【 နည်းပညာ 】 ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းများ

【 နည်းပညာ 】 ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းများ

၂၀၂၁ ခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေဟာ နည်းပညာများ ပိုမိုကောင်းမွန်လာခဲ့သလို၊ စမတ်ဖုန်းကုမ္ပဏီကြီးတွေဟာလည်း သုံးစွဲသူများ အကြိုက်တွေ့စေရန် စမတ်ဖုန်းသစ်တွေကို အပြိုင်အဆိုင် မိတ်ဆက်ရောင်းချခဲ့ဝာာ မြင်တွေ့ခဲ့ရပါတယ်။
 
၂၀၂၁ ခုနှစ်အတွင်း ရေပန်းစား လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းများလည်းရှိခဲ့ပြီး၊ ဒီကနေ့ နည်းပညာကဏ္ဌမှာတော့ ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်များခဲ့တဲ့ စမတ်ဖုန်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
 
ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ရဲ့ Galaxy A series စမတ်ဖုန်းတွေဟာ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ အောင်မြင်ရရှိတာကို မြင်တွေ့ခဲ့ရပါတယ်။အထူးသဖြင့် Galaxy A72, Galaxy A 52 နဲ့ Galaxy A 32 မော်ဒယ်လ်တွေဟာ Galaxy S series စမတ်ဖုန်းတွေထက် ပိုမိုဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့် ရောင်းအားကောင်းမွန်ခဲ့တာဖြစ်ပါတယ်။
 
တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ စမတ်ဖုန်းတွေဟာလည်း ၂၀၂၁ ခုနှစ်မှာ အလွန်အောင်မြင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။Mi 11 Lite, Redmi Note 10 series, Redmi Note 11 series တို့ဟာ ၂၀၂၁ ခုနှစ်အတွင်း ရောင်းအားကောင်းမွန်ခဲ့တဲ့ စမတ်ဖုန်းတွေအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
 
OnePlus အမှတ်တံဆိပ်ကလည်း ဒီဇိုင်းပုံစံရိုးရှင်းပေမယ့် ၎င်းစမတ်ဖုန်း‌တွေဟာ အသုံးပြုရတာ ပေါ့ပါးသွက်လက်မှုကြောင့် နာမည်ကျော်ခဲ့ပါတယ်။ OnePlus 9 Pro, OnePlus Nord 2 5G မော်ဒယ်လ်တို့ဟာ ၂၀၂၁ ခုနှစ်အတွင်း လူကြိုက်များတဲ့ စမတ်ဖုန်းတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
 
Apple ကုမ္ပဏီရဲ့ iPhone 13 series ကိုတော့ iPhone ချစ်သူတွေဟာ ဒီဇိုင်းပုံစံကို စိတ်ပျက်ခဲ့ကြပေမယ့် iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာဝောာ့ 120Hz refresh rate နည်းပညာသစ်နဲ့အတူ A15 bionic chip အသစ်နဲ့ ကင်မရာစွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ်အတွင လူကြိုက်များခဲ့ပါတယ်။
 
Damien
ဇန်နဝါရီ - ၃