【 နည်းပညာ 】 Apple အတွက် OLED မျက်နှာပြင်တွေ ထုတ်‌လုပ်ပေးဖို့ LG ပြင်ဆင်

【 နည်းပညာ 】 Apple အတွက် OLED မျက်နှာပြင်တွေ ထုတ်‌လုပ်ပေးဖို့ LG ပြင်ဆင်

ကိုရီးယားနည်းပညာကုမ္ပဏီကြီး LG ကတော့ စမတ်ဖုန်းဈေးကွက်ကနေ ထွက်ခွာအပြီးမှာတော့ Apple ကုမ္ပဏီရဲ့ ထုတ်ကုန်များအတွက် မျက်နှာပြင်များကို ထုတ်လုပ်ပေးသွားရန် ပြင်ဆင်လျက်ရှိနေပါတယ်။

ယနေ့အထိတော့ Apple ရဲ့ iPhone နဲ့ Apple Watch ထုတ်ကုန်များတွင်သာ OLED မျက်နှာပြင်များကို အသုံးပြုထားတာဖြစ်ပါတယ်။

The Elec မှ ထုတ်ပြန်တဲ့ သတင်းအရတော့ Apple ကုမ္ပဏီအနေနဲ့ ၎င်းရဲ့ iPad series များသို့ OLED မျက်နှာပြင်များကို ယူဆောင်လာဖွယ်ရှိနေပါတယ်။ Apple အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ OLED မျက်နှာပြင်များကို Samsung ရဲ့ ပြိုင်ဘက် ကိုရီးယားနည်းပညာကုမ္ပဏီကြီး LG မှ ထုတ်လုပ်ပေးသွားဖို့ ပြင်ဆင်လျက်ရှိတယ်ဟု ဖော်ပြထားဝာာကို မြင်တွေ့ရပါတယ်။

ဒါပေမဲ့ အနာဂတ် iPad များတွင်တော့ OLED မျက်နှာပြင်များကို မည်သည့် iPad ထုတ်ကုန်များမှာ အသုံးပြုသွားမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Apple ကုမ္ပဏီဘက်က 2021 iPad Pro မှာတော့ mini LED မျက်နှာပြင်ကို အဆင့်မြှင့်တင်ထားတဲ့ သာဓကတော့ရှိခဲ့ပါ‌တယ်။

Apple ရဲ့ OLED မျက်နှာပြင်နဲ့ အဆင့်မြှင့်ထားတဲ့ iPad မော်ဒယ်လ်သစ်တွေကို နွေဦးရာသီမှာ မိတ်ဆက်ပွဲမှာ ထုတ်ဖော်သွားဖွယ်ရှိတယ်လို့ ကောလာဟလများထွက်ပေါ်လျက်ရှိနေပါတယ်။

Damien
Ref - ubergizmo
ဖေဖော်ဝါရီ - ၉