【 နည်းပညာ 】 ၂၀၂၄ ခုနှစ်မတိုင်မီ လူသားများ လကမ္ဘာပေါ်ခြေချနိုင်ဖွယ်ရှိနေ

【 နည်းပညာ 】 ၂၀၂၄ ခုနှစ်မတိုင်မီ လူသားများ လကမ္ဘာပေါ်ခြေချနိုင်ဖွယ်ရှိနေ

SpaceX ထည်ထောင်သူ အီလွန် မက်စ်မှ ကုမ္ပဏီရဲ့ အာကာသယာဉ်တွေဟာ ၂၀၂၄ ခုနှစ်မတိုင်မီ လူသားများ လကမ္ဘာပေါ်မှာ ခြေချနိုင်‌အောင် ပြုလုပ်ပေးဖို့ အဆင်သင့်ရှိနေပြီလို့ တနင်္ဂနွေနေ့က တွစ်တာလူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများပို့ဆောင်ရန် အဆင့်သင့်ဖြစ်ရဲ့လားဟု မေးမြန်းမှုအပေါ် အီလွန် မက်စ် က ဖြစ်နိုင်ပါတယ် ၂၀၂၄ ခုနှစ်ထက်တောင် ပိုစောနိုင်တယ်ဟု ဖြေကြားခဲ့တာဖြစ်ပါတယ်။

SpaceX ဟာ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Blue Origin နဲ့ Dynetics တို့ထက် အသာရပြီး အမေရိကန်ဒေါ်လာ ၂.၉ ဘီလျံတန်တဲ့ Nasa Artemis မစ်ရှင် စာချုပ်ကို ရရှိထားတာဖြစ်ပါတယ်။အဆိုပါမစ်ရှင်ဟာ human landing system (HLS) လပေါ် လူသားတွေဆင်းသက်ဖို့ မစ်ရှင်ဖြစ်ပြီး SpaceX က တည်ဆောက်ခွင့်ရရှိထားတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒုသမ္မတဟောင်းဖြစ်တဲ့ မိုက် ပန့်စ်ဟာ ၂၀၂၄ ခုနှစ်မှာ Artemis မစ်ရှင် လွှတ်တင်မည့်ရက်ကို သတ်မှတ်ပေးခဲ့ပြီး၊ အစီရင်ခံစာတစ်ခုကတော့ "နာဆာရဲ့ အစီအစဉ်များအတိုင်း ၂၀၂၄ နှောင်းပိုင်းမှာ လပေါ်ခြေချဖို့ မဖြစ်နိုင်သေးဘူး" လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါပေမယ့် အီလွန် မက်စ်ကတော့ တွစ်တာလူမှုကွန်ယက်မှာ ၂၀၂၄ ခုနှစ်ထက်တောင် ပိုစောပြီး လူသားတွေ လပေါ်ခြေချဖို့ဆိုတာ ဖြစ်နိုင်ချေရှိတယ်ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

စစ်ဆေးရေးမှူးရုံးမှ အစီရင်ခံချက်များအရတော့ အေဂျင်စီဟာ ရန်ပုံငွေမလုံလောက်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါစိန်ခေါ်မှုနဲ့ နည်းပညာပိုင်း စိန်ခေါ်မှုတွေကြောင့် မစ်ရှင်နှောင့်နှေးနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Damien
ဩဂုတ် - ၁၆