【 နည်းပညာ 】 5G အတွက် ကင်မရာသုံးလုံးနဲ့ ဒီဇိုင်းဆန်းသစ်ထားတဲ့ Samsung Galaxy Note 10 series

【 နည်းပညာ 】 5G အတွက် ကင်မရာသုံးလုံးနဲ့ ဒီဇိုင်းဆန်းသစ်ထားတဲ့ Samsung Galaxy Note 10 series

Samsung ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ Galaxy Note 10 series ကတော့ အားလုံးမျှော်လင့်စောင့်စားနေတဲ့အချိန်မှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Galaxy Note 10 series ဟာ အရွယ်အစား အနည်းငယ်သေးတဲ့ Galaxy Note 10 နဲ့ အရွယ်အစားကြီးမားပြီး specs အနည်းငယ်ပိုမြင့်တဲ့ Galaxy Note 10+ ဆိုပြီး နှစ်မျိုးထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ 5G Network စနစ်အတွက် ရည်ရွယ်ထားတာဖြစ်ပြီး သြဂုတ်လထဲထွက်ဖို့ ကြေညာထားတာပါ။

Samsung ရဲ့ နာမည်ကျော် ထုတ်ကုန်ဖြစ်တဲ့ Note series စမတ်ဖုန်းတွေဟာ S series လိုပဲ လူကြိုက်များလှပါတယ်။၎င်းရဲ့ ကြီးမားတဲ့မျက်နှာပြင်နဲ့ ထိတွေ့အသုံးပြုနိုင် စာရေးမှတ်နိုင် ပုံကြမ်းတွေဆွဲနိုင်တဲ့ S-Pen ကြောင့်လည်း လူကြိုက်များတာ ဖြစ်ပါတယ်။ယခုထွက်ရှိလာတဲ့ Samsung Galaxy Note 10 series ရဲ့ ပုံစံကတော့ အနည်းငယ် လေးထောင့်ဆန်လာတာ မြင်တွေ့ရပြီး၊ နောက်ဘက်မှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်တပ်ဆင်ထားမှာပါ။ရှေ့ဘက်ကင်မရာကိုတော့ punch-hole ပုံစံ အပေါ်ဘက် အလယ်တည့်တည့်မှာ ထည့်သွင်းပေးထားတာ မြင်တွေ့ရပါတယ်။အနည်းငယ် ရှည်မျောမျောပုံစံ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

Samsung Galaxy Note 10+ ရဲ့ specs ကတော့ Samsung ရဲ့ နာမည်ကျော် 6.8-inch, 1440x3040 resolution ရှိတဲ့ Dynamic AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ အလေးချိန်ကတော့ 198 g ရှိမှာ ဖြစ်ပါတယ်။ Exynos 9825 သို့မဟုတ် Qualcomm Snapdragon 855 chipsets တွေ တပ်ဆင်မောင်းနှင်ပေးထားပြီး၊ RAM ပမာဏကတော့ 12GB ဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏကတော့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ 256/512 GB ဆိုပြီး စိတ်ကြိုက်ရွေးနိုင်မှာပါ။ဒါ့အပြင် microSD ရဲ့ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး 1TB အထိ ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။

ကင်မရာကတော့ နောက်ဘက်မှာ 12MP, 12MP, 16MP ဆိုပြီး သုံးလုံးတွဲ တပ်ဆင်ပေးထားကာ၊ ရှေ့ဘက် selfie ကင်မရာကတော့ 10MP ဖြစ်ပါတယ်။ဘက်ထရီပမာဏကိုတော့ 4300mAh ထည့်သွင်းပေးထားပြီး၊ 45W မြန်နှုန်းမြှင့် အားသွင်းစနစ်လည်း ပါဝင်ကာ၊ လက်ဗွေစနစ်ကိုတော့ မျက်နှာပြင် အောက်ခြေမှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ဒါ့အပြင် 20W ကြိုးမဲ့ အားသွင်းစနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

Samsung Galaxy Note 10 ကတော့ အရွယ်အစား အနည်းငယ်သေးသွားပြီး၊ မျက်နှာပြင်အပိုင်း ပါဝင်တဲ့ RAM, ဘက်ထရီနဲ့ အားသွင်းစနစ်တွေဟာ Note 10+ ထက် အနည်းငယ်နိမ့်သွားတာကို တွေ့ရပါတယ်။ဒါ့အပြင် 256GB သာ ထွက်ရှိမှာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy Note 10 series ကို ဝယ်ယူဖို့အတွက်တော့ ပြည်တွင်းက ဆိုင်တချို့မှာ preorder လက်ခံနေပြီလို့ သိရပြီး၊ အရောင်အသွေးအနေနဲ့ Aura Glow, Aura White နဲ့ Aura Black အရောင်သုံးမျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

Samsung ရဲ႕ ေနာက္ဆုံးထုတ္ကုန္ျဖစ္တဲ့ Galaxy Note 10 series ကေတာ့ အားလုံးေမွ်ာ္လင့္ေစာင့္စားေနတဲ့အခ်ိန္မွာ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

