【 နည်းပညာ 】 64-Megapixel ကင်မရာ ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်လာနိုင်တဲ့ Samsung Galaxy A70S

【 နည်းပညာ 】 64-Megapixel ကင်မရာ ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်လာနိုင်တဲ့ Samsung Galaxy A70S

Samsung မှ Galaxy A70 စမတ်ဖုန်းကို လွန်ခဲ့တဲ့ မတ်လတုန်းက မိတ်ဆက်ခဲ့တာ အားလုံးမြင်တွေ့ပြီး ဖြစ်ကြမှာပါ။

အဆိုပါ စမတ်ဖုန်းဟာ Samsung ရဲ့ Infinity-U မျက်နှာပြင်နဲ့ နောက်ဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Samsung ဟာ ၎င်း Galaxy A70 ကို ကင်မရာအဆင့်မြှင့်တင်ပြီး ၂၀၁၉ ခုနှစ် အလယ်လောက်မှာ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။အဆိုပါ စမတ်ဖုန်းကို Galaxy A70S လို့ အမည်ပေးထားပြီး ကမ္ဘာ့ပထမဆုံး 64-Megapixel ကင်မရာ ပါဝင်လာမယ့် စမတ်ဖုန်းဖြစ်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယခုလအစောပိုင်းတုန်းက Samsung ဟာ ၎င်းရဲ့ 64-Megapixel ထောက်ပံ့မယ့် ကင်မရာ အာရုံခံကိရိယာတွေကို မိတ်ဆက်ခဲ့ပါတယ်။၎င်း 64-Megapixel ISOCELL Bright GW 1 အာရုံခံကိရိယာဟာ အလင်းရောင်နည်းပါးတဲ့ နေရာတွေမှာတောင် 16-Megapixel ရှိတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်မယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် အဆိုပါ အာရုံခံကိရိယာကို Samsung ရဲ့ Tetracell နည်းပညာ အသုံးပြုထားပြီး၊ ထပ်မံထုတ်လုပ်မယ့် Galaxy A70S စမတ်ဖုန်းမှာ စတင်အသုံးပြုသွားနိုင်ချေ ရှိပါတယ်။

ကျနော်တို့ဟာ လက်ရှိ စမတ်ဖုန်းတွေမှာတော့ 48-Megapixel ကင်မရာကိုသာ တွေ့ရှိခဲ့ပြီးပါပြီ၊ အဆိုပါ စမတ်ဖုန်းတွေမှာသုံးတဲ့ ကင်မရာအာရုံခံကိရိယာ အတော်များများကလည်း Samsung နဲ့ Sony တို့က ထုပ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

Samsung Galaxy A70S ရဲ့ ထွက်ရှိမယ့် ရက်ကိုတော့ မသိရသေးပါဘူး။အမှန်တကယ်သာ 64-Megapixel နဲ့ ထွက်ရှိလာမယ်ဆိုရင်တော့ စမတ်ဖုန်း ကင်မရာတွေရဲ့ နည်းပညာတိုးတက်လာမှုကို ကျွန်တော်တို့ မြည်းစမ်းရမှာလည်း ဖြစ်ပါတယ်။

Damien
မတ် - ၂၄

( Zawgyi )

Samsung မွ Galaxy A70 စမတ္ဖုန္းကို လြန္ခဲ့တဲ့ မတ္လတုန္းက မိတ္ဆက္ခဲ့တာ အားလုံးျမင္ေတြ႕ၿပီး ျဖစ္ၾကမွာပါ။

အဆိုပါ စမတ္ဖုန္းဟာ Samsung ရဲ႕ Infinity-U မ်က္ႏွာျပင္နဲ႔ ေနာက္ဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Samsung ဟာ ၎ Galaxy A70 ကို ကင္မရာအဆင့္ျမႇင့္တင္ၿပီး ၂၀၁၉ ခုႏွစ္ အလယ္ေလာက္မွာ ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။အဆိုပါ စမတ္ဖုန္းကို Galaxy A70S လို႔ အမည္ေပးထားၿပီး ကမာၻ႔ပထမဆုံး 64-Megapixel ကင္မရာ ပါဝင္လာမယ့္ စမတ္ဖုန္းျဖစ္လာမယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ယခုလအေစာပိုင္းတုန္းက Samsung ဟာ ၎ရဲ႕ 64-Megapixel ေထာက္ပံ့မယ့္ ကင္မရာ အာ႐ုံခံကိရိယာေတြကို မိတ္ဆက္ခဲ့ပါတယ္။၎ 64-Megapixel ISOCELL Bright GW 1 အာ႐ုံခံကိရိယာဟာ အလင္းေရာင္နည္းပါးတဲ့ ေနရာေတြမွာေတာင္ 16-Megapixel ရွိတဲ့ ဓာတ္ပုံမ်ားကို ႐ိုက္ကူးႏိုင္မယ္လို႔လည္း ဆိုပါတယ္။ဒါ့အျပင္ အဆိုပါ အာ႐ုံခံကိရိယာကို Samsung ရဲ႕ Tetracell နည္းပညာ အသုံးျပဳထားၿပီး၊ ထပ္မံထုတ္လုပ္မယ့္ Galaxy A70S စမတ္ဖုန္းမွာ စတင္အသုံးျပဳသြားႏိုင္ေခ် ရွိပါတယ္။

က်ေနာ္တို႔ဟာ လက္ရွိ စမတ္ဖုန္းေတြမွာေတာ့ 48-Megapixel ကင္မရာကိုသာ ေတြ႕ရွိခဲ့ၿပီးပါၿပီ၊ အဆိုပါ စမတ္ဖုန္းေတြမွာသုံးတဲ့ ကင္မရာအာ႐ုံခံကိရိယာ အေတာ္မ်ားမ်ားကလည္း Samsung နဲ႔ Sony တို႔က ထုပ္လုပ္ထားတာလည္း ျဖစ္ပါတယ္။

Samsung Galaxy A70S ရဲ႕ ထြက္ရွိမယ့္ ရက္ကိုေတာ့ မသိရေသးပါဘူး။အမွန္တကယ္သာ 64-Megapixel နဲ႔ ထြက္ရွိလာမယ္ဆိုရင္ေတာ့ စမတ္ဖုန္း ကင္မရာေတြရဲ႕ နည္းပညာတိုးတက္လာမႈကို ကြၽန္ေတာ္တို႔ ျမည္းစမ္းရမွာလည္း ျဖစ္ပါတယ္။

Damien
မတ္ - ၂၄