【 နည်းပညာ 】 ၁၄ ရက် အသုံးခံပြီး၊ သွေးတွင်း အောက်စီဂျင်တိုင်းတာမှုစနစ် ပါဝင်လာတဲ့ OnePlus Band

【 နည်းပညာ 】 ၁၄ ရက် အသုံးခံပြီး၊ သွေးတွင်း အောက်စီဂျင်တိုင်းတာမှုစနစ် ပါဝင်လာတဲ့ OnePlus Band

OnePlus ကုမ္ပဏီကတော့ ၎င်းရဲ့ ပထမဆုံး စမတ်လက်ပတ်ကို မိတ်ဆက်လိုက်ပါပြီ။
 
OnePlus Band လို့ အမည်ပေးထားတဲ့ စမတ်လက်ပတ်သစ်ဟာ ဈေးနှုန်းသက်သာပေမယ့် သွေးတွင်း အောက်စီဂျင်တိုင်းတာတဲ့ စနစ်လို နည်းကပညာ ပါဝင်လာခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။
 
OnePlus Band စမတ်လက်ပတ်မှာ ၁.၁ လက် အရွယ်အစားရှိတဲ့ AMOLED ရောင်စုံမျက်နှာပြင်ကို အသုံးပြုပေးထားပြီး၊ ဈေးနှုန်းသက်သာတဲ့ စမတ်လက်ပတ်လည်းဖြစ်ပါတယ်။အခြားသောစမတ်လက်ပတ်တွေလို နှလုံးခုန်နှုန်းတိုင်းတာပေးတာ၊ ‌အိပ်ချိန်စောင့်ကြည့် အကဲဖြတ်ပေးတာနဲ့ အားကစားနည်း ၁၂ မျိုးကို အကဲဖြတ်ပေးတဲ့ နည်းစနစ်မျိုးတွေ ပါဝင်လာခဲ့တာကို မြင်တွေ့ရပါတယ်။
 
စမတ်လက်ပတ်ဆိုပေမယ့် အခြားသောစမတ်လက်ပတ်တွေမှာ မပါဝင်တဲ့ သွေးတွင်း အောက်စီဂျင်တိုင်းတာမှုစနစ် (SpO2) နည်းပညာကို ထည့်သွင်းပေးထားပြီး၊ ဘက်ထရီပိုင်းမှာတော့ ၁၄ ရက် အသုံးခံကာ ရေစိမ်ခံမှာလည်းဖြစ်ပါတယ်။အသုံးပြုသူအနေနဲ့ bluetooth ကွန်ယက်ကနေ OnePlus Health app နဲ့ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး၊ နာရီမျက်နှာပြင်ပေါင်း ၃၇ မျိုး ပါဝင်လာမယ်လို့ သိရှိရပါတယ်။
 
One Plus Band ရဲ့ ဈေးနှုန်းကို ဒေါ်လာ ၃၅ သာ ဈေးသတ်မှတ်ထားပြီး၊ လတ်‌တလော မြန်မာပြည်တွင်း စမတ်လက်ပတ်ဈေးကွက်မှာ နေရာရနေတဲ့ Xiaomi ရဲ့ Mi Band စမတ်လက်ပတ်တွေနဲ့ ဈေးကွက်ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
 
Damien
 
( Zawgyi )
 
OnePlus ကုမၸဏီကေတာ့ ၎ရဲ႕ ပထမဆုံး စမတ္လက္ပတ္ကို မိတ္ဆက္လိုက္ပါၿပီ။
 
OnePlus Band လို႔ အမည္ေပးထားတဲ့ စမတ္လက္ပတ္သစ္ဟာ ေဈးႏႈန္းသက္သာေပမယ့္ ေသြးတြင္း ေအာက္စီဂ်င္တိုင္းတာတဲ့ စနစ္လို နည္းကပညာ ပါဝင္လာခဲ့တာကိုလည္း ျမင္ေတြ႕ရပါတယ္။
 
OnePlus Band စမတ္လက္ပတ္မွာ ၁.၁ လက္ အ႐ြယ္အစားရွိတဲ့ AMOLED ေရာင္စုံမ်က္ႏွာျပင္ကို အသုံးျပဳေပးထားၿပီး၊ ေဈးႏႈန္းသက္သာတဲ့ စမတ္လက္ပတ္လည္းျဖစ္ပါတယ္။အျခားေသာစမတ္လက္ပတ္ေတြလို ႏွလုံးခုန္ႏႈန္းတိုင္းတာေပးတာ၊ ‌အိပ္ခ်ိန္ေစာင့္ၾကည့္ အကဲျဖတ္ေပးတာနဲ႔ အားကစားနည္း ၁၂ မ်ိဳးကို အကဲျဖတ္ေပးတဲ့ နည္းစနစ္မ်ိဳးေတြ ပါဝင္လာခဲ့တာကို ျမင္ေတြ႕ရပါတယ္။
 
စမတ္လက္ပတ္ဆိုေပမယ့္ အျခားေသာစမတ္လက္ပတ္ေတြမွာ မပါဝင္တဲ့ ေသြးတြင္း ေအာက္စီဂ်င္တိုင္းတာမႈစနစ္ (SpO2) နည္းပညာကို ထည့္သြင္းေပးထားၿပီး၊ ဘက္ထရီပိုင္းမွာေတာ့ ၁၄ ရက္ အသုံးခံကာ ေရစိမ္ခံမွာလည္းျဖစ္ပါတယ္။အသုံးျပဳသူအေနနဲ႔ bluetooth ကြန္ယက္ကေန OnePlus Health app နဲ႔ ခ်ိတ္ဆက္အသုံးျပဳရမွာျဖစ္ၿပီး၊ နာရီမ်က္ႏွာျပင္ေပါင္း ၃၇ မ်ိဳး ပါဝင္လာမယ္လို႔ သိရွိရပါတယ္။
 
One Plus Band ရဲ႕ ေဈးႏႈန္းကို ေဒၚလာ ၃၅ သာ ေဈးသတ္မွတ္ထားၿပီး၊ လတ္‌တေလာ ျမန္မာျပည္တြင္း စမတ္လက္ပတ္ေဈးကြက္မွာ ေနရာရေနတဲ့ Xiaomi ရဲ႕ Mi Band စမတ္လက္ပတ္ေတြနဲ႔ ေဈးကြက္ၿပိဳင္ဆိုင္ရဖြယ္ရွိေနပါတယ္။
 
Damien