【 နည်းပညာ 】 5G iPhones တွေ မြင်တွေ့ရတော့မလား

【 နည်းပညာ 】 5G iPhones တွေ မြင်တွေ့ရတော့မလား

၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာပဲ 5G ကွန်ရက်အသုံးပြု   စမတ်ဖုန်းတွေ အပြိုင်အဆိုင် မိတ်ဆက် လာခဲ့ကြတာ မြင်တွေ့ရပါတယ်။

ယခုတော့ အဆိုပါ 5G ကွန်ရက် စမတ်ဖုန်းတွေဈေးကွက်ကို Apple မှလည်း ပါဝင်ယှဉ်ပြိုင် လာတော့မယ့် သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်လာလျက် ရှိနေပါတယ်။

Apple ရဲ့ ပထမဆုံး 5G ကွန်ရက် စမတ်ဖုန်းကို Apple နဲ့ နာမည်ကျော် chips ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Qualcomm တို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လွန်ခဲ့တဲ့နှစ်က အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။

5G ကွန်ရက်အတွက် Qualcomm ရဲ့ X55 modem ကို iPhones တွေမှာ အသုံးပြုသွား မှာပါ။ ဒါပေမယ့် လက်ရှိသတင်းထွက်ပေါ်မှု အရတော့ Apple အနေနဲ့ 5G နည်းပညာအတွက် Qualcomm အပေါ်မှာ မှီခိုမှုလျှော့ချသွားမယ့် ပုံစံပါပဲ။ဒါ့အပြင် Apple အနေနဲ့ ကိုယ်ပိုင် 5G ကွန်ရက် အင်တာနာတိုင်ကို ဒီဇိုင်းလုပ် တီထွင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းတွေမှာ အင်တာနာတိုင်အနေနဲ့ အရေးကြီးပြီး ဆက်သွယ်ရေး လိုင်းမမိတဲ့နေရာတွေမှာ‌ ရောက်ရှိနေရင် အဆိုပါအင်တာနာတိုင်တွေ လိုင်းဆွဲအား ကောင်းမကောင်းက အရေးကြီး လာပြီ ဖြစ်ပါတယ်။ Apple အနေနဲ့လည်း ၎င်းရဲ့ 5G စမတ်ဖုန်း လိုင်း‌ဆွဲအားကောင်းမွန်ဖို့ အတွက်ဆိုရင် စမတ်ဖုန်းတစ်လုံးမှာ အင်တာနာတိုင် နှစ်ခုလောက်တပ်ဆင်ဖို့ လိုအပ်မှာပါ။

 Qualcomm နဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း ယာယီမျှသာဖြစ်ပြီး၊ အခြားသော chips ကုမ္ပဏီကြီး intel မှလည်း ၎င်းရဲ့ chips တွေ Apple ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။ ဒီအတွက် Apple အနေနဲ့ ကိုယ်ပိုင် 5G အင်တာနာတိုင်ကို အပူတပြင်း ဒီဇိုင်းထွင် ပြုလုပ်နေခဲ့ လည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် iPhones တွေမှာ 5G ကွန်ရက် ထောက်ပံ့လာနိုင်မလား ဆိုတာကတော့ သေချာ တပ်အပ်မပြောနိုင်သေးပါဘူး။ဒါပေမယ့် ပြိုင်ဘက် Samsung နဲ့ Huawei ရဲ့ 5G စမတ်ဖုန်းတွေ မိတ်ဆက်လာမှုနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးတွေရဲ့ ဆက်တိုက်တိုးတက်လာမှုတွေက Apple အတွက် 5G iPhones တွေ ထုတ်လုပ်နိုင်ဖို့ တွန်းအားတစ်ရပ် ဖြစ်လာမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ၂၀၂၀ ခုႏွစ္ ႏွစ္စပိုင္းမွာပဲ 5G ကြန္ရက္အသုံးျပဳ   စမတ္ဖုန္းေတြ အၿပိဳင္အဆိုင္ မိတ္ဆက္ လာခဲ့ၾကတာ ျမင္ေတြ႕ရပါတယ္။

