【 နည်းပညာ 】 Amazfit မှ စမတ်နာရီ မော်ဒယ်လ် ၃ မျိုးကို မိတ်ဆက်

【 နည်းပညာ 】 Amazfit မှ စမတ်နာရီ မော်ဒယ်လ် ၃ မျိုးကို မိတ်ဆက်

လွန်ခဲ့သောနှစ် စက်တင်ဘာလတုန်းက Amazfit မှ ဒုတိယမျိုးဆက် စမတ်နာရီများကို မိတ်ဆက်ခဲ့ပါတယ်။

ယခုနှစ်မှာတော့ တတိယမျိုးဆက် စမတ်နာရီတွေကို မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

Amazfit ဟာ ယခုနှစ်မှာ စမတ်နာရီ မော်ဒယ်လ် ၃ မျိုးကို မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ယခင်နှစ်ကတော့ စမတ်နာရီ မော်ဒယ်လ် ၂ မျိုးကို မိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။

Amazfit မိတ်ဆက်သွားမယ့် စမတ်နာရီ မော်ဒယ်လ် ၃ မျိုးဟာ GTR 3 Pro, GTR 3 နဲ့ GTS 3 တို့ဖြစ်ပါတယ်။

Amazfit GTR 3 Pro

Amazfit GTR 3 Pro ကတော့ ယခုနှစ်မှာ ပါဝင်လာမယ့် စမတ်နာရီ မော်ဒယ်လ်သစ်ဖြစ်ပါတယ်။လုံးဝန်းတဲ့ မျက်နှာပြင်နဲ့အတူ လေယာဉ်ကိုယ်ထည်အဆင့် မာကြောတဲ့ အလူမီနီယမ်ကိုယ်ထည်ကို အသုံးပြုထားမှာဖြစ်ပါတယ်။အနည်းငယ်ကွေးညွတ်ထားတဲ့ ၁.၄၅ လက်မ အရွယ်အစား မျက်နှာပြင်ကို တပ်ဆင်ထားမှာဖြစ်ပြီး၊ အလေးချိန်ကတော့ ၃၂ ဂရမ်ရှိတယ်လို့ သိရပါတယ်။ GTR 3 Pro မှာ အားကစားနည်း အမျိုးပေါင်း ၁၅၀ ပါဝင်မှာဖြစ်ပါတယ်။

Amazfit GTR 3

Amazfit GTR 3 မှာတော့ GTR 3 Pro ရဲ့ အလူမီနီယမ် ကိုယ်ထည်ကိုပဲ ဆက်လက်အသုံးပြုပေးထားပါတယ်။ဒါပေမယ့် မျက်နှာပြင်ကတော့ GTR 3 Pro ထက် အရွယ်အစား အနည်းငယ်သေးငယ်သွားပြီး ၁.၃၉ လက်မ အရွယ်အစားဖြစ်ပါတယ်။ချီးကျူးရမှာကတော့ GTR 3 ရဲ့ ဘက်ထရီသက်တမ်းပဲဖြစ်ပြီး၊ ယခင် ဒုတိယမျိုးဆက် GTR 2 ထက် ၇ ရက်ပိုပြီး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Amazfit GTS 3

Amazfit GTS series ကတော့ လေးထောင့်ပုံစံမျက်နှာပြင်ဖြစ်ပါတယ်။မျက်နှာပြင်ကတော့ ဒုတိယမျိုးဆက်ထက် ပိုမိုကြီးမားလာပြီဖြစ်ပြီး ၁.၇၅ လက်မ အရွယ်အစားဖြစ်ပါတယ်။ဘက်ထရီကတော့ GTR 3 Pro နဲ့ တူညီမှာဖြစ်ပြီး ၁၂ ရက် ပုံမှန်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Damien
အောက်တိုဘာ - ၁၃