【 နည်းပညာ 】 Google မှ Chrome ဖောက်ထွင်းခံရနိုင်ချေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်

【 နည်းပညာ 】 Google မှ Chrome ဖောက်ထွင်းခံရနိုင်ချေနဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်

အင်္ဂါနေ့က ဘလော့ပို့စ်တစ်ခုတွင် ရှာဖွေရေးကုမ္ပဏီကြီးဟာ Chrome အသုံးပြုသူ ၂.၆ ဘီလျံအား တိုက်ခိုက်ဖောက်ထွင်းခံရမှုများမှ ကာကွယ်ရန် ၎င်းရဲ့ ဆော့ဖ်ဝဲလ်ကို update (အဆင့်မြှင့်တင်မှု) ချက်ချင်းပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။

Google ဘက်က အမြင့်ဆုံးအဆင့် အားနည်းချက် ၅ ခုနှင့် အခြားအားနည်းချက် ၁၁ ခုတို့ကို ရှာဖွေတွေ့ရှိပြီးနောက် ယခုလို ‌တိုက်ခိုက်‌ဖောက်ထွင်းခံရနိုင်ချေ သတိပေးချက်ကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လွတ်လပ်သော သုတေသီများက bug bounty အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အားနည်းချက်များကို ရှာဖွေတွေ့ရှိပြီးနောက် အမေရိကန်နည်းပညာကုမ္ပဏီကြီးဆီသို့ အစီရင်ခံခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ bug bounty အစီအစဉ်ဟာ အဖြူရောင် ဟက်ကာများအတွက် အကျိုးရှိစေပြီး၊ Google ဆော့ဖ်ဝဲလ်များအတွင်း ဖြစ်နိုင်ချေရှိသော ဖောက်ထွင်းမှုအန္တရာယ်များကို ရှာဖွေနိုင်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။

Chrome အသုံးပြုသူများ အန္တရာယ်ကင်းစေရန်အတွက် မိမိတို့ကိုယ်တိုင် စစ်‌ဆေးလို့လည်းရပြီး၊ Setting - Help - About Google Chrome သို့ သွားရောက်စစ်ဆေးနိုင်ကြောင်း၊ အသုံးပြုသူရဲ့ Chrome version ဟာ 95.0.4638.54 (သို့မဟုတ်) ၎င်းထက် ပိုအဆင့်မြင့်ပါက အန္တရာယ်ကင်း‌သည်ဟု Google ဘက်က ထုတ်ပြန်ထားပါတယ်။

ရှာဖွေရေးကုမ္ပဏီကြီးဟာ အသုံးပြုသူများကို ဆိုက်ဘာတိုက်ခိုက် ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ၎င်းရဲ့ Chrome ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်မှုများ မကြာခနပြုလုပ်ပေးလျက်ရှိပါတယ်။

Damien
အောက်တိုဘာ - ၂၅