နဲ့ အဖွဲ့ဝင်နိုင်ငံများအတွက် ဦးစားပေးလုပ်ဆောင်ရမည့် အချက်အလက်များကို ဖော်ပြခဲ့ပါတယ်။ထိုအချက်များထဲ အိုမီခရွန်မျိုးကွဲဟာ ဒယ်လ်တာမျိုးကွဲထက် ကူးစက်မှုနှုန်း ပိုမိုမြင့်မားသည်ဟု ဖော်ပြထားပြီး၊ အခြားနိုင်ငံများတွင် ပိုမိုလျင်မြန်စွာ ပျံနှံ့နေတယ်လို့ ယူ‌ဆထားကြောင်းလည်း ဆိုပါတယ်။အိုမီခရွန်မျိုးကွဲရဲ့ ရောဂါလက္ခဏာရပ်များနဲ့ပတ်သက်ပြီး ပိုမိုပြင်းထန်နိုင်သည်ဟု အကြံပြုချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ ရရှိ‌ထားသော်လည်း EU/EAA တွင် လက်ရှိအချိန်အထိ အစီရင်ခံထားသော အစီရင်ခံစာများအရ အိုမီခရွန်မျိုးကွဲရဲ့ ကူးစက်ခံရသူများသည် ရောဂါလက္ခဏာမပြခြင်း (သို့မဟုတ်) ပြင်းထန်သော လက္ခဏာများခံစားရမှု နည်းပါးခြင်းတို့ကိုသာ တွေ့ရှိရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှ ဖော်ပြခဲ့ပါတယ်။

အိုမီခရွန်မျိုးကွဲဟာ ကိုဗစ်ကာကွယ်ဆေးများရဲ့ စွမ်းရည်ကို လျော့ပါးစေသည်ဟု ယခင်က ဆေးဘက်ဆိုင်ရာပညာရှင်များက ဆိုခဲ့ကြပေမယ့် ယခုအခါမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အပါအဝင် ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက အိုမီခရွန်မျိုးကွဲကို တိုက်ဖျက်ရန် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေပါတယ်။

Damien
ဒီဇင်ဘာ - ၁၃