【 နည်းပညာ 】 Honor မှ စမတ်လက်ပတ်သစ်ကို မကြာခင်ကာလအတွင်း မိတ်ဆက်လာတော့မည်

【 နည်းပညာ 】 Honor မှ စမတ်လက်ပတ်သစ်ကို မကြာခင်ကာလအတွင်း မိတ်ဆက်လာတော့မည်

Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုအဖြစ် ရပ်တည်နေတဲ့ Honor အမှတ်တံဆိပ်မှ စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်လက်ပတ်၊ စမတ်တီဗီနဲ့ အခြားသောစမတ်ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက်ရှိပါတယ်။

ယခုထွက်ပေါ်လာတဲ့ သတင်းတွေအရ Honor မှ Honor Band 6 လို့ အမည်ရတဲ့ စမတ်လက်ပတ်သစ်ကို လာမယ့် နိုဝင်ဘာလအတွင်း မိတ်ဆက်သွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Band လို့ ခေါ်တဲ့ စမတ်လက်ပတ်တွေဟာ ကျန်းမာရေးနဲ့ အားကစားအထောက်ပြု ပစ္စည်းလေးပဲဖြစ်ပြီး၊ ဝတ်ဆင်ထားသူရဲ့ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေ၊ လေ့ကျင့်ခန်းလုပ်ဆောင်မှုတွေကို အကဲဖြတ် မှတ်တမ်းတင်ပေးမှာလည်းဖြစ်ပါတယ်။နာရီကဲ့သို့ လက်မှာပတ်ပြီး ဝတ်ဆင်ရတာဖြစ်ပြီး၊ နှလုံးခုန်နှုန်းတိုင်းတာတာ၊ ခြေလှမ်းအရေအတွက် ရေတွက်ပေးတာ၊ ရေကူး၊ တောင်တက်၊ စက်ဘီးစီး၊ အားကစားတွေကို အကဲဖြတ်ပေးတာနဲ့ အိပ်စက်ချိန်ကို စောင့်ကြည့်ပေးတာတွေလို နည်းပညာတွေပါဝင်တာလည်း ဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း လူငယ်တွေကြားမှာလည်း Band (စမတ်လက်ပတ်‌တွေ) ခေတ်စားလျက်ရှိတာကိုလည်း မြင်တွေ့ရပါတယ်။

သတင်းတွေအရ Honor ရဲ့ စမတ်လက်ပတ်သစ်မှာ မျက်နှာပြင်ကို ရုပ်ထွက်အပြည့်အသုံးပြုလာဖွယ်ရှိနေပြီး၊ ရောင်စုံမျက်နှာပြင် OLED ကို တပ်ဆင်ပေးထားဖွယ်ရှိနေပါတယ်။ Honor အမှတ်တံဆပ်ဘက်က Honor Band 6 အမည်နဲ့ မိတ်ဆက်လာဖွယ်ရှိနေပေမယ့်၊ Huawei ဘက်ကလည်း အဆိုပါ Honor Band 6 ကို အမည်ပြောင်းပြီး Huawei Band 5 အမည်နဲ့ မိတ်ဆက်လာဖို့လည်း ရှိနေပါတယ်။

အကယ်၍ Honor Band 6 သာ ရောင်စုံရုပ်ထွက်အပြည့်နဲ့ ထွက်ပေါ်လာခဲ့ရင် လက်ရှိအောင်မြင်နေတဲ့ Xiaomi ရဲ့  Mi Band 5 အတွက် အကောင်းဆုံးပြိုင်ဘက်ဖြစ်လာမှာ အသေအချာပါပဲ။

Damien

( Zawgyi )

Huawei ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုအျဖစ္ ရပ္တည္ေနတဲ့ Honor အမွတ္တံဆိပ္မွ စမတ္ဖုန္း၊ စမတ္နာရီ၊ စမတ္လက္ပတ္၊ စမတ္တီဗီနဲ႔ အျခားေသာစမတ္ထုတ္ကုန္အမ်ိဳးမ်ိဳးကို ထုတ္လုပ္လ်က္ရွိပါတယ္။

ယခုထြက္ေပၚလာတဲ့ သတင္းေတြအရ Honor မွ Honor Band 6 လို႔ အမည္ရတဲ့ စမတ္လက္ပတ္သစ္ကို လာမယ့္ ႏိုဝင္ဘာလအတြင္း မိတ္ဆက္သြားဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Band လို႔ ေခၚတဲ့ စမတ္လက္ပတ္ေတြဟာ က်န္းမာေရးနဲ႔ အားကစားအေထာက္ျပဳ ပစၥည္းေလးပဲျဖစ္ၿပီး၊ ဝတ္ဆင္ထားသူရဲ႕ ေန႔စဥ္လႈပ္ရွားေဆာင္႐ြက္မႈေတြ၊ ေလ့က်င့္ခန္းလုပ္ေဆာင္မႈေတြကို အကဲျဖတ္ မွတ္တမ္းတင္ေပးမွာလည္းျဖစ္ပါတယ္။နာရီကဲ့သို႔ လက္မွာပတ္ၿပီး ဝတ္ဆင္ရတာျဖစ္ၿပီး၊ ႏွလုံးခုန္ႏႈန္းတိုင္းတာတာ၊ ေျခလွမ္းအေရအတြက္ ေရတြက္ေပးတာ၊ ေရကူး၊ ေတာင္တက္၊ စက္ဘီးစီး၊ အားကစားေတြကို အကဲျဖတ္ေပးတာနဲ႔ အိပ္စက္ခ်ိန္ကို ေစာင့္ၾကည့္ေပးတာေတြလို နည္းပညာေတြပါဝင္တာလည္း ျဖစ္ပါတယ္။လက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာလည္း လူငယ္ေတြၾကားမွာလည္း Band (စမတ္လက္ပတ္‌ေတြ) ေခတ္စားလ်က္ရွိတာကိုလည္း ျမင္ေတြ႕ရပါတယ္။

သတင္းေတြအရ Honor ရဲ႕ စမတ္လက္ပတ္သစ္မွာ မ်က္ႏွာျပင္ကို ႐ုပ္ထြက္အျပည့္အသုံးျပဳလာဖြယ္ရွိေနၿပီး၊ ေရာင္စုံမ်က္ႏွာျပင္ OLED ကို တပ္ဆင္ေပးထားဖြယ္ရွိေနပါတယ္။ Honor အမွတ္တံဆပ္ဘက္က Honor Band 6 အမည္နဲ႔ မိတ္ဆက္လာဖြယ္ရွိေနေပမယ့္၊ Huawei ဘက္ကလည္း အဆိုပါ Honor Band 6 ကို အမည္ေျပာင္းၿပီး Huawei Band 5 အမည္နဲ႔ မိတ္ဆက္လာဖို႔လည္း ရွိေနပါတယ္။

အကယ္၍ Honor Band 6 သာ ေရာင္စုံ႐ုပ္ထြက္အျပည့္နဲ႔ ထြက္ေပၚလာခဲ့ရင္ လက္ရွိေအာင္ျမင္ေနတဲ့ Xiaomi ရဲ႕  Mi Band 5 အတြက္ အေကာင္းဆုံးၿပိဳင္ဘက္ျဖစ္လာမွာ အေသအခ်ာပါပဲ။

Damien