【 နည်းပညာ 】 ဩဂုတ်လအတွင်း Google Pixel စမတ်ဖုန်းသစ် မိတ်ဆက်ဖွယ်ရှိနေ

【 နည်းပညာ 】 ဩဂုတ်လအတွင်း Google Pixel စမတ်ဖုန်းသစ် မိတ်ဆက်ဖွယ်ရှိနေ

Google Pixel စမတ်ဖုန်းသစ်ကို ဩဂုတ်အတွင်း မိတ်ဆက်လာဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက Google ဘက်က Pixel 6 series ရဲ့ ဒီဇိုင်းပုံစံကို အတည်ပြုခဲ့ပါသေးတယ်။

သတင်းထွက်ပေါ်မှုအရတော့ Google မိတ်ဆက်မယ့် Pixel စမတ်ဖုန်းသစ်ဟာ Pixel 6 series မဟုတ်ပဲ ဈေးနှုန်းသက်သာတဲ့ အလယ်လတ်တန်းစမတ်ဖုန်း Pixel 5a ဖြစ်တယ်လို့ သိရပါတယ်။ယခင်သတင်းထွက်ပေါ်မှုတွေအရတော့ Pixel 5a ရဲ့ ဒီဇိုင်းပုံစံဟာ Pixel 4a နဲ့ တူညီမှာဖြစ်ပြီး ကင်မရာစွမ်းဆောင်ရည်က‌တော့ Pixel 5 နဲ့ တူညီမယ်လို့ သိရပါတယ်။

မျက်နှာပြင်အရွယ်အစားကတော့ ၆.၄ လက်မရှိမှာဖြစ်ပြီး Pixel 4a 5G မှာ အသုံးပြုထားတဲ့ Snapdragon 765G chipset နဲ့ မောင်းနှင်ပေးထားဖွယ်ရှိပါတယ်။ဘက်ထရီကတော့ 4,650mAh ပါဝင်လာဖို့ရှိနေပြီး ဒါဟာ ယခင် Pixel ဖုန်းတွေထက် ဘက်ထရီပမာဏ သိသိသာသာ ပိုများသွားမှာဖြစ်ပါတယ်။

သတင်းထွက်ပေါ်မှုအရတော့ Google Pixel 5a ကို ဩဂုတ် ၂၆ ရက်နေ့မှာ မိတ်ဆက်သွားဖွယ်ရှိနေပြီး ဈေးနှုန်းကတော့ $450 (မြန်မာငွေ
၇၅၀,၀၀၀ ခန့်) ဈေးသတ်မှတ်ထားဖွယ် ရှိနေပါတယ်။

Damien
ဩဂုတ် - ၆