【 နည်းပညာ 】 Huawei မှ Mate 30 series စမတ်ဖုန်းတွေကို မိတ်ဆက်

【 နည်းပညာ 】 Huawei မှ Mate 30 series စမတ်ဖုန်းတွေကို မိတ်ဆက်

Huawei ပရိတ်သတ်တွေ မျှော်လင့်နေခဲ့တဲ့ Mate 30 series ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

ယခုထွက်ရှိလာသော Huawei ရဲ့ နောက်ဆုံးပေါ် Flagship ဖုန်းတွေဖြစ်တဲ့ Mate 30 series ဟာ စွမ်းဆောင်ရည်မြင့်မားရုံမျှသာမက ကင်မရာစွမ်းဆောင်ရည်ကတော့ အကောင်းမွန်ဆုံးသော စမတ်ဖုန်းဖြစ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဂယက်ကြောင့် Huawei ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ Google ရဲ့ services တွေ ပါဝင်လာမှာ မဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း Mate 30 series မှာ Google services တွေ မပါဝင်လာတော့ပါဘူး။ Huawei ကတော့ အနာဂတ်ကာလတွေမှာ Google ကို လက်တွဲဖြုတ်ပြီး သီးခြားရပ်မတည်သွားမယ့် သဘောကိုလည်း မြင်တွေ့ရပါတယ်။

Mate 30 series မှာ Mate 30 နဲ့ Mate 30 Pro ဆိုပြီး နှစ်မျိုးထွက်ရှိလာတာပါ။ဒီဇိုင်းပုံစံအနေနဲ့ မျက်နှာပြင်မှာ လေးထောင့် notch အကွက်ကို ထည့်သွင်းထားပြီး၊ ဘေးနှစ်ဖက်မှာ ခလုတ်တွေမပါဝင်တော့ပဲ မျက်နှာပြင်ကိုကွေးထားတာကို မြင်တွေ့ရပါတယ်။အသံအတိုးအလျှော့ခလုတ်တွေအစား ဘေးမျက်နှာပြင်ကွေးထားတဲ့နေရာမှာ ထိတွေ့ခလုတ်နည်းပညာ touch system ကို အသုံးပြုထားတာပါ။နောက်ဘက်ကင်မရာတွေကိုတော့ စက်ဝိုင်းပုံစံအကွက်ထဲမှာ ထည့်သွင်းပေးထားတာ မြင်တွေ့ရပြီး ဒီဇိုင်းပုံစံကတော့ ယခင် Mate series တွေနဲ့ သိသိသာသာ ကွဲထွက်လာတာကို တွေ့ရပါတယ်။

Huawei ရဲ့ Mate series ဆိုတာနဲ့ ထူးခြားချက်ကတော့ ကင်မရာစွမ်းဆောင်ရည် အလွန်ကောင်းမွန်တာကို တွဲမြင်ရပါတယ်။ယခုထွက်ရှိလာတဲ့ Mate 30 Pro မှာဆို နောက်ဘက်ကင်မရာ ၄ လုံးထည့်သွင်းပေးထားပြီး၊ 40MP ultra wide နဲ့ 40MP Super Sensing wide ကို ပေါင်းစပ်ပေးထားမှုက အရည်အသွေး အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ဗီဒီယိုရိုက်ကူးရာမှာလည်း 4K, 60fps အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ကာ၊ အလင်းရောင်နည်းပါးတဲ့ အနေအထားမှာဆိုရင် ဗီဒီယိုကင်မရာဟာ ISO 52,000 ထိ မြှင့်တင်ပေးမယ်လို့ သိရပါတယ်။ရှေ့ဘက်ကင်မရာကတော့ 32MP ဖြစ်ပါတယ်။

