【 နည်းပညာ 】 90 born တွေ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် Mario ဂိမ်းသစ်

【 နည်းပညာ 】 90 born တွေ ငယ်ဘဝကို ပြန်အမှတ်ရစေမယ့် Mario ဂိမ်းသစ်

သင်ဟာ ၁၉၉၀ ခုနှစ်မှာ မွေးဖွားသူဆိုရင်တော့ Mario ဆိုတဲ့ ဂိမ်းဇာတ်ကောင်လေးကို မေ့မှာမဟုတ်ပါဘူး။

ငယ်စဉ်ကတည်းက family ဂိမ်းစက်တွေမှာ Mario ဂိမ်းလေးကို 90kids တိုင်း စွဲစွဲလန်းလန်း ဆော့ကစားခဲ့ကြမှာ အသေအချာပါပဲ။

လက်ရှိခေတ်ကာလ စမတ်ဖုန်းတွေ တွင်ကျယ်လာတဲ့ ခေတ်မှာတော့ family ဂိမ်းစက်တွေနဲ့ မဆော့ကြတော့ပဲ Android OS (သို့) IOS ကို အခြေခံထားတဲ့ စမတ်ဖုန်းတွေနဲ့သာ ဂိမ်းဆော့နေကြပါပြီ။ယခုတော့ Nintendo မှ Mario ဇာတ်ကောင်လေးကို စမတ်ဖုန်းတွေပေါ် တဖန်ပြန်လည် ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

Nintendo မှ ဂိမ်းချစ်သူတွေ မျှော်လင့်စောင့်စားနေခဲ့ရတဲ့ Mario Kart Tour လို့ အမည်ရ ဂိမ်းလေးကို Apple ရဲ့ IOS နဲ့ Android OS တို့အတွက် ထုတ်လုပ်ပေးလိုက်ပါပြီ။ Mario Kart Tour ဂိမ်းကို IOS  အတွက် Apple Store, Android အတွက်တော့ Google Play Store တို့မှာ အခမဲ့ download ရယူပြီး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Android version က 120MB ပမာဏရှိပြီး၊ IOS ကတော့ 192.8MB ပမာဏပါ၊ ဆော့ကစားနိုင်ဖို့အတွက် အင်တာနက် ချိတ်ဆက်ထားရန်တော့ လိုအပ်မှာဖြစ်ပါတယ်။

Mario Kart Tour ဂိမ်းဟာ အင်တာနက် ချိတ်ဆက်ကာ ကစားရမှာဖြစ်ပြီး၊ သူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက်ကာ multiplayer ယှဉ်ပြိုင်ကစားနိုင်မှာ ဖြစ်ပါတယ်။ Nintendo အကောင့်တစ်ခုဖွင့်ပြီး ဂိမ်းကို log in ဝင်ရောက်ရန် လိုအပ်မှာဖြစ်ပြီး၊ ယခင်ထွက်ရှိခဲ့တဲ့ Mario ဂိမ်းမှ ဇာတ်ကောင်အတော်များများ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

ကားမောင်းယှဉ်ပြိုင် ကစားရတဲ့ပုံစံဖြစ်ပြီး၊ မောင်းနှင်တဲ့ လမ်းတလျှောက်မှာ ထောင်ချောက်ဆင်တာတွေနဲ့ ကစားသူတွေအချင်းချင်း သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရမှာပါ၊ အနိုင်ရရှိရင်တော့ ဇာတ်ကောင်တွေ၊ Kart တွေ၊ ယာဉ်တွေကို အဆင့်မြှင့်တင် စုဆောင်းနိုင်မယ်လို့ သိရပါတယ်။

ငယ်ဘဝကို ပြန်လည်အမှတ်ရ တမ်းတမိစေမယ့် Mario Kart Tour ဂိမ်းလေးကို စက်တင်ဘာ ၂၅ နေ့က စတင်ကစားခွင့်ပြုလိုက်ပြီဖြစ်ပြီး၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အပြည့်နဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။

Damien

( Zawgyi )

သင္ဟာ ၁၉၉၀ ခုႏွစ္မွာ ေမြးဖြားသူဆိုရင္ေတာ့ Mario ဆိုတဲ့ ဂိမ္းဇာတ္ေကာင္ေလးကို ေမ့မွာမဟုတ္ပါဘူး။