Galaxy Note 10 series ဟာ အ႐ြယ္အစား အနည္းငယ္ေသးတဲ့ Galaxy Note 10 နဲ႔ အ႐ြယ္အစားႀကီးမားၿပီး specs အနည္းငယ္ပိုျမင့္တဲ့ Galaxy Note 10+ ဆိုၿပီး ႏွစ္မ်ိဳးထြက္ရွိလာတာလည္း ျဖစ္ပါတယ္။

ေနာက္ဆုံးထြက္ေပၚလာတဲ့ 5G Network စနစ္အတြက္ ရည္႐ြယ္ထားတာျဖစ္ၿပီး ၾသဂုတ္လထဲထြက္ဖို႔ ေၾကညာထားတာပါ။

Samsung ရဲ႕ နာမည္ေက်ာ္ ထုတ္ကုန္ျဖစ္တဲ့ Note series စမတ္ဖုန္းေတြဟာ S series လိုပဲ လူႀကိဳက္မ်ားလွပါတယ္။၎ရဲ႕ ႀကီးမားတဲ့မ်က္ႏွာျပင္နဲ႔ ထိေတြ႕အသုံးျပဳႏိုင္ စာေရးမွတ္ႏိုင္ ပုံၾကမ္းေတြဆြဲႏိုင္တဲ့ S-Pen ေၾကာင့္လည္း လူႀကိဳက္မ်ားတာ ျဖစ္ပါတယ္။ယခုထြက္ရွိလာတဲ့ Samsung Galaxy Note 10 series ရဲ႕ ပုံစံကေတာ့ အနည္းငယ္ ေလးေထာင့္ဆန္လာတာ ျမင္ေတြ႕ရၿပီး၊ ေနာက္ဘက္မွာ ကင္မရာသုံးလုံးကို ေဒါင္လိုက္တပ္ဆင္ထားမွာပါ။ေရွ႕ဘက္ကင္မရာကိုေတာ့ punch-hole ပုံစံ အေပၚဘက္ အလယ္တည့္တည့္မွာ ထည့္သြင္းေပးထားတာ ျမင္ေတြ႕ရပါတယ္။အနည္းငယ္ ရွည္ေမ်ာေမ်ာပုံစံ ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

Samsung Galaxy Note 10+ ရဲ႕ specs ကေတာ့ Samsung ရဲ႕ နာမည္ေက်ာ္ 6.8-inch, 1440x3040 resolution ရွိတဲ့ Dynamic AMOLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ အေလးခ်ိန္ကေတာ့ 198 g ရွိမွာ ျဖစ္ပါတယ္။ Exynos 9825 သို႔မဟုတ္ Qualcomm Snapdragon 855 chipsets ေတြ တပ္ဆင္ေမာင္းႏွင္ေပးထားၿပီး၊ RAM ပမာဏကေတာ့ 12GB ျဖစ္ပါတယ္။သိမ္းဆည္းႏိုင္မႈပမာဏကေတာ့ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ၿပီး၊ 256/512 GB ဆိုၿပီး စိတ္ႀကိဳက္ေ႐ြးႏိုင္မွာပါ။ဒါ့အျပင္ microSD ရဲ႕ ထည့္သြင္းအသုံးျပဳႏိုင္မွာျဖစ္ၿပီး 1TB အထိ ေထာက္ပံ့ေပးႏိုင္မယ္လို႔ သိရပါတယ္။

ကင္မရာကေတာ့ ေနာက္ဘက္မွာ 12MP, 12MP, 16MP ဆိုၿပီး သုံးလုံးတြဲ တပ္ဆင္ေပးထားကာ၊ ေရွ႕ဘက္ selfie ကင္မရာကေတာ့ 10MP ျဖစ္ပါတယ္။ဘက္ထရီပမာဏကိုေတာ့ 4300mAh ထည့္သြင္းေပးထားၿပီး၊ 45W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လည္း ပါဝင္ကာ၊ လက္ေဗြစနစ္ကိုေတာ့ မ်က္ႏွာျပင္ ေအာက္ေျခမွာ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ဒါ့အျပင္ 20W ႀကိဳးမဲ့ အားသြင္းစနစ္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Samsung Galaxy Note 10 ကေတာ့ အ႐ြယ္အစား အနည္းငယ္ေသးသြားၿပီး၊ မ်က္ႏွာျပင္အပိုင္း ပါဝင္တဲ့ RAM, ဘက္ထရီနဲ႔ အားသြင္းစနစ္ေတြဟာ Note 10+ ထက္ အနည္းငယ္နိမ့္သြားတာကို ေတြ႕ရပါတယ္။ဒါ့အျပင္ 256GB သာ ထြက္ရွိမွာလည္း ျဖစ္ပါတယ္။

Samsung ရဲ႕ Galaxy Note 10 series ကို ဝယ္ယူဖို႔အတြက္ေတာ့ ျပည္တြင္းက ဆိုင္တခ်ိဳ႕မွာ preorder လက္ခံေနၿပီလို႔ သိရၿပီး၊ အေရာင္အေသြးအေနနဲ႔ Aura Glow, Aura White နဲ႔ Aura Black အေရာင္သုံးမ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Damien