Huawei Mate 30 Pro ကို Kirin 990 chipset နဲ့ မောင်းနှင်ပေးထားပြီး၊ ၆.၅၃ လက်မရှိ ဘေးနှစ်ဖက်ကွေးညွတ် OLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။ဘက်ထရီကိုတော့ 4,500mAh ကို တပ်ဆင်ပေးထားပါတယ်။မမ်မိုရီကတော့ RAM 8GB ထည့်သွင်းပေးထားပြီး၊ သိမ်းဆည်းနိုင်မှု 128GB နဲ့ 256GB ကို ရွေးချယ်နိုင်မှာပါ။ Mate 30 Pro ဟာ 4G နဲ့ 5G ကွန်ယက်နှစ်မျိုး ထွက်ရှိလာမှာဖြစ်ပြီး၊ Mate 30 Pro 4G 8/256GB ကို မြန်မာငွေ ၁,၈၆၅,၀၀၀ ခန့်နဲ့ Mate 30 Pro 5G 8/256 GB ကတော့ မြန်မာငွေ ၂,၀၃၅,၀၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Mate 30 ကတော့ Pro version ထက် မျက်နှာပြင်အနည်းငယ်ကြီးမားသွားကာ notch အကွက်လည်း အနည်းငယ်သေးပါတယ်။ဒါပေမယ့် Mate 30 Pro ထက် ကင်မရာစွမ်းဆောင်ရည်နဲ့ ဘက်ထရီပမာဏတို့မှာ အနည်းငယ်လျှော့ပေးထားပြီး ဈေးနှုန်းပိုသက်သာတာကို မြင်တွေ့ရပါတယ်။ 4G နဲ့ 5G version နှစ်မျိုး ထွက်ရှိပြီး၊ 8/128 GB ကို မြန်မာငွေ ၁,၃၅၆,၀၀၀ ခန့် ကျသင့်မယ်လို့ သိရပါတယ်။

Damien

( Zawgyi )

Huawei ပရိတ္သတ္ေတြ ေမွ်ာ္လင့္ေနခဲ့တဲ့ Mate 30 series ကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။

ယခုထြက္ရွိလာေသာ Huawei ရဲ႕ ေနာက္ဆုံးေပၚ Flagship ဖုန္းေတြျဖစ္တဲ့ Mate 30 series ဟာ စြမ္းေဆာင္ရည္ျမင့္မား႐ုံမွ်သာမက ကင္မရာစြမ္းေဆာင္ရည္ကေတာ့ အေကာင္းမြန္ဆုံးေသာ စမတ္ဖုန္းျဖစ္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲ ဂယက္ေၾကာင့္ Huawei ရဲ႕ ေနာက္ထပ္ထြက္ရွိလာမယ့္ စမတ္ဖုန္းေတြမွာ Google ရဲ႕ services ေတြ ပါဝင္လာမွာ မဟုတ္ဘူးလို႔ သတင္းေတြထြက္ေပၚခဲ့တဲ့အတိုင္း Mate 30 series မွာ Google services ေတြ မပါဝင္လာေတာ့ပါဘူး။ Huawei ကေတာ့ အနာဂတ္ကာလေတြမွာ Google ကို လက္တြဲျဖဳတ္ၿပီး သီးျခားရပ္မတည္သြားမယ့္ သေဘာကိုလည္း ျမင္ေတြ႕ရပါတယ္။

Mate 30 series မွာ Mate 30 နဲ႔ Mate 30 Pro ဆိုၿပီး ႏွစ္မ်ိဳးထြက္ရွိလာတာပါ။ဒီဇိုင္းပုံစံအေနနဲ႔ မ်က္ႏွာျပင္မွာ ေလးေထာင့္ notch အကြက္ကို ထည့္သြင္းထားၿပီး၊ ေဘးႏွစ္ဖက္မွာ ခလုတ္ေတြမပါဝင္ေတာ့ပဲ မ်က္ႏွာျပင္ကိုေကြးထားတာကို ျမင္ေတြ႕ရပါတယ္။အသံအတိုးအေလွ်ာ့ခလုတ္ေတြအစား ေဘးမ်က္ႏွာျပင္ေကြးထားတဲ့ေနရာမွာ ထိေတြ႕ခလုတ္နည္းပညာ touch system ကို အသုံးျပဳထားတာပါ။ေနာက္ဘက္ကင္မရာေတြကိုေတာ့ စက္ဝိုင္းပုံစံအကြက္ထဲမွာ ထည့္သြင္းေပးထားတာ ျမင္ေတြ႕ရၿပီး ဒီဇိုင္းပုံစံကေတာ့ ယခင္ Mate series ေတြနဲ႔ သိသိသာသာ ကြဲထြက္လာတာကို ေတြ႕ရပါတယ္။

Huawei ရဲ႕ Mate series ဆိုတာနဲ႔ ထူးျခားခ်က္ကေတာ့ ကင္မရာစြမ္းေဆာင္ရည္ အလြန္ေကာင္းမြန္တာကို တြဲျမင္ရပါတယ္။ယခုထြက္ရွိလာတဲ့ Mate 30 Pro မွာဆို ေနာက္ဘက္ကင္မရာ ၄ လုံးထည့္သြင္းေပးထားၿပီး၊ 40MP ultra wide နဲ႔ 40MP Super Sensing wide ကို ေပါင္းစပ္ေပးထားမႈက အရည္အေသြး အလြန္ေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္။ဗီဒီယို႐ိုက္ကူးရာမွာလည္း 4K, 60fps အရည္အေသြးရွိ ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မွာျဖစ္ကာ၊ အလင္းေရာင္နည္းပါးတဲ့ အေနအထားမွာဆိုရင္ ဗီဒီယိုကင္မရာဟာ ISO 52,000 ထိ ျမႇင့္တင္ေပးမယ္လို႔ သိရပါတယ္။ေရွ႕ဘက္ကင္မရာကေတာ့ 32MP ျဖစ္ပါတယ္။

Huawei Mate 30 Pro ကို Kirin 990 chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ ၆.၅၃ လက္မရွိ ေဘးႏွစ္ဖက္ေကြးၫြတ္ OLED မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားပါတယ္။ဘက္ထရီကိုေတာ့ 4,500mAh ကို တပ္ဆင္ေပးထားပါတယ္။မမ္မိုရီကေတာ့ RAM 8GB ထည့္သြင္းေပးထားၿပီး၊ သိမ္းဆည္းႏိုင္မႈ 128GB နဲ႔ 256GB ကို ေ႐ြးခ်ယ္ႏိုင္မွာပါ။ Mate 30 Pro ဟာ 4G နဲ႔ 5G ကြန္ယက္ႏွစ္မ်ိဳး ထြက္ရွိလာမွာျဖစ္ၿပီး၊ Mate 30 Pro 4G 8/256GB ကို ျမန္မာေငြ ၁,၈၆၅,၀၀၀ ခန႔္နဲ႔ Mate 30 Pro 5G 8/256 GB ကေတာ့ ျမန္မာေငြ ၂,၀၃၅,၀၀၀ ခန႔္ က်သင့္မွာ ျဖစ္ပါတယ္။

Mate 30 ကေတာ့ Pro version ထက္ မ်က္ႏွာျပင္အနည္းငယ္ႀကီးမားသြားကာ notch အကြက္လည္း အနည္းငယ္ေသးပါတယ္။ဒါေပမယ့္ Mate 30 Pro ထက္ ကင္မရာစြမ္းေဆာင္ရည္နဲ႔ ဘက္ထရီပမာဏတို႔မွာ အနည္းငယ္ေလွ်ာ့ေပးထားၿပီး ေဈးႏႈန္းပိုသက္သာတာကို ျမင္ေတြ႕ရပါတယ္။ 4G နဲ႔ 5G version ႏွစ္မ်ိဳး ထြက္ရွိၿပီး၊ 8/128 GB ကို ျမန္မာေငြ ၁,၃၅၆,၀၀၀ ခန႔္ က်သင့္မယ္လို႔ သိရပါတယ္။

Damien