ငယ္စဥ္ကတည္းက family ဂိမ္းစက္ေတြမွာ Mario ဂိမ္းေလးကို 90kids တိုင္း စြဲစြဲလန္းလန္း ေဆာ့ကစားခဲ့ၾကမွာ အေသအခ်ာပါပဲ။

လက္ရွိေခတ္ကာလ စမတ္ဖုန္းေတြ တြင္က်ယ္လာတဲ့ ေခတ္မွာေတာ့ family ဂိမ္းစက္ေတြနဲ႔ မေဆာ့ၾကေတာ့ပဲ Android OS (သို႔) IOS ကို အေျခခံထားတဲ့ စမတ္ဖုန္းေတြနဲ႔သာ ဂိမ္းေဆာ့ေနၾကပါၿပီ။ယခုေတာ့ Nintendo မွ Mario ဇာတ္ေကာင္ေလးကို စမတ္ဖုန္းေတြေပၚ တဖန္ျပန္လည္ ေခၚေဆာင္လာခဲ့ၿပီ ျဖစ္ပါတယ္။

Nintendo မွ ဂိမ္းခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနခဲ့ရတဲ့ Mario Kart Tour လို႔ အမည္ရ ဂိမ္းေလးကို Apple ရဲ႕ IOS နဲ႔ Android OS တို႔အတြက္ ထုတ္လုပ္ေပးလိုက္ပါၿပီ။ Mario Kart Tour ဂိမ္းကို IOS  အတြက္ Apple Store, Android အတြက္ေတာ့ Google Play Store တို႔မွာ အခမဲ့ download ရယူၿပီး ေဆာ့ကစားႏိုင္မွာ ျဖစ္ပါတယ္။ Android version က 120MB ပမာဏရွိၿပီး၊ IOS ကေတာ့ 192.8MB ပမာဏပါ၊ ေဆာ့ကစားႏိုင္ဖို႔အတြက္ အင္တာနက္ ခ်ိတ္ဆက္ထားရန္ေတာ့ လိုအပ္မွာျဖစ္ပါတယ္။

Mario Kart Tour ဂိမ္းဟာ အင္တာနက္ ခ်ိတ္ဆက္ကာ ကစားရမွာျဖစ္ၿပီး၊ သူငယ္ခ်င္းေတြနဲ႔လည္း ခ်ိတ္ဆက္ကာ multiplayer ယွဥ္ၿပိဳင္ကစားႏိုင္မွာ ျဖစ္ပါတယ္။ Nintendo အေကာင့္တစ္ခုဖြင့္ၿပီး ဂိမ္းကို log in ဝင္ေရာက္ရန္ လိုအပ္မွာျဖစ္ၿပီး၊ ယခင္ထြက္ရွိခဲ့တဲ့ Mario ဂိမ္းမွ ဇာတ္ေကာင္အေတာ္မ်ားမ်ား ပါဝင္လာမွာလည္း ျဖစ္ပါတယ္။

ကားေမာင္းယွဥ္ၿပိဳင္ ကစားရတဲ့ပုံစံျဖစ္ၿပီး၊ ေမာင္းႏွင္တဲ့ လမ္းတေလွ်ာက္မွာ ေထာင္ေခ်ာက္ဆင္တာေတြနဲ႔ ကစားသူေတြအခ်င္းခ်င္း သူႏိုင္ကိုယ္ႏိုင္ အၿပိဳင္ႀကဲရမွာပါ၊ အႏိုင္ရရွိရင္ေတာ့ ဇာတ္ေကာင္ေတြ၊ Kart ေတြ၊ ယာဥ္ေတြကို အဆင့္ျမႇင့္တင္ စုေဆာင္းႏိုင္မယ္လို႔ သိရပါတယ္။

ငယ္ဘဝကို ျပန္လည္အမွတ္ရ တမ္းတမိေစမယ့္ Mario Kart Tour ဂိမ္းေလးကို စက္တင္ဘာ ၂၅ ေန႔က စတင္ကစားခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး၊ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ အျပည့္နဲ႔ ကစားႏိုင္မွာ ျဖစ္ပါတယ္။

Damien