ယခုေတာ့ အဆိုပါ 5G ကြန္ရက္ စမတ္ဖုန္းေတြေဈးကြက္ကို Apple မွလည္း ပါဝင္ယွဥ္ၿပိဳင္ လာေတာ့မယ့္ သတင္းေတြလည္း ဆက္တိုက္ထြက္ေပၚလာလ်က္ ရွိေနပါတယ္။

Apple ရဲ႕ ပထမဆုံး 5G ကြန္ရက္ စမတ္ဖုန္းကို Apple နဲ႔ နာမည္ေက်ာ္ chips ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Qualcomm တို႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ လြန္ခဲ့တဲ့ႏွစ္က အံ့အားသင့္ဖြယ္ ေၾကညာခဲ့ပါတယ္။

5G ကြန္ရက္အတြက္ Qualcomm ရဲ႕ X55 modem ကို iPhones ေတြမွာ အသုံးျပဳသြား မွာပါ။ ဒါေပမယ့္ လက္ရွိသတင္းထြက္ေပၚမႈ အရေတာ့ Apple အေနနဲ႔ 5G နည္းပညာအတြက္ Qualcomm အေပၚမွာ မွီခိုမႈေလွ်ာ့ခ်သြားမယ့္ ပုံစံပါပဲ။ဒါ့အျပင္ Apple အေနနဲ႔ ကိုယ္ပိုင္ 5G ကြန္ရက္ အင္တာနာတိုင္ကို ဒီဇိုင္းလုပ္ တီထြင္ေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

စမတ္ဖုန္းေတြမွာ အင္တာနာတိုင္အေနနဲ႔ အေရးႀကီးၿပီး ဆက္သြယ္ေရး လိုင္းမမိတဲ့ေနရာေတြမွာ‌ ေရာက္ရွိေနရင္ အဆိုပါအင္တာနာတိုင္ေတြ လိုင္းဆြဲအား ေကာင္းမေကာင္းက အေရးႀကီး လာၿပီ ျဖစ္ပါတယ္။ Apple အေနနဲ႔လည္း ၎ရဲ႕ 5G စမတ္ဖုန္း လိုင္း‌ဆြဲအားေကာင္းမြန္ဖို႔ အတြက္ဆိုရင္ စမတ္ဖုန္းတစ္လုံးမွာ အင္တာနာတိုင္ ႏွစ္ခုေလာက္တပ္ဆင္ဖို႔ လိုအပ္မွာပါ။

 Qualcomm နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈကလည္း ယာယီမွ်သာျဖစ္ၿပီး၊ အျခားေသာ chips ကုမၸဏီႀကီး intel မွလည္း ၎ရဲ႕ chips ေတြ Apple ကို ေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့ပါေသးတယ္။ ဒီအတြက္ Apple အေနနဲ႔ ကိုယ္ပိုင္ 5G အင္တာနာတိုင္ကို အပူတျပင္း ဒီဇိုင္းထြင္ ျပဳလုပ္ေနခဲ့ လည္း ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ iPhones ေတြမွာ 5G ကြန္ရက္ ေထာက္ပံ့လာႏိုင္မလား ဆိုတာကေတာ့ ေသခ်ာ တပ္အပ္မေျပာႏိုင္ေသးပါဘူး။ဒါေပမယ့္ ၿပိဳင္ဘက္ Samsung နဲ႔ Huawei ရဲ႕ 5G စမတ္ဖုန္းေတြ မိတ္ဆက္လာမႈနဲ႔ တ႐ုတ္စမတ္ဖုန္းကုမၸဏီႀကီးေတြရဲ႕ ဆက္တိုက္တိုးတက္လာမႈေတြက Apple အတြက္ 5G iPhones ေတြ ထုတ္လုပ္ႏိုင္ဖို႔ တြန္းအားတစ္ရပ္ ျဖစ္လာမွာေတာ့ အေသအခ်ာပဲ ျဖစ္ပါတယ္။

Damien