【 နည်းပညာ 】 5G စမတ်ဖုန်းတွေကို Redmi ထပ်မံမိတ်ဆက်မည်

【 နည်းပညာ 】 5G စမတ်ဖုန်းတွေကို Redmi ထပ်မံမိတ်ဆက်မည်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Redmi မှ ၎င်းရဲ့ နာမည်ကျော် Redmi Note မျိုးဆက်သစ်တွေကို လာမည့် နိုဝင်ဘာ ၂၆ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပါ။

Redmi မိတ်ဆက်မယ့် မျိုးဆက်သစ် စမတ်ဖုန်း‌တွေဟာ အခြားမဟုတ်ပဲ Redmi Note 9 5G series ပဲ ဖြစ်ပြီး၊ Redmi Note တို့ ထုံးစံအတိုင်း Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G ဆိုပြီး မိတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။

အသစ်မိတ်ဆက်လာမယ့် Redmi Note 9 5G series စမတ်ဖုန်းနှစ်မျိုးမှာ chipset တွေ တူညီမှာမဟုတ်ပါဘူး။ Redmi Note 9 5G မှာ Mediatek ရဲ့ Dimensity 800U chipset နဲ့ မောင်းနှင်ထားမှာဖြစ်ပြီး၊ Redmi Note 9 Pro 5G မှာတော့ Snapdragon 750G chipset နဲ့ မောင်းနှင်လာမှာဖြစ်ပါတယ်။

Redmi Note 9 5G နဲ့ Note 9 Pro 5G တို့မှာ စွမ်းဆောင်ရည်ပိုင်းမှာ ကွာခြားချက်ကြီးမားလှတာကို မြင်တွေ့ရပြီး ကင်မရာပိုင်းမှာ Note 9 Pro version က 108MP အဓိက ကင်မရာကို တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ သာမန် Note 9 version မှာတော့ 48MP အဓိက ကင်မရာသာ ပါဝင်မှာဖြစ်ပါတယ်။ဒါ့အပြင် မြှန်နှုန်းမြှင့် အားသွင်းစနစ်နဲ့ ထိတွေ့အသုံးပြုရာမှာ မြန်ဆန်တဲ့ မျက်နှာပြင်ပိုင်းတွေမှာလည်း ကွာခြားမှုတွေရှိလာနိုင်ပါသေးတယ်။

Redmi Note 9 5G series တွေကို မိတ်ဆက်တဲ့ရက်မှာပဲ စတင်ရောင်းချပေးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပြီး၊ Redmi ရဲ့ စမတ်နာရီလည်း လာမည့် နိုဝင်ဘာ ၂၆ ရက်နေ့ မိတ်ဆက်ပွဲမှာ မြင်တွေ့ရဖွယ် ရှိနေတယ်လို့ သတင်းများအရ သိရပါတယ်။

Damien

( Zawgyi )

တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲ Redmi မွ ၎ရဲ႕ နာမည္ေက်ာ္ Redmi Note မ်ိဳးဆက္သစ္ေတြကို လာမည့္ ႏိုဝင္ဘာ ၂၆ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပါ။

Redmi မိတ္ဆက္မယ့္ မ်ိဳးဆက္သစ္ စမတ္ဖုန္း‌ေတြဟာ အျခားမဟုတ္ပဲ Redmi Note 9 5G series ပဲ ျဖစ္ၿပီး၊ Redmi Note တို႔ ထုံးစံအတိုင္း Redmi Note 9 5G နဲ႔ Redmi Note 9 Pro 5G ဆိုၿပီး မိတ္ဆက္လာမွာလည္း ျဖစ္ပါတယ္။

အသစ္မိတ္ဆက္လာမယ့္ Redmi Note 9 5G series စမတ္ဖုန္းႏွစ္မ်ိဳးမွာ chipset ေတြ တူညီမွာမဟုတ္ပါဘူး။ Redmi Note 9 5G မွာ Mediatek ရဲ႕ Dimensity 800U chipset နဲ႔ ေမာင္းႏွင္ထားမွာျဖစ္ၿပီး၊ Redmi Note 9 Pro 5G မွာေတာ့ Snapdragon 750G chipset နဲ႔ ေမာင္းႏွင္လာမွာျဖစ္ပါတယ္။

Redmi Note 9 5G နဲ႔ Note 9 Pro 5G တို႔မွာ စြမ္းေဆာင္ရည္ပိုင္းမွာ ကြာျခားခ်က္ႀကီးမားလွတာကို ျမင္ေတြ႕ရၿပီး ကင္မရာပိုင္းမွာ Note 9 Pro version က 108MP အဓိက ကင္မရာကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး၊ သာမန္ Note 9 version မွာေတာ့ 48MP အဓိက ကင္မရာသာ ပါဝင္မွာျဖစ္ပါတယ္။ဒါ့အျပင္ ျမႇန္ႏႈန္းျမႇင့္ အားသြင္းစနစ္နဲ႔ ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္တဲ့ မ်က္ႏွာျပင္ပိုင္းေတြမွာလည္း ကြာျခားမႈေတြရွိလာႏိုင္ပါေသးတယ္။

Redmi Note 9 5G series ေတြကို မိတ္ဆက္တဲ့ရက္မွာပဲ စတင္ေရာင္းခ်ေပးသြားမယ္လို႔ သတင္းေတြ ထြက္ေပၚလ်က္ရွိၿပီး၊ Redmi ရဲ႕ စမတ္နာရီလည္း လာမည့္ ႏိုဝင္ဘာ ၂၆ ရက္ေန႔ မိတ္ဆက္ပြဲမွာ ျမင္ေတြ႕ရဖြယ္ ရွိေနတယ္လို႔ သတင္းမ်ားအရ သိရပါတယ္။

Damien