【 နည်းပညာ 】 64MP ကင်မရာ ပါလာမယ့် Redmi Note 8 series

【 နည်းပညာ 】 64MP ကင်မရာ ပါလာမယ့် Redmi Note 8 series

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Redmi မှ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေဟာ ဈေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်မြင့်မားတာကြောင့် လူကြိုက်များ ရေပန်စားလှပါတယ်။

Redmi ထုတ်ကုန်တွေဟာ ဈေးချိုပေမယ့်လည်း အခြားသော တန်ဖိုးကြီး အမှတ်တံဆိပ် စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်တာကြောင့်လည်း လူကြိုက်များတာ ဖြစ်ပါတယ်။

ယခုလည်း Redmi မှ ၎င်းရဲ့ ထုတ်ကုန်သစ်ကို သြဂုတ် ၂၉ ရက်နေ့မှာ တရုတ်ပြည်မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။အဆိုပါ ထုတ်ကုန်သစ်ကတော့ အခြားမဟုတ်ပါဘူး Xiaomi နဲ့ Redmi ချစ်သူတွေ မျှော်လင့်စောင့်စားနေရတဲ့ 64MP ကင်မရာ ပါဝင်လာမယ့် Redmi Note 8 series ဖြစ်ပါတယ်။

Redmi Note 8 series ဟာ version နှစ်မျိုး ထွက်ရှိလာမှာဖြစ်ပြီး၊ Redmi Note 8 နဲ့ Redmi Note 8 Pro ဖြစ်ပါတယ်။

Redmi Note 8 Pro မှာတော့ မကြာသေးခင်က မိတ်ဆက်ထားခဲ့တဲ့ MediaTek Helio G90T ဂိမ်းအသားပေး chipset ကို တပ်ဆင်မောင်းနှင်ပေးထားမှာပါ။ကင်မရာပိုင်းကိုတော့ Samsung ရဲ့ ISOCELL Bright GW1 image sensor 64MP ကို အသုံးပြုသွားမှာဖြစ်ပြီး၊ Xiaomi မှ ဖော်ပြထားတဲ့ 64MP ကင်မရာ မိတ်ဆက်ဓာတ်ပုံမှာတော့ 25X zoom အထိ ထောက်ပံ့ပေးထားနိုင်တာကို တွေ့ရပါတယ်။ဘက်ထရီပမာဏကတော့ ယခင်ထွက်ရှိခဲ့တဲ့ Redmi Note series တွေထက် အပြတ်အသတ် သာလွန်သွားပါပြီ 4,500mAh ဘက်ထရီကို တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ 18W မြန်နှုန်းမြှင့် အားသွင်းစနစ်လည်း ထောက်ပံ့ပါဝင်မှာ ဖြစ်ပါတယ်။ရှေ့ဘက် selfie ကင်မရာကိုတော့ notch အတွင်းမှာ တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ စမတ်ဖုန်းရဲ့ အပူချိန်ကို ထိန်းညှိပေးရန်အတွက် Liquid cooling နည်းပညာ ပါဝင်လာမယ်လို့လည်း သိရပါတယ်။

Redmi Note 8 ကတော့ chipset, ကင်မရာနဲ့ ဘက်ထရီပိုင်းတွေမှာ Redmi Note 8 Pro ထက် နှိမ့်ပေးထားပြီး ဈေးနှုန်းလည်း ပိုမိုသက်သာမှာ ဖြစ်ပါတယ်။ Snapdragon 665 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ 48MP အဓိက ကင်မရာနဲ့အတူ 4,000mAh ဘက်ထရီကို ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

လာမယ့် သြဂုတ် ၂၉ ရက်နေ့မှာတော့ Redmi Note 8 နဲ့ Redmi Note 8 Pro တို့ကို မိတ်ဆက်သွားမယ့်အပြင် Redmi TV နဲ့ Redmi book laptop တို့ကိုပါ မြင်တွေ့ရမှာဖြစ်တဲ့အတွက် Redmi ပရိတ်သတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် မိတ်ဆက်ပွဲတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Redmi မွ ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြဟာ ေဈးႏႈန္းခ်ိဳသာၿပီး စြမ္းေဆာင္ရည္ျမင့္မားတာေၾကာင့္ လူႀကိဳက္မ်ား ေရပန္စားလွပါတယ္။

Redmi ထုတ္ကုန္ေတြဟာ ေဈးခ်ိဳေပမယ့္လည္း အျခားေသာ တန္ဖိုးႀကီး အမွတ္တံဆိပ္ စမတ္ဖုန္းေတြကို ယွဥ္ၿပိဳင္ႏိုင္တာေၾကာင့္လည္း လူႀကိဳက္မ်ားတာ ျဖစ္ပါတယ္။

ယခုလည္း Redmi မွ ၎ရဲ႕ ထုတ္ကုန္သစ္ကို ၾသဂုတ္ ၂၉ ရက္ေန႔မွာ တ႐ုတ္ျပည္မွာ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။အဆိုပါ ထုတ္ကုန္သစ္ကေတာ့ အျခားမဟုတ္ပါဘူး Xiaomi နဲ႔ Redmi ခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနရတဲ့ 64MP ကင္မရာ ပါဝင္လာမယ့္ Redmi Note 8 series ျဖစ္ပါတယ္။

Redmi Note 8 series ဟာ version ႏွစ္မ်ိဳး ထြက္ရွိလာမွာျဖစ္ၿပီး၊ Redmi Note 8 နဲ႔ Redmi Note 8 Pro ျဖစ္ပါတယ္။

Redmi Note 8 Pro မွာေတာ့ မၾကာေသးခင္က မိတ္ဆက္ထားခဲ့တဲ့ MediaTek Helio G90T ဂိမ္းအသားေပး chipset ကို တပ္ဆင္ေမာင္းႏွင္ေပးထားမွာပါ။ကင္မရာပိုင္းကိုေတာ့ Samsung ရဲ႕ ISOCELL Bright GW1 image sensor 64MP ကို အသုံးျပဳသြားမွာျဖစ္ၿပီး၊ Xiaomi မွ ေဖာ္ျပထားတဲ့ 64MP ကင္မရာ မိတ္ဆက္ဓာတ္ပုံမွာေတာ့ 25X zoom အထိ ေထာက္ပံ့ေပးထားႏိုင္တာကို ေတြ႕ရပါတယ္။ဘက္ထရီပမာဏကေတာ့ ယခင္ထြက္ရွိခဲ့တဲ့ Redmi Note series ေတြထက္ အျပတ္အသတ္ သာလြန္သြားပါၿပီ 4,500mAh ဘက္ထရီကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး၊ 18W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လည္း ေထာက္ပံ့ပါဝင္မွာ ျဖစ္ပါတယ္။ေရွ႕ဘက္ selfie ကင္မရာကိုေတာ့ notch အတြင္းမွာ တပ္ဆင္ေပးထားမွာျဖစ္ၿပီး၊ စမတ္ဖုန္းရဲ႕ အပူခ်ိန္ကို ထိန္းညႇိေပးရန္အတြက္ Liquid cooling နည္းပညာ ပါဝင္လာမယ္လို႔လည္း သိရပါတယ္။

Redmi Note 8 ကေတာ့ chipset, ကင္မရာနဲ႔ ဘက္ထရီပိုင္းေတြမွာ Redmi Note 8 Pro ထက္ ႏွိမ့္ေပးထားၿပီး ေဈးႏႈန္းလည္း ပိုမိုသက္သာမွာ ျဖစ္ပါတယ္။ Snapdragon 665 chipset နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ 48MP အဓိက ကင္မရာနဲ႔အတူ 4,000mAh ဘက္ထရီကို ထည့္သြင္းေပးထားမယ္လို႔ သိရပါတယ္။

လာမယ့္ ၾသဂုတ္ ၂၉ ရက္ေန႔မွာေတာ့ Redmi Note 8 နဲ႔ Redmi Note 8 Pro တို႔ကို မိတ္ဆက္သြားမယ့္အျပင္ Redmi TV နဲ႔ Redmi book laptop တို႔ကိုပါ ျမင္ေတြ႕ရမွာျဖစ္တဲ့အတြက္ Redmi ပရိတ္သတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ မိတ္ဆက္ပြဲတစ္ခု ျဖစ္လာမွာ ျဖစ္ပါတယ္။

Damien