【 နည်းပညာ 】 Game Streaming Service ကို မိတ်ဆက်သွားမယ့် Samsung

【 နည်းပညာ 】 Game Streaming Service ကို မိတ်ဆက်သွားမယ့် Samsung

လွန်ခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲမှာ Note 10 series နဲ့အတူ ကွန်ပျူတာကနေ စမတ်ဖုန်းကို ပြောင်းလဲကစားနိုင်မယ့် Game Streaming Service တစ်ခုကို Samsung မှ ဖော်ပြသွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

အဆို Game Streaming Service ကို Play Galaxy Link လို့ အမည်ပေးထားပြီး လာမယ့် စက်တင်ဘာလမှာ တရားဝင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ကိုရီးယား နည်းပညာဘီလူးကြီး Samsung မှ ၎င်းရဲ့ YouTube Channel မှာ PlayGalaxy Link ရဲ့ ဗီဒီယိုအတိုလေး တင်ထားတာကို မြင်တွေ့ခဲ့ရပြီး ပထမတော့ PC နဲ့ ဆော့ကစားနေရာကနေ နောက်ပိုင်းမှာ Game ခလုတ် တပ်ဆင်ထားတဲ့ Galaxy Note 10 နဲ့အတူ ကွန်ပျူတာမှာ ဆော့နေတဲ့ Game ကို ၎င်းရဲ့ Note 10 စမတ်ဖုန်းနဲ့ ဆော့ကစားပြခဲ့တာကို အဆိုပါ ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ကွန်ပျူတာကနေ စမတ်ဖုန်းမှာ Game ကစားနိုင်ဖို့အတွက် Wifi တစ်ခုတည်းမှာ ချိတ်ဆက်ထားရမှာဖြစ်ပြီး Samsung Account ဖွင့်ထားဖို့ လိုအပ်မှာဖြစ်ကာ PlayGalaxy Link ဆော့ဖ်ဝဲကို ကွန်ပျူတာရော ဖုန်းမှာပါ ထည့်သွင်းထားရမယ်လို့ ဆိုပါတယ်။ PlayGalaxy Link ဆော့ဖ်ဝဲကိုလည်း Windows 10 နဲ့ Android တို့အတွက် ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

 

အဆိုပါ Game Streaming Service ကို Cloud Gaming Company တစ်ခုဖြစ်တဲ့ Parsec နဲ့ Samsung လက်တွဲ လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

Samsung ရဲ့ PlayGalaxy Link ကြော်ငြာဗီဒီယိုလေးမှာ ကစားပြခဲ့တဲ့ ဂိမ်းခလုတ်ကို Glap လို့ အမည်ပေးထားပြီး၊ အားအပြည့်သွင်းပြီး ၁၀ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ကာ ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၁၂၀,၀၀၀ ခန့် ကျသင့်မယ်လို့ သိရပါတယ်။

Damien

( Zawgyi )

လြန္ခဲ့တဲ့ ရက္သတၱပတ္က က်င္းပခဲ့တဲ့ Galaxy Unpacked ပြဲမွာ Note 10 series နဲ႔အတူ ကြန္ပ်ဴတာကေန စမတ္ဖုန္းကို ေျပာင္းလဲကစားႏိုင္မယ့္ Game Streaming Service တစ္ခုကို Samsung မွ ေဖာ္ျပသြားခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။

အဆို Game Streaming Service ကို Play Galaxy Link လို႔ အမည္ေပးထားၿပီး လာမယ့္ စက္တင္ဘာလမွာ တရားဝင္ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။

ကိုရီးယား နည္းပညာဘီလူးႀကီး Samsung မွ ၎ရဲ႕ YouTube Channel မွာ PlayGalaxy Link ရဲ႕ ဗီဒီယိုအတိုေလး တင္ထားတာကို ျမင္ေတြ႕ခဲ့ရၿပီး ပထမေတာ့ PC နဲ႔ ေဆာ့ကစားေနရာကေန ေနာက္ပိုင္းမွာ Game ခလုတ္ တပ္ဆင္ထားတဲ့ Galaxy Note 10 နဲ႔အတူ ကြန္ပ်ဴတာမွာ ေဆာ့ေနတဲ့ Game ကို ၎ရဲ႕ Note 10 စမတ္ဖုန္းနဲ႔ ေဆာ့ကစားျပခဲ့တာကို အဆိုပါ ဗီဒီယိုမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ကြန္ပ်ဴတာကေန စမတ္ဖုန္းမွာ Game ကစားႏိုင္ဖို႔အတြက္ Wifi တစ္ခုတည္းမွာ ခ်ိတ္ဆက္ထားရမွာျဖစ္ၿပီး Samsung Account ဖြင့္ထားဖို႔ လိုအပ္မွာျဖစ္ကာ PlayGalaxy Link ေဆာ့ဖ္ဝဲကို ကြန္ပ်ဴတာေရာ ဖုန္းမွာပါ ထည့္သြင္းထားရမယ္လို႔ ဆိုပါတယ္။ PlayGalaxy Link ေဆာ့ဖ္ဝဲကိုလည္း Windows 10 နဲ႔ Android တို႔အတြက္ ထုတ္ေပးသြားမွာလည္း ျဖစ္ပါတယ္။

အဆိုပါ Game Streaming Service ကို Cloud Gaming Company တစ္ခုျဖစ္တဲ့ Parsec နဲ႔ Samsung လက္တြဲ လုပ္ေဆာင္ထားတာလည္း ျဖစ္ပါတယ္။

Samsung ရဲ႕ PlayGalaxy Link ေၾကာ္ျငာဗီဒီယိုေလးမွာ ကစားျပခဲ့တဲ့ ဂိမ္းခလုတ္ကို Glap လို႔ အမည္ေပးထားၿပီး၊ အားအျပည့္သြင္းၿပီး ၁၀ နာရီၾကာ အသုံးျပဳႏိုင္မွာျဖစ္ကာ ေဈးႏႈန္းအေနနဲ႔ ျမန္မာေငြ ၁၂၀,၀၀၀ ခန႔္ က်သင့္မယ္လို႔ သိရပါတယ္။

Damien