【 နည်းပညာ 】 Brave browser ရဲ့ အချက်အလက်ကာကွယ်ရေး နည်းပညာများကို ဘယ်လိုအသုံးပြုကြမလဲ

【  နည်းပညာ  】 Brave browser ရဲ့ အချက်အလက်ကာကွယ်ရေး နည်းပညာများကို ဘယ်လိုအသုံးပြုကြမလဲ

Brave browser ဟာ ယခုနောက်ပိုင်း ကွန်ပျူတာနဲ့ စမတ်ဖုန်း အသုံးပြု‌သူတွေကြားမှာ ၎င်းရဲ့ အသုံးပြုရ ပေါ့ပါးသွက်လက်မှုနဲ့ ကာကွယ်ရေးနည်းပညာတွေ ပါဝင်တာကြောင့် လူကြိုက်များ လာခဲ့တဲ့ ရှာဖွေရေး browser တစ်ခု ဖြစ်လာခဲ့ပါတယ်။

ကိုယ်ရေးအချက်အလက် ကာကွယ်နိုင်မှု နည်းပညာတွေကြောင့် လူသုံးများလာခဲ့ပေမယ့်လည်း ၎င်းမှာ ပါဝင်တဲ့ နည်းပညာတွေကို မည်သို့မည်ပုံ အသုံးချရမလဲဆိုတာကို ဖော်ပြပေးချင် ပါတယ်။

Brave ဟာ ကျယ်ပြန့်တဲ့ လုံခြုံရေးနည်းပညာကို ထောက်ပံ့ပေးထားပြီး အဆိုပါနည်းပညာကို Shields ဒိုင်းကာလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ဒိုင်းကာမှ သင့်အနေနဲ့ Brave ကို အသုံးပြုတဲ့အခါမှာ ကြော်ငြာတွေကို အသုံးချပြီး ကိုယ်ရေးအချက်အလက် ခိုးယူသူတွေ ထံကနေ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် Brave ဒိုင်းကာကို လုံခြုံရေး ပိုမိုမြင့် မားအောင် သင့်အနေနဲ့ စီမံခန့်ခွဲနိုင်ပါသေးတယ်။

သင့်အနေနဲ့ Brave ဒိုင်းကာရဲ့ လုံခြုံရေးပိုင်းကို စီမံခန့်ခွဲလိုရင် browser စာမျက်နှာရဲ့ ညာဘက်အောက်ထောင့်က စက်သွားပုံကိုနှိပ်ကာ Shields ဆိုတဲ့ ဒိုင်းကာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Shields ဒိုင်းကာထဲကို ဝင်ရောက်လိုက်တာနဲ့ Simple View နဲ့ Advanced View ဆိုပြီး ဆက်တင်နှစ်ခုကို မြင်တွေ့ရမှာပါ။ Advanced View ကို ရွေးချယ်လိုက်ပြီး Home ကို ပြန်သွားလိုက်ရင် address bar ရဲ့ ညာဘက်အပေါ်ထောင့်မှာ Brave ရဲ့ အမှတ်တံဆိပ် ခြင်္သေ့ပုံလေးကို မြင်တွေ့ရမှာဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ်လေးကိုနှိပ်ကာ သင့်အနေနဲ့ ကြော်ငြာတွေနဲ့ အချက်အလက်ခိုးယူသူတွေကို တား‌ဆီးပိတ်ပင်တာတွေ ကာကွယ်ရေး စနစ်တွေ ကို ကိုယ်တိုင်ထိန်းချုပ်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါတွေအပြင် Shields ဒိုင်းကာရဲ့ Advanced View မှာ အခြားသော ကာကွယ်ရေး နည်းစနစ်တွေလည်း ပါဝင်ပါသေးတယ်။

သင့်အနေနဲ့ ဘယ်လိုအမျိုးအစား browser တွေကိုပဲ သုံးသုံး တစ်နေ့တာအသုံးပြုပြီးသွားတာနဲ့ ကိုယ်အသုံးပြုခဲ့တဲ့ ရှာဖွေခဲ့တဲ့ History တွေ လျှို့ဝှက်နံပါတ်တွေကို ရှင်းလင်‌းပေးသင့်ပြီး ကိုယ်ရေးအချက်အလက် ခိုးယူသူ‌တွေထံမှ ကာကွယ်‌သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Damien

(  Zawgyi  )

 Brave browser ဟာ ယခုေနာက္ပိုင္း ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္း အသုံးျပဳ‌သူေတြၾကားမွာ ၎ရဲ႕ အသုံးျပဳရ ေပါ့ပါးသြက္လက္မႈနဲ႔ ကာကြယ္ေရးနည္းပညာေတြ ပါဝင္တာေၾကာင့္ လူႀကိဳက္မ်ား လာခဲ့တဲ့ ရွာေဖြေရး browser တစ္ခု ျဖစ္လာခဲ့ပါတယ္။

ကိုယ္ေရးအခ်က္အလက္ ကာကြယ္ႏိုင္မႈ နည္းပညာေတြေၾကာင့္ လူသုံးမ်ားလာခဲ့ေပမယ့္လည္း ၎မွာ ပါဝင္တဲ့ နည္းပညာေတြကို မည္သို႔မည္ပုံ အသုံးခ်ရမလဲဆိုတာကို ေဖာ္ျပေပးခ်င္ ပါတယ္။

Brave ဟာ က်ယ္ျပန႔္တဲ့ လုံၿခဳံေရးနည္းပညာကို ေထာက္ပံ့ေပးထားၿပီး အဆိုပါနည္းပညာကို Shields ဒိုင္းကာလို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ဒိုင္းကာမွ သင့္အေနနဲ႔ Brave ကို အသုံးျပဳတဲ့အခါမွာ ေၾကာ္ျငာေတြကို အသုံးခ်ၿပီး ကိုယ္ေရးအခ်က္အလက္ ခိုးယူသူေတြ ထံကေန ကာကြယ္ေပးသြားမွာ ျဖစ္ပါတယ္။ဒါ့အျပင္ Brave ဒိုင္းကာကို လုံၿခဳံေရး ပိုမိုျမင့္ မားေအာင္ သင့္အေနနဲ႔ စီမံခန႔္ခြဲႏိုင္ပါေသးတယ္။

သင့္အေနနဲ႔ Brave ဒိုင္းကာရဲ႕ လုံၿခဳံေရးပိုင္းကို စီမံခန႔္ခြဲလိုရင္ browser စာမ်က္ႏွာရဲ႕ ညာဘက္ေအာက္ေထာင့္က စက္သြားပုံကိုႏွိပ္ကာ Shields ဆိုတဲ့ ဒိုင္းကာကို ေ႐ြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။ Shields ဒိုင္းကာထဲကို ဝင္ေရာက္လိုက္တာနဲ႔ Simple View နဲ႔ Advanced View ဆိုၿပီး ဆက္တင္ႏွစ္ခုကို ျမင္ေတြ႕ရမွာပါ။ Advanced View ကို ေ႐ြးခ်ယ္လိုက္ၿပီး Home ကို ျပန္သြားလိုက္ရင္ address bar ရဲ႕ ညာဘက္အေပၚေထာင့္မွာ Brave ရဲ႕ အမွတ္တံဆိပ္ ျခေသၤ့ပုံေလးကို ျမင္ေတြ႕ရမွာျဖစ္ၿပီး အဆိုပါ အမွတ္တံဆိပ္ေလးကိုႏွိပ္ကာ သင့္အေနနဲ႔ ေၾကာ္ျငာေတြနဲ႔ အခ်က္အလက္ခိုးယူသူေတြကို တား‌ဆီးပိတ္ပင္တာေတြ ကာကြယ္ေရး စနစ္ေတြ ကို ကိုယ္တိုင္ထိန္းခ်ဳပ္တာေတြ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ဒါေတြအျပင္ Shields ဒိုင္းကာရဲ႕ Advanced View မွာ အျခားေသာ ကာကြယ္ေရး နည္းစနစ္ေတြလည္း ပါဝင္ပါေသးတယ္။

သင့္အေနနဲ႔ ဘယ္လိုအမ်ိဳးအစား browser ေတြကိုပဲ သုံးသုံး တစ္ေန႔တာအသုံးျပဳၿပီးသြားတာနဲ႔ ကိုယ္အသုံးျပဳခဲ့တဲ့ ရွာေဖြခဲ့တဲ့ History ေတြ လွ်ိဳ႕ဝွက္နံပါတ္ေတြကို ရွင္းလင္‌းေပးသင့္ၿပီး ကိုယ္ေရးအခ်က္အလက္ ခိုးယူသူ‌ေတြထံမွ ကာကြယ္‌သင့္ေၾကာင္း အႀကံျပဳလိုက္ပါတယ္။

